(8)Unicode(new version)

1.1K 114 1
                                    

မနက်(၅)နာရီလောက်ပဲ ရှိသေးပေမယ့် လွင် ဝီရိယကောင်းစွာ နေခြည်တို့ အိမ်ရှေ့ရောက်နေသည်။ အိမ်အကူ ကောင်မလေးတစ်ယောက်က တံခါးလာဖွင့်ပေးလ်ု့ အိမ်ထဲ ရောက်တဲ့အခါ တစ်ယောက်မှ မတွေ့။

"မမနေခြည်ကို မေမေကြီး သွားနိုးနေလို့ ခဏ ထိုင်စောင့်ပါဦးလို့မှာလိုက်ပါတယ်"

"ရပါတယ်"

ပျာကလက်စိန် တစ်ယောက် အိပ်ယာမနိုးသေးဘူးဆိုတာ ကိုယ် သေချာပေါက်သိတာပေါ့။ သူ့အိမ်ကို အလည်လိုက်ချင်တယ်ဆိုလို့ လာခေါ်ခြင်းပင်။ ကျောင်းပိတ်ရက် တွေတိုင်းမှာ အိမ်ပြန်လေ့ရှိတဲ့ သူ့အတွက်  တခါတလေ ပါလာသည့် ဟင်းတွေ မုန့်တွေကို အပိုင်စီးနေကျ ကောင်မလေးက ကိုယ်တိုင်ကိုယ်ကျ လိုက်လာပြီး မြည်းစမ်းချင်သည်တဲ့လေ။ 

ခဏကြာတော့ ညအိပ်ဝတ်စုံ ခရမ်းနုရောင်လေးနဲ့ ဆင်းလာတဲ့ ကောင်မလေး၊ မျက်နှာသစ်ရုံသာသစ်ထားပြီး ဘာမှ လိမ်းချယ်ခြင်းမရှိတဲ့ ကောင်မလေးဟာ အိပ်ချင်ပြေသေးပုံလည်းမပေါ်။ 

"ဝှား..... လွင် အစောကြီးပါလား "

"အင်း မနက်ပိုင်းစေ◌ျးအမှီသွားရအောင်လေ မုန့်ဆမ်းစားချင်တယ်ဆို" 

"ဟုတ်သားပဲ မေမေ‌ရေ သမီးသွားတော့မယ် တနင်္ဂနွေနေ့ ညနေကျမှ ပြန်လာမှာနော် စိတ်ချ "

"ညည်းကို စိတ်ချတယ် ငါက လွင်တို့တအိမ်သားလုံးအတွက်ပဲ စိတ်ပူတာ ...... လွင်ရေ သမီးမေမေကို ပြောလိုက်ပါဦးနော် အန်တီက ကြိုတောင်းပန်ပါတယ်လို့ အဲ့ဒီ ပျာကလက်စိန် အချိုးမပြောတာရှိရင်လည်း ဆုံးမပါလို့ "

အန်တီက ကြိုတောင်းပန်ရှာသည်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ သူ့နောက်လိုက်လာတဲ့ ကောင်မလေးကတော့ အရေးတောင်မစိုက်၊ ကားပေါ်မှာ အကျအန နေရာယူပြီးပြီ။ ကားစထွက်တော့ အသင့်ဝယ်လာသည့် လက်ဖက်ရည်ချိုချိုလေးကို တိုက်ရပြန်သည်။  နေခြည်လေးက ကော်ဖီထက် လက်ဖက်ရည်ချိုကို ပိုကြိုက်သည်။  စားစရာ ရှိတာစား၊ သောက်စရာရှိတာသောက်ပြီးတော့ ထုံးစံအတိုင်း ထိုင်ခုံကျောမှီကို ချပြီး သက်တောင့်သက်သာ အိပ်ပြန်သည်။ 

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now