(25)Unicode

869 84 0
                                    

နွေယဉ်စွန်းတန်းဟာ တကျော့ပြန်လာတော့မှာမို့ ကောင်းကင်ပြင်မှာ ခါတိုင်းနဲ့မတူစွာ အလင်းရောင်လက်ကျန်တွေရှိဆဲ။ ဝရံတာငယ်မှာ ထိုင်နေတဲ့ နှစ်ယောက်ဟာ အတွေးကိုယ်စီနဲ့ ငေးဆဲ။အနီရေင်နဲ့ အပြာရောင်ရောစပ်ပွင့်နေတဲ့ ပင်မှည့်ပန်းနွယ်ဟာ ဘေးနားမှာ လေယူရာယိမ်းလို့ပေါ့။ အနီးဆုံးကြမ်းပြင်ထက်က ပန်းအိုးကို သောက်လက်စ ရေဗူးထဲက ရေဖြင့်လောင်းရင်း စကားဆိုလာသူက နေခြည်လင်းလက်။

"တို့ကြောင့်ဆိုရင်တော့ မသွားပါနဲ့လား ခတ္တာ"

ဖွင့်ပြောပြီးနောက် အငြင်းခံလိုက်ရလို့ စိတ်ပြေလက်ပျောက်ခရီးထွက်မယ်ထင်လို့ တားနေမိတာ။

"ကျွန်တော်ကတယ်မညာပါဘူး မ,နဲ့ မပတ်သတ်ဘဲ ကျွန်တော့်ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်ပါ"

"တစ်ခုခု အဆင်မပြောရင် ပြောလို့ရတယ်လေ တို့ရော လွင်ရော ကူညီပေးနိုင်ပါတယ်"

ဘာမှမသိလေတဲ့ သူဟာ ဖြူစင်လေတော့ ကိုယ့်ကိုယ်ကိုတောင် လိပ်ပြာမလုံချင်။လေပြေကြောင့် မျက်နှာပေါ်ကို ဝဲကျလာတဲ့ ဆံပင်တွေကို နားရွက်နောက်ပို့လိုက်မိတော့ မ,ရဲ့ ပါးပြင်ဖြူဖြူဟာ နမ်းရှိုက်ချင်စရာပေါ်လာသည်။

"ကျေးဇူးပါ လိုအပ်လာချိန်ကျရင်ပြောပါ့မယ် မ, ကောင်းကောင်းမွန်မွန်နေခဲ့ပါနော် နေမကောင်းလည်းမဖြစ်နဲ့ အလုပ်တွေလည်း ပင်ပင်ပန်းပန်းမလုပ်နဲ့နော်"

"ကလေးရယ် ..... တို့ကိုစိတ်မပူနဲ့ မင်းကိုမင်းသာ အဆင်ပြေအောင်နေပါ"

"မ, ကျွန်တော်မနက်ဖြန် သွားမယ် အဲ့တာ ဒီနေ့ည မနဲ့ နှစ်ယောက်တည်း ညစာစားလို့ရမလား"

"အိုခေလေ ...ဘာစားချင်လဲ ခတ္တာ မင်းကြိုက်တာပြောပါ"

"ဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်"

တကယ်လည်း ဘာပဲစားရစားရသူ ကျေနပ်ပါတယ်။ မ,ပြောသလို စေတနာမေတ္တာတွေနဲ့ ဖန်တီးတဲ့ အစားအသောက်ဆိုတာ မကောင်းဘယ်ရှိပါ့မလဲ။နောက်ဆို ဒီအခွင့်အရေး ခတ္တာဆီမှာ မရှိတော့ဘူးလေ။ အဖြစ်မှန်တွေသိသွားရင် မ,က သူ့ကို စေတနာရော မေတ္တာရောရှိပါတော့မလားပဲ။အခုတော့ သူစားချင်တဲ့ ညစာတနပ်တင်မဟုတ်လေဘဲ အတူတူကုန်ဆုံးရမယ့် အချိန်တွေကိုလည်း မျှော်လင့်မိတာပို့ ဘာမှကျန်တာ မတောင့်တမိ ....တွေးလည်းပူမနေမိ။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now