(24)Unicode

883 99 1
                                    

နေရောင်ကြောင့် အရည်ပျော်လုပျော်ခင်ဖြစ်နေတဲ့ ထင်းရှူးရွက်တွေပေါ်တင်နေသည့် ဆီးနှင်းခဲတွေကို လက်နဲ့ လှုပ်ခါချရင်း တရွေ့ရွေ့လျှောက်နေတဲ့ ကောင်မလေးကြောင့် လမ်းကျဉ်းလေးဟာ တိတ်ဆိတ်မှုတို့ ကြီးစိုးမနေတော့။ တခါတရံ လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ အဝါရောင် နှင်းပန်းတွေကို တွေ့ရင် အပြေးလေးသွားခူးသေးတာမို့ သူ့လက်ထဲမှာ အပန်းရောင်နဲ့ အဝါရောင်နှင်းပန်းခက်တွေက ဆယ့်လေးငါးခက်ထက်မနည်းရှိနေသည်။ စိတ်လွတ်ကိုယ်လွတ် လမ်းလျှောက်ချင်သူလေးဟာ တွေ့ရာမြင်ရာ အလှတရားလေးတွေကိုလည်း အလွတ်မပေးတော့ သူပဲ လိုက်လျောရပြန်တာပေါ့လေ။

"လွင်"

အခုလည်းကြည့် လမ်းကျဉ်းလေးကို နောက်ပြန်လျှောက်ရင်းသူ့ကို လှမ်းမေးလာသည်က...

"ငါလှလား လွင်"

ဂုတ်ထောက်ဆံပင်ပျော့ပျော့ ဝဲဝဲလေးမှာ အနီရောင်ဘယ်ရီအရိုင်းတခက်ကို ပန်ထားသည့် ကောင်မလေးက ကိုယ့်ကို မှော်ကြေးမုံလို့များထင်နေသလား။

"ကမ္ဘာပေါ်မှာ နေခြည်အလှဆုံးပါ"

ရှက်ပြုံးလေးနဲ့ ခေါင်းငုံပြီး ပြုံးလိုက်တဲ့ ကောင်မလေးက လွင့်ကမ္ဘာမှာ အပြည့်စုံဆုံး ဖန်တီးမှု့တစ်ခုပါ။ မနက်ကထိ စိတ်ရှုပ်နေပုံရတဲ့ ကောင်မလေးဟာ ဘာအဆင်မပြေဖြစ်နေမှန်းတော့မသိ။ အခန်းဖော်ချာတိတ်လေးနဲ့ တစ်ခုခုအဆင်မပြေတာများလားလို့ တွေးမိပေမယ့် လွင် ကိုယ်တိုင်လည်း အာရုံမစိုက်ချင်တာမို့ လျစ်လျူရှုထားလိုက်သည်။

"လက်တွေအေးနေတာပဲ"

ရုတ်တရက်အသံနဲ့အတူ လက်ကို လာဆွဲလို့ တွဲသူကြောင့် လွင် မှင်သက်မိသွားသည်။ အခုတော့ သူတို့နှစ်ယောက်က ထင်းရှူးတွေခြံရံထားတဲ့ လမ်းသွယ်လေးမှာ ပခုံးချင်းယှဉ်လို့ လမ်းလျှောက်ဖြစ်ခဲ့ကြပြီ။ ဘေးတိုက်အနေအထားကနေ မြင်ရတဲ့ မျက်နှာပိုင်ရှင်လေးရဲ့ အကြည့်တွေကတော့ လမ်းပေါ်သို့ တစိုက်မတ်မတ်။ လေတစ်ချက်တိုက်လိုက်တိုင်း ဝဲလွင့်သွားတဲ့ ဆံနွယ်တိုတိုလေးတွေကို နားရွက်နောက် သပ်တင်ပေးမိတော့ ကိုယ့်ကို တချက်ကြည့်ပြီး ပြုံးပြသွားတယ်။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now