(16)Zawgi

54 8 0
                                    

လက်ပတ်နာရီကို ငုံ့ကြည့် လိုက်တော့ ညနေ ငါးနာရီထိုးလုပြီမို့ သောက်လက်စ ဆေးလိပ်ကို နင်းချေပြီး ခြေလှမ်းတွေက မြေအောက်ရထား ဘူတာရုံဆီသို့ ဦးတည်လိုက်သည်။ အမေရိကန်လို လွတ်လပ်တဲ့ နိုင်ငံရဲ့ ဘယ်နေရာမှာမဆို သူလို အသက်ပြည့်ပြီးသူတစ်ယောက်အတွက် ညနေ ငါးနာရီဟာ နောက်ကျလို့ မဖြစ်တဲ့ အိမ်ပြန်ချိန်ဆို ရယ်စရာကောင်းနေမလား။ ဒါပေမယ့် သူဟာ သူများနဲ့ မတူ ... အိမ်အပြန်ကို စောင့်ကြိုနေသူ တစ်ဦးတစ်ယောက်ရှိလေသည် မဟုတ်ပါလား။ သူ့ကို စောင့်နေတာ ဟုတ်ဟုတ် မဟုတ်ဟုတ် သူကတော့ အချိန်တန်ရင် ထို တစုံတယောက်ရှိနေတဲ့ အိမ်ကို ပြန်ရောက်ရပါမှ လုံခြုံတယ်လို့ ခံစားရသည်။ သူ့ကို မွေးထားတဲ့ မိဘတွေတောင် မပေးနိုင်တဲ့ လုံခြုံမှု့ထက်ပိုသော နွေးထွေးမှု့ မေတ္တာ တရားတွေကို ပေးစွမ်းသူအား မြတ်နိုးစွာ ခေါ်ဝေါ်မိပါ၏ ..." မ" တဲ့။ရုံးဆင်းချိန်မို့ လူသွားလူလာ ကျပ်တဲ့ မြေအောက်ရထားဟာ သူ့ "မ" ပြောတဲ့ မွေးရပ်မြေက ဘတ်စ်ကားလောက်တော့ မဆိုးဘူးဟု သိရသည်။ နောင်တချိန်ကျရင်တော့ မ နဲ့အတူ မွေးရပ်မြေကို တခါလောက် ရောက်ဖူးချင်သည်။ အတည်တကျတော့ မနေချင်ပါ။ ထိုနိုင်ငံဟာ သူ့အတွက်ရော "မ" အတွက်ပါ နာကျင်စရာ အတိတ်ဆိုးတွေ ရှိနေခဲ့သောကြောင့်ဖြစ်သည်။ ခပ်စိတ်စိတ် စိုက်ထားတဲ့ ဝက်သစ်ချပင်တွေရှိတဲ့ လမ်းငယ်ဟာ သူ့အိမ်ပြန်လမ်း။ နီးလာပြီဖြစ်သော အိမ်သို့ မရောက်ခင် ခြေလှန်း နှစ်ဆယ်လောက် အလို ပါးစပ်ထဲက အချိုကုန်နေသည့် ပီကယ်အား အမှိုက်ပုံးရှာပြီး ထွေးထုတ်ရပြန်၏။ "မ" က ဆေးလိမ်မသောက်ရန် တားမြစ်ထားသည် မဟုတ်ပါလား။ ဆေးလိပ်အနံ့ရမှာ စိုးလို့ ပီကယ်နဲ့ ဖျောက်ပါသော်လည်း လျင်လွန်းသည့် "မ" က ပီကယ်ဝါးတာ တွေ့ရင် သိနေပြန်သည့် အတွက် လက်စဖျောက်ရပြန်သည် ။အကယ်၍ "မ"သာ ဆေးလိပ်ထက် ပိုနက်ရှိုင်းတဲ့ ယစ်မူးဖွယ် တခုကို ပေးလျှင် သူ ဘယ်တော့မှ ဆေးလိပ်ကို ထိတွေ့တော့မည် မဟုတ်။အဆောက်အဦးထဲရောက်တော့ မျက်မှန်းတန်းနေပြီဖြစ်သည့် အိမ်ယာစောင့်ကိုတောင် အပြုံးလေးနှင့် နှုတ်ဆက်ခဲ့သည်။ တကယ်တော့ အရင်က သူဟာ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းတဲ့သူ ။ "မ"နဲ့ တွေ့ပြီးမှ "မ"ရဲ့ ဆုံးမသြဝါဒတွေကြောင့် ဖော့ဖယောင်းလို ပျော့ပြောင်းခဲ့ရသူ။ ဒီလောက်အထိ လွှမ်းမိုးနိုင်စွမ်းရှိပါသည်။ နှစ်ယောက်ထဲ နေပေမယ့် ကျယ်ဝန်းလှတဲ့ တိုက်ခန်းဖွဲ့စည်းပုံကြောင့် အိမ်ထဲ ဝင်ဝင်ချင်း "မ"ကို မတွေ့ရတာဟာ ဘဝင်မကျစရာ ကောင်းလှပါရဲ့။ အညှော်စုပ်စက်တပ်ထားတာတောင် သင်းပျံ့တဲ့ ဟင်းရနံ့တွေကြောင့် "မ" တယောက် မီးဖိုခန်းထဲမှာ ရှိနေကြောင်း သိရတော့ အပြေးလေး ရောက်သွားရသည်။ သူ့ကို ကျောပေးကာ တလှုပ်လှုပ်နဲ့ ချက်ပြုတ်နေသည့် "မ"ဟာ ရင်အေးစရာလေး။"ခတ္တာခင် ငါ့ကို လန့်အောင် လုပ်မလို့ဆို ရပ်တန်းကရပ်နော် ဒီမှာ ကိုင်ထားတာ တွေ့လား အခေါက်ခံရမှ မငိုနဲ့"အသားထိမိလျှင် ယောင်တတ်သည့်အကျင့်ရှိသူ မ ဟာ ယောက်ချိုဇွန်း ကြီး မြှောက်ပြရင်း သူ့ကို သတိပေးလာသည်။ ကျစ် ... တိတ်တိတ်လေး လာတာကို ဘယ်လိုများ သိသွားပါလိမ့်။"ကဲ နှုတ်ခမ်းကြီးဆူပြီး စဉ်းစားခန်းဝင်မနေနဲ့ ရှင် လာတာ ကျွန်မသိသားပဲ ခတ္တာခင်ရဲ့ ခြေသံကိုမှ မသိရင် ကျွန်မ လူမလုပ်တော့ဘူး""မ က လူကို မဟုတ်တော့ပါဘူး သရဲလား ဝိညာဉ်လားပဲ ဒီမှာ ဒီလောက် သတိထားပြီး လာပါတယ်ဆို ခြေသံကို မှတ်မိနေရတယ်လို့ ဟွန့်"သူ့ခြေသံကို မှတ်မိပါတယ်ဆိုတဲ့ "မ"ရဲ့ စိတ်ထဲက သူ့နေရာဟာ အတိုင်းအတာတခုထိ ရှိနေပြီလား။ ဝမ်းသာပေမယ့် ဟန်ဆောင်ကာ စိတ်ဆိုးရင်း ပြောလိုက်တော့ သူ့ဖက်ကို လှည့်လာတဲ့ "မ"ဟာ အပြုံးလေးနဲ့။ "ကဲ စနောက်မနေနဲ့ ကျောင်းမှာ ပင်ပန်းလာတယ်မလား ဒီမှာ အုန်းနို့ခေါက်ဆွဲ ချက်ထားတယ် ခြေလက်ဆေးပြီး လာစား""မ" "ဟင်... ဘာလဲ""ဖက်ထားချင်တယ်""ဟောတော့ ဘယ်လိုဖြစ်ရတာလဲ အထူးအဆန်း"တကယ်တော့ "မ"ကို နှစ်ဆယ့်လေးနာရီလုံး ထိတွေ့နေချင်တာလို့တော့ ထုတ်မပြောဖြစ်။ ပြုံးပြုံးလေးနဲ့ ရပ်နေတဲ့ "မ"ဟာ ငြင်းဆန်တဲ့ ပုံမျိုးလည်း မပေါ်တာကြောင့် ချက်ချင်းပဲ ပြေးဖက်လိုက်သည်။ အင့်ခနဲ ပါလာသည့် ကိုယ်ထည်လေးဟာ ခပ်သေးသေး။နွေးနေတာပဲပြီးတော့ မွှေးလည်း မွှေးတဲ့ ဒီသင်းရနံ့ကို ခတ္တာခင် တစ်ယောက် စွဲလန်းလွန်းလို့ ဘယ်လို လုပ်ရပါ့မလဲ။ပွေ့ဖက်မှုမှာတဏှာရာဂ မပါ အဖြူထည် သပ်သပ်သာ ဖြစ်ပေမယ့် ပိုင်ဆိုင်လိုခြင်းဆိုတဲ့ လောဘနဲ့ အတ္တတွေ ပါတယ်ဆိုတာတော့ ကိုယ်တိုင်ပဲ သိသည်။ ရေချိုးပြီးထွက်လာတော့ ထမင်းစားပွဲပေါ်မှာအငွေ့တထောင်းထောင်းထနေသည့် အုန်းနို့ခေါက်ဆွဲ ပန်းကန်။"ဟယ် ပဲသွေးပါလာတယ်လား မ ဘယ်လိုရှာလာတာလဲ""အချိန်ပိုင်းလုပ်တဲ့ စားသောက်ဆိုင်ကလေ တစ်ထုပ်လောက် ခွဲရောင်းပေးဖို့ပြောတာကိုဒီအတိုင်း ပေးလိုက်တာပဲ"အုန်းနို့ခေါက်ဆွဲမှာ ပဲသွေးက အဓိကမဟုတ်လား။ မ ချက်တဲ့ အစားအစာ အားလုံးက သိပ်အရသာရှိတာ။ အမယ် စုံလင်အောင် မရှာနိုင်တာတောင် ချက်လိုက်တိုင်း အစားအသောက်တွေက အရသာရှိပြီးသားပဲ။အခုလည်း မ ချက်ထားတဲ့ အုန်းနို့ခေါက်ဆွဲက ပျစ်ပျစ်နှစ်နှစ်နဲ့ မြန်မာအရသာအပြည့်ရသည်။"ဝါး တကယ် အရသာရှိတယ် မ ဆိုင်ဖွင့်စားလို့တောင် ရပြီ""တကယ်လားဟင်""ဒါပေါ့ ဘာတွေများ ထည့်ချက်ထားလို့ မ ချက်တဲ့ အစားအစာ တိုင်းက အရသာရှိနေတာလဲမသိဘူး""စေတနာတွေပေါ့""အချစ်တွေရော မပါဘူးလား""ဟား တကယ်ပါပဲ မေးတတ်တယ် ကပ်သီးကပ်သတ်... ပါတာပေါ့ တကယ်တော့ စေတနာဆိုတာချစ်ခြင်းမေတ္တာကို အရင်းခံတာလေမချစ်မနှစ်သက်တဲ့သူကို ဘယ်သူကများ စေတနာ ထားနိုင်ပါ့မလဲနော်""ဟုတ်တာပေါ့ ဒါဆို မက ကျွန်တော့အပေါ်မှာ မေတ္တာရှိနေတာပေါ့နော်""ဟမ်... အင်း အဲ့လို သဘောမျိုးပါပဲ"ခပ်တည်တည်လေးဖြစ်သွားနဲ့ မ ရဲ့ မျက်နှာမှာ ငြင်းဆန်ခြင်းသဘောတရားတွေပါနေတာမို့ သူ ဝမ်းနည်းမိပါရဲ့။ ဘယ်အရာကများ တားဆီးထားသလဲ သိချင်စမ်းပါဘိ။ သို့ပေမယ့် ဒီက နှလုံးသားနဲ့ ရင်းပြီး ချစ်ရသူမို့ မ မျက်နှာ တချက်ပျက်မှာ မလိုလားသူပါ။ ထာဝစဉ် တည်မြဲလေသော အရယ်အပြုံးများ မ မျက်နှာပေါ်မှာ တည်တံ့ပါစေသား။"ဘယ်လိုလဲ မ ကျွန်တော် မြန်မာ စကားသင်တာ အတော်တိုးတက်လာပြီ မဟုတ်လား ဟင်း ...ဟင်း ...""တိုးတက်လာတာပေါ့ကွယ်"ညစာစားပြီးတော့ မက ထုံးစံအတိုင်း အချိန်ပိုင်းအလုပ် သွားဖို့ပြင်သည်။ အလုပ်နဲ့ လက်မပြတ်တတ်သည့် မက အချိန်ပိုင်းအလုပ် သုံးလေးခုလောက်ရှိသည်။ ကျောင်းသားဗီဇာနဲ့မို့ တပတ်ကို နာရီ နှစ်ဆယ် လို့ တရားဝင် သတ်မှတ်ပေးပေမယ့် မ ကတော့ နာရီနှစ်ဆယ်ကမည်မထင်။ တခါတလေ စစ်ဆေးရေးနဲ့ တွေ့လို့ရှိရင် ဒုက္ခရောက်မှာ စိုးလို့ သူ တားမြစ်ပါသော်လည်း လက်မခံ။ စကော်လာအပြည့် ရသည့် ကျောင်းသူမို့ ကျောင်းစရိတ်မပူရသော မ အတွက် ရှာသမျှသည် အသုံးစရိတ်အတွက်သာ။ ထိုအသုံးစရိတ်ဆိုတာ ကလည်း မ သင်ယူနေသည့် ဖက်ရှင်ဒီဇိုင်းပညာရပ်အတွက် လိုအပ်တဲ့ သင်ထောက်ကူ ပစ္စည်းတွေ ဝယ်ယူခြင်းသာဖြစ်သည်။ ဖက်ရှင်ဒီဇိုင်နာ ဖြစ်ချင်သည့် မ သည် နယူးယောက်ဖက်ရှင်ကောလိပ်၏ ထူးချွန်သော ကျောင်းသူတစ်ယောက် ။သူသာ မနဲ့ ကွာခြားစွာ တက္ကသိုလ် ပညာသင်နှစ် သုံးနှစ်ကို တဖုန်းဖုန်းကျနေတာ။ အခုတော့ မကြာခင် မလည်း ဒီကရီဘွဲ့တစ်ခုရပြီး အလုပ်သင်ဖြစ်တော့မှာမို့ သူက ကျန်မနေအောင် စာကြိုးစားရတော့မည်။ ဘွဲ့ရလို့ လုပ်ငန်းခွင် အမြန်ဝင်နိုင်မှ မ အတွက် သူက အရေးပါတဲ့ လူတစ်ယောက်ဖြစ်လာမည် မဟုတ်ပါလား။"ခတ္တာ အခုကနေ ည ကိုးနာရီထိစာကြည့်မယ်နော် ကိုးနာရီ အလုပ်ပြီးမှာဖုန်းဆက်ဆက်လိုက်မယ်စာကြည့်မနေလို့ကတော့ တွေ့မယ်""ဟူး.... နေ့တိုင်းမှာနေတာမငြီးငွေ့သေးဘူးလား မ ကျွန်တော်တောင် အလွတ်ရနေပြီ""ဟွန်း အလွတ်ရတယ်ဆိုတိုင်း ပြောသလိုလုပ်လို့လား အကြောင်းမသိရင် ခက်မယ်""မ မယုံဘူးဆို ထိုင်ကြည့်နေလေ""အမလေး ထိုင်တော့ မကြည့်ပါရစေနဲ့ အဖိုးတန်တဲ့ အချိန်လေးတွေမှာ အလုပ်လုပ်ရမှာပေါ့ ပိုက်ဆံရတယ်လေ""အဲ့ဒီပိုက်ဆံ ကျွန်တော်ပေးမယ်လေ ကျွန်တော့်ကို ထိုင်ကြည့်""ပေါက်ကရတွေတော်ပြီ သွားတော့မယ် တံခါးလာပိတ်""မ ဆယ့်နှစ်မထိုးခင်ပြန်လာခဲ့နော်""ဟုတ်ပါပြီ နတ်သမီးမေမေရယ် ဟောဒီက စင်ဒရဲလားလေး နားထောင်ပါ့မယ်"ခပ်နောက်နောက်လေးပြောပြီး ထွက်သွားတဲ့ မ ဟာ သူ့အတွက် စင်ဒရဲလားမဟုတ်။ သူ့အပိုင် ဘုရင်မတပါး။ မ မသိလို့သာပါ .... ဒီလူက ဘယ်လောက်တောင် မ အတွက် တာဝန်ထမ်းရွက်ချင်နေလဲဆိုတာ။မ ရဲ့ အရိပ်တောင်မမြင်ရတော့မှ သူ အိမ်ထဲ ပြန်ဝင်လာကာ ဆိုဖာပေါ် ခြေချိတ်ထိုင်လိုက်ပြီး လက်တဖက်က ဖုန်းကို ထုတ်ယူကာ နံပါတ်တခုကို ခေါ်လိုက်သည်။"ဟုတ်ကဲ့ပါ မမလေး"တဖက်က အမျိုးသားတစ်ယောက်ရဲ့ ပြန်ဖြေသံ။"မ အိမ်ကနေ ထွက်လာပြီ မိနစ်နှစ်ဆယ်အတိမှာ ဆိုင်ကို ရောက်လိမ့်မယ်""ဟုတ်ကဲ့ပါ မမလေး အရင်ပြောထားသလိုပဲ အဲ့ဒီအချိန်ရောက်မလာခဲ့ရင် မမလေးကို ဖုန်းဆက်ပါ့မယ် စိတ်မပူပါနဲ့ ။လမ်းမှာလည်း ကျွန်တော်တို့ လူတွေ သတင်းပေးပါလိမ့်မယ်""အေး တခုခု ထူးခြားတာ ဖြစ်ရင် အရင်ဆုံး မ ကို ကာကွယ် ပြီးတော့ ဆိုင်မန်နေဂျာကိုလည်းပြောထား မ ကိုအရမ်းပင်ပန်းတဲ့ အလုပ်တွေ မခိုင်းနဲ့လို့ ဟိုနေ့က မ ကို ဟင်းချိုပန်းကန်အပူကြီး သယ်ခိုင်းတဲ့ စာဖိုးမှူးကို အလုပ်ထုတ်ပြီးပြီလား""ဟုတ်ကဲ့ ထုတ်ပြီးပါပြီ မန်နေဂျာကိုလည်း ညွှန်ကြားထားပါတယ် ဒီနေ့က စပြီး မမလေးရဲ့ မ ကို ကောင်တာပဲ ထိုင်ခိုင်းတော့မှာပါ""အိုခေ တော်တယ် ပြီးတော့ အဲ့ဒီက ပြီးရင် ဘားကိုမသွားခင် မ အတွက် အလုပ်လုပ်တာ တော်လို့ ဆုချတာလို့ပြောပြီး ညလယ်စာ အချိုပွဲ စီစဉ်ပေးလိုက်"" ဟုတ်ကဲ့ မမလေး""အော် အချိုပွဲက ချောကလက်ဖျော်ရည် မပါမဖြစ်နော် အင်း ချီစ်ကိတ် ချိုချိုလေးရောပဲ ကျန်တာ သုံးလေးမျိုး စားကောင်းတာ ထည့်လိုက် ပြီးတော့...""ဟုတ်ကဲ့ ပြီးတော့ မစားစားအောင်လည်း ပြောရမယ် ဆိုင်ကနေပြီးလို့ ဘားသွားတဲ့ လမ်းမှာလည်း နောက်ယောင်ခံလူတစ်ယောက် ထည့်ပေးရမယ် ဘားမှာလည်း ဘာမှ မခိုင်းဘဲ စာရင်းပဲ စစ်ခိုင်းရမယ် ထိကပါးရိကပါးလာလုပ်တဲ့သူရှိရင်လည်း တခါထဲ ကျွန်တော်တို့က ရှင်းပစ်ရမယ် ဆယ့်တစ်နာရီခွဲကျရင်လည်း ဘားမန်နေဂျာကိုယ်တိုင် တက္ကစီငှားပြီး ပြန်ပို့ပေးရမယ် မမလေးကိုလည်း ဖုန်းဆက် သတင်းပေးရမယ် ..ဟုတ်တယ်မလား မမလေး နေ့တိုင်းပြောလို့ ကျွန်တော်တို့ သိနေပါပြီဗျာ""အဟမ်း သိရင်ပြီးရော တလွဲလုပ်လို့ကတော့ အသက်နဲ့ကိုယ် အိုးစားကွဲမယ်" တိခနဲဖုန်းချလိုက်ပြီးနောက် ရှက်ရဲရဲ မျက်နှာနဲ့ ခတ္တာခင်တစ်ယောက် စာကြည့်စားပွဲ ရောက်သွားတော့သည်။ သူ့ချစ်ခြင်းမေတ္တာတွေကို ကာယကံရှင်ဖြစ်တဲ့ မ ကလွဲလို့ အားလုံးတောင် သိနေပါရော့လား။ နေခြည်လင်းလက်ရယ် ရှင့်နှလုံးသားက ဘာကြောင့်များ ဒီလောက်အေးစက်နေရတာလဲ...ခတ္တာခင်ကလဲ အစွဲအလမ်းကြီးသား ဒီလိုနဲ့ မဖြစ်သင့်တာတွေဖြစ်မလာခင် ဖြစ်ချင်တာတွေပဲ လုပ်မိမှ ခက်ကုန်ရော့မယ်တတိုင်းမွှေး(7/12/22).........................................................................

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now