(31)Unicode

975 80 4
                                    

ရက်သတ္တပတ်နှစ်ပတ်ခန့်နေပြီးတဲ့ အခါ လွင်တို့အိမ်ကနေ ပြန်လာဖြစ်ခဲ့ကြသည်။ ကျန်ရှိနေသေးသော လက်စသတ်စရာများကို ရှင်းလင်းပြီးရင် အနာဂတ်အတွက် လူကြီးတွေကို စိတ်အေးစေရမယ်လို့ ကတိပေးခဲ့တဲ့အခါ နှစ်ယောက်သားပြန်ရရှိခဲ့တာက ဆုမွန်ကောင်းတွေသာ။

ငယ်ရွယ်စဉ် ငယ်မက်ဟာ ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်တာကိုသိတဲ့ လွင်က နေခြည့်ကို နယူးယောက်ကောလိပ်ကို ပြန်သွားစေချင်တယ်။ လက်ခံလိုက်တဲ့ နေခြည်ဟာလည်း အတူတူ သွားပါမယ်ဆိုတဲ့ ကတိကို ရအောင်တောင်းခဲ့သည်။ နှစ်ပေါင်းများစွာ စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့သူမို့ လွင့်ကို အနားယူစေချင်သည်။

"မင်းနဲ့ အတူရှိချိန်တိုင်းက ကိုယ့်အတွက်အားလပ်ရက်တွေပါနေခြည်ရယ်"

ဒီလိုပြောလာတဲ့ ချစ်ရသူကြောင့် ကျေနပ်ပီတီဖြစ်ရတာလည်း သူကိုယ်တိုင်ပါပဲ။

နှစ်ယောက်သားအတွက်အထုပ်အပိုးတွေပြင်ဆင်ရတာကို အချိန်အတော်လေးပေးလိုက်ရသည်။ သုံးပုံတစ်ပုံလောက်က စားစရာတွေသောက်စရာတွေနဲ့ ပြည့်နေတာတောင် မကျေနပ်နိုင်သူကြောင့် လွင် ကိုယ်တိုင်ပဲ ဝင်လုပ်ရတော့သည်။ လက်ညှိုးလေးတထိုးထိုးနဲ့ ဒီအင်္ကျီလေးထည့်ပေးပါ၊ ဟိုမုန့်ထုပ်တွေပါပြီလားနဲ့ ခိုင်းစားတတ်သူလေးကြောင့် အရင်ချိန်တွေကို ပြန်သတိရမိသေးသည်။

"လွင် မှတ်မိသေးလား မြစ်ဆုံကို သွားတုန်းကလေ..... အတွင်းခံတွေထည့်တဲ့ အိတ်မေ့ကျန်နေလို့ နင်နဲ့ငါ ဟိုတယ်မှာ ရန်ဖြစ်ရသေးတယ်လေ"

အဲ့ဒီတုန်းက အတွင်းဝတ်တွေကို ကြွပ်ကြွပ်အိတ်အနက်နဲ့ ထည့်ပြီးမှ လက်ချ်ဂေ့ထဲကို ထည့်လေ့ရှိသူသည် မုန့်ထုပ်တွေကိုပါ အိတ်အမဲနဲ့ ထည့်ထားတော့ လွင်မှားယူမိတာပေါ့။ အေးစိမ့်နေတဲ့ မြစ်ဆုံမှာ ရေကူပြီးပြန်အလာ ဟိုတယ်ခန်းမှာ အဝတ်လဲမယ်ဆိုမှ အဓိကအရာတွေမပါတော့ နေခြည်လင်းလက်တစ်ယောက် အော်ငိုကာ ရစ်ပြန်သည်။ မနည်းချော့မော့ပြီးထားခဲ့ကာ လွင်ကိုယ်တိုင် အတော်ဝေးသော မြို့ထဲကို ညတွင်းချင်းသွားဝယ်ပေးရလေသည်။ နောက်တော့ သူတို့နှစ်ယောက်ခရီးထွက်တိုင်း လွင်ကပဲ စီစဉ်ကာ လိုအပ်သည်များကို ထည့်သိုပေးရသည်။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now