(15)Unicode

1K 98 0
                                    

အချိန်နာရီတွေက တိုက်စားသွားတဲ့ ပြောင်းလဲခြင်းများစွာက ကိုယ့်ထံမှာ ဖြစ်တည်လာတဲ့တယ်

 နာမည်နဲ့ ကိုယ်ရေးရာဇဝင်တွေ၊ သိပ်ကြိုက်လွန်းလို့ နှစ်ခြိုက်စွာ ကျင့်သုံးလာခဲ့တဲ့ အမူအကျင့်တွေရယ်၊ အရာရာဟာ တကယ်ကို အခြားတစ်ယောက်လိုဖြစ်လာခဲ့တယ်။ ဖြစ်အောင်လည်း ကိုယ်ကြိုးစားခဲ့ရတယ်။

 နောက်ပြန်လှည့်ကြည့်လိုက်တော့ မင်းကို ချစ်တဲ့ ချစ်ခြင်းတရားအပြင် ကိုယ့်မှာ ဘာဆိုဘာမှ မရှိတော့ဘူး နေခြည်ငယ်ရယ်။

နီယွန်မီးရောင်စုံတွေဖြင့် စည်ကားသော မြို့တွင်းတစ်နေရာ .....အချိန်အားဖြင့် သန်းခေါင်ယံကျော်လုဆဲဆဲဖြစ်သည်။

Casino လို့အမည်တပ်ထားတဲ့ အထပ်မြင့်အဆောက်အအုံကြီးရှေ့မှာ အနက်ရောင်ကားတစ်စီးဆိုက်ရောက်လာခဲ့တယ်။ အပေါက်ဝမှာ အဆင်သင့်စောင့်နေတဲ့ လုံခြုံရေးဝန်ထမ်းလေးတစ်ယောက်က ကားတစ်ခါးကို ဖွင့်ပေးလိုက်တဲ့အခါ အရပ်ရှည်ရှည်နဲ့ လူတစ်ယောက်ဆင်းလာတယ်။ အနက်ရောင် ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး ခေါင်းစွပ်ပါဆောင်းထားတာကြောင့် မျက်နှာကိုမမြင်ရ။ မျက်နှာထက်ကို တဝက်တပျက်ဝဲကျနေတဲ့ ဆံနွယ်ရှည်တွေရယ်၊ အမြဲတပ်ဆင်ထားတဲ့ အနက်ရောင် mask ရယ်ကြောင့် အမျိုးသမီးတစ်ယောက်ဖြစ်နိုင်ကြောင်းခန့်မှန်းကြပေမယ့် ကာစီနိုက ဝန်ထမ်းတွေ မျက်နှာကို  မမြင်ဖူးလိုက်ကြပေ။

VIP သီးသန့်လို့ ဆိုင်းဘုတ်ချိတ်ထားတဲ့ ဓါတ်လှေကားကနေတစ်ဆင့် သူ့ရဲ့ ဦးတည်ရာက အဆောက်အဦးထဲက သီးသန့် အခန်းတစ်ခုဆီသို့။ သို့သော် အခန်းထဲမဝင်ခင် တံခါးပေါက်မှာ စောင့်ကြိုနေသူတစ်ဦး....

"ရောက်လာပြီလား လွင် အာဆောရီး"

"အက်သီနာလို့ခေါ်ပါ ကိုကိုကြီး"

"အင်း ကိုယ်ကျင့်သားရအောင် လုပ်ထားပါ့မယ် ပြီးတော့ ပြိုင်ပွဲမစခင် စကားခဏလောက်ပြောလို့ရမလား"

"ရပါတယ် ကိုကိုကြီးဘာပြောမလို့လဲ"

"အင်း ... ညနေကပဲ ငယ်လေး ထွက်သွားပြီ သူအဆင်ပြေမှာပါ"

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now