(17)Unicode

917 91 4
                                    

 မှိန်ပျပျအခန်းငယ်ထဲ သူတစ်ယောက်ထဲ အတွေးတို့က တောင်စဉ်ရေမရ။ ဘာကိုတွေးနေမိမှန်းလည်းသူမသိ။ ဘာကိုငေးနေမိမှန်းလည်းသူမသိ။ စီးကရက်တလိပ်ကို အဖော်ပြုလို့ တမ်းတခြင်းတွေက ပျော်စရာတွေရောက်လာမယ့် မနက်ဖြန် သို့မဟုတ် အနာဂတ်။

ခတ္တာခင် လို့ခေါ်တဲ့ သူမဟာ နာကျင်မှု့များစွာနဲ့ ရှင်သန်ခဲ့ရသူဆိုရင် ဘယ်သူမှ ယုံမည်မဟုတ် ။ ဒါမှမဟုတ် သူမကို ဘယ်သူကမှ သတိမထားမိတာလည်းဖြစ်နိုင်သည်။ မွေးဖွားလာကတည်းက ဖြစ်တည်မှု့ကို ဖုံးကွယ်ခံရတယ်။ လူမှန်းသိတတ်စကတည်းက စွန့်ပယ်ခြင်းခံရတယ်။ အကြောင်းရင်းကတော့ သူမဇစ်မြစ်ဟာ အများသူငှာရှေ့မှာ ထုတ်ဖော်ပြောဆိုခံရဖို့ထိ မထိုက်တန်လို့ပါတဲ့။

"သူတို့ကတော့ ပျော်နေလိုက်တာ "

တီဗီဖန်သားပြင်ပေါ်မှာ လာနေတဲ့ နိုင်ငံတကာသတင်းအစီအစဉ်မှ သတင်းတစ်ပုဒ်။ မိသားစုဖြစ်ဟန်တူသော ဓါတ်ပုံတစ်ပုံမှ သက်ကြီးပိုင်း စုံတွဲတစ်တွဲရယ် သားနှင့်သမီး မြေးမြစ်တွေထိပါပါသော မိသားစုရဲ့ သတင်း။ တခြားမဟုတ် ၎င်းတို့နေထိုင်ရာ နိုင်ငံမှာ ဒေါ်လာသန်းချီတန် အလှူတွေလုပ်လို့ ဂုဏ်ပြုတင်ဆက်ပေးသည့် သတင်း။

"ကျွန်တော်တို့မိသားစုက သိုက်သိုက်ဝန်းဝန်းနဲ့ အခုလိုပဲ အလှူအတန်းတွေဆက်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်ခင်ဗျာ"

"ဘာ.... မိသားစု သိုက်သိုက်ဝန်းဝန်းတဲ့လား ရယ်စရာကောင်းလိုက်တာ"

သာမန်သတင်းတစ်ပုဒ်ကို အားရပါးရလှောင်ရယ်နေသော သူမကို တခြားသူတွေသာသိရင် ဘယ်လိုထင်ကြမလဲ။

အသားကျလာတဲ့ နာကျင်မှု့တွေက ထဖောက်လာတဲ့အခါ အတိတ်က ဒါဏ်ရာတွေနဲ့ ကုစားလိုက်တယ် ပျော်ရွှင်ခြင်းတွေလျော့ပါးသွားပေမယ့် အသက်ဆက်ရှင်ဖို့တော့ လုံလောက်ပါရဲ့။ အကြောင်းရင်းက ခင်ဗျားဖြစ်နေတာကြောင့်ပါ နေခြည်လင်းလက် ဆိုတဲ့ အမျိုးသမီးရေ။

အိမ်တံခါး passwordရိုက်နှိပ်သံကို ကြားလိုက်ရတဲ့ တခဏ တီဗီကို ရုတ်ချည်းပိတ်လိုက်ကာ တံခါးဆီထပြေးလိုက်သည်။ ကျလုဆဲဆဲ မျက်ရည်တွေက လွင့်ပြယ်သွားပြီ။ အချစ်က အဲ့လောက်တောင် တန်ခိုးကြီးတယ်။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now