(18)Zawgi

63 7 0
                                    

မှောင်မည်းမည်းအခန်းထဲဝယ် လက်ပြန်ကြိုးတုပ်ခံထားရသည့်အမျိုးသမီးတစ်ဦးဟာ အေးစက်စက်ကြမ်းပြင်ပေါ်မှာ မှောက်လျှက်သားအနေအထားနဲ့ မေ့မြောနေသည်။ တစ်ခုတည်းသော အဝင်ပေါက်ကနေ ဝင်ရောက်လာတာက အနက်ရောင်ဝတ်စုံတွေဝတ်ဆင်ထားသည့် လူတစ်စု။ လက်ထဲမှာလည်း သံပိုက်လုံးတွေကိုင်ထားသေးသည်။"ခုံပေါ်တင်လိုက် ပြီးရင် ရေတပုံးလောင်းချလိုက်"အမျိုးသားတစ်ယောက်က ခိုင်းသည့်အတိုင်းကျန်သူများက လိုက်လုပ်ကြရသည်။ ရေလောင်းခံလိုက်ရတဲ့အတွက် ကြိုးတုပ်ခံထားရသည့် အမျိုးသမီးမှာ ဒဏ်ရာတွေကြားမှ သတိရလာသည်။"သတိရလာပြီလား"ရေလောင်းခိုင်းသည့် လူက မေးလိုက်တော့ မထီမဲ့မြင်ဟန်နှင့် ပြန်ကြည့်ပြီး"မင်းတို့က ငါဘယ်သူဆိုတာ မသိလို့ လာထိတာလား"ဖြန်းလက်ပြန်ရိုက်ခြင်းခံလိုက်ရသည့် အမျိုးသမီး။ လည်ထွက်သွားသော ပါးပြင်နှင့် ကြမ်းပြင်ပေါ်သို့ သွေးတပွက်အန်ကျသွားလေသည်။"အဟက် ....ခင်ဗျားဘယ်သူလဲဆိုတာ သိသားပဲ ... အာဏာရူးနေတဲ့ အဖိုးကြီးတစ်ယောက်ရဲ့ နောက်လိုက်ခွေးလေ""မင်းတို့သေချင်နေတာလား""ကျုပ်တို့လည်းမသေချင်သလို ခင်ဗျားကိုလည်း မသတ်ရက်ပါဘူး ....ကျုပ်တို့က ခင်ဗျားကို ပြစရာ တစ်ခုရှိတယ် စိတ်ဝင်စားလောက်မှာပါ"ထို့နောက် ဓါတ်ပုံသုံးလေးပုံဟာ သူမမျက်စိရှေ့သို့ရောက်လာသည်။"ဒါက ခင်ဗျားရဲ့ အမေနဲ့ အဖေ၊ ပြီးတော့ တစ်ဦးတည်းသော မောင်လေး၊ ပြီးတော့ ဒီတစ်ယောက်က ခင်ဗျားရဲ့ တိတ်တိတ်ပုန်းမွေးထားတဲ့ သမီးလေး အင်း အပြည့်အစုံပြောရရင် ခင်ဗျားကျွန်ခံနေတဲ့ အဖိုးကြီးနဲ့ ရတဲ့ ကလေး ဟုတ်တယ်မလား""မင်းတို့ ဘာလိုချင်လို့လဲ""ပြောကြည့် ကျုပ်တို့ဘာလိုချင်မယ်ထင်လဲ ... ခင်ဗျားလို လူတစ်ယောက်ဆီမှာ ဘာအဖိုးတန်တာရှိလို့လဲ မိသားစုက လွဲပြီးမရှိဘူးမလား""ငါ့မိသားစုကို မထိနဲ့""ဟက် ခင်ဗျားလို လူကိုတောင် ဒီလိုဖမ်းချုပ်ပြီး လက်စဖျောက်နိုင်သေးတာ ခင်ဗျားမိသားစုက ဘာမို့လို့လဲ""ငါ ငါ အကုန်လုံးလုပ်ပေးမယ် ဘာပဲဖြစ်ဖြစ် မင်းတို့လိုချင်တာ အကုန်လုပ်ပေးမယ်""တော်သားပဲ ခင်ဗျားက ပါးနပ်တယ် ....ဒါဆို ကျုပ်တို့ အပေးအယူဖြစ်ပြီနော်""ပြော ငါ ဘာလုပ်ပေးရမှာလဲ""အဟက် လွယ်ပါတယ် ခင်ဗျားအဖိုးကြီးဆီက သတင်းအချက်အလက်နည်းနည်းပါးပါးပေါ့""မင်းတို့ ငါ့ကိုသူလျိုလုပ်ခိုင်းနေတာလား""အင်း ဆိုပါတော့ .....သူလျိုပဲဖြစ်ဖြစ် သတင်းပေးပဲဖြစ်ဖြစ် အဲ့ဒီအဖိုးကြီး လုပ်သမျှ ကိုင်သမျှအားလုံးကို သတင်းပို့ပေး ဘယ်လိုလဲ လွယ်တယ်မလား""အင်း ငါသဘောတူတယ် အဲ့ဒါကြောင့် ငါ့မိသားစုကို လာမထိနဲ့""စိတ်ချ ခင်ဗျား လိမ္မာသရွေ့ ကျုပ်တို့က ကတိတည်တယ် .... ကောင်လေးတွေ ဒီအစ်မကြီးကို လွှတ်ပေးလိုက် သူ့အိမ်အထိပါ ဘေးမသီရန်မခ ပို့ပေးလိုက်"အမျိုးသမီးကို ကျန်တဲ့လူတွေတွဲထုတ်သွားတော့မှ ထိုအမျိုးသားသည် ကပ်လျှက်က အခန်းထဲသို့ဝင်လာခဲ့တော့သည်။ တဖက်ခန်းမှာ ရှိနေသည်က ကွန်ပျူတာစခရင်ပေါင်းများစွာမှ အဆိုပါအဆောက်အဦးထဲရှိ လှုပ်ရှားမှုမှန်သမျှကို ထိုင်ကြည့်နေသူ အမျိုးသမီးတစ်ယောက်။"အက်သီနာ ခိုင်းတဲ့ အတိုင်းလုပ်ပြီးပါပြီ"ဟုတ်ပါတယ် သူမက လွင်မီမီခိုင်မဟုတ်တော့တဲ့ အက်သီနာ။"Nano GPSထည့်လိုက်တယ်မလား""ဟုတ်ကဲ့ သတိမေ့နေတုန်းက လက်မောင်းကနေ အပ်နဲ့ထိုးထည့်လိုက်ပါတယ်""နည်းပညာအဖွဲ့ခေါင်းဆောင်""ဟုတ်ကဲ့ ကျွန်တော်ရှိပါတယ် အက်သီနာ"ခေါ်သံအဆုံးမှာ မျက်မှန်တပ်ထားသည့် လူတစ်ယောက်က သူမနောက်ကျောဖက် တနေရာမှ ထွက်လာသည်။"အဲ့ဒီအမျိုးသမီး သွားလေ့ရှိတဲ့နေရာတွေ ပြောသမျှစကားတွေကို လုံခြုံရေးအဖွဲ့ကို အချိန်မပြတ်တင်ပြပေးပါ ပြီးတော့ ကျွန်မဆီကို ထူးခြားရင် သတင်းပို့ပါ""ဟုတ်ကဲ့ပါ အက်သီနာ""အားလုံးသွားလို့ရပါပြီ"အခန်းထဲမှ လူအားလုံးသည် အက်သီနာ့အမိန့်ရသည်နှင့် အခန်းထဲက ထွက်ခွာသွားကြတော့သည်။ သို့ပေမယ့် ကျန်နေခဲ့သူက နည်းပညာအဖွဲ့ခေါင်းဆောင် ..."ဘာပြောစရာရှိသေးလို့လဲ""အက်သီနာ ကျွန်တော် တင်ပြစရာတစ်ခုရှိပါတယ်""ဘာလဲ""လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်တော်တို့ ဆာဗာမှာ လာမိတဲ့ သဲလွန်စတစ်ခုရှိပါတယ်""ဘာအကြောင်းလဲ""မမလေးနေခြည်ရဲ့ ကိုယ်ရေးရာဇဝင်ကို လာရှာတာပါ ID address က U.S က ဟက်ကာတစ်ယောက်ပါ""အဲ့တာကို ဘာလို့အခုမှပြောတာလဲ""အဲ့ တကယ်တော့ ကျွန်တော်တို့သိသိချင်း အမတ်မင်းကို ပြောခဲ့ပါတယ် အမတ်မင်းက အရေးမကြီးဘူးဆိုလို့ပါ အခုက အခုက အက်သီနာ့ကိုလည်း ပြောသင့်တယ်လို့ ကျွန်တော်တို့ ထင်လို့ပါ""ကျစ်... ထားလိုက် ဘာဆက်ဖြစ်လဲပြော""တော်သေးတာက ကျွန်တော်တို့ဖန်တီးထားတဲ့ နေခြည်လင်းလက်နောက်တစ်ယောက်ရဲ့ ပရိုဖိုင်ကိုပဲ ရသွားပါတယ် ဒါပေမယ့် သံသယရှိတာက အဲ့ဒီဟက်ကာပို့တဲ့ တဆင့်မေးလ်ကနေ တည်နေရာရှာကြည့်တော့ မမလေး လက်ရှိနေနေတဲ့ နေရာကိုပြပါတယ် ဆိုလိုတာက မမလေးကိုယ်တိုင်ကတော့ သူ့အကြောင်းသူစုံစမ်းမှာ မဟုတ်လောက်ဘူးဆိုတော့ ...""သဘောပေါက်ပြီ ... နေခြည်နဲ့ အတူနေတဲ့ အခန်းဖော်ကို ပြန်စစ်ဆေးစမ်း မြန်မြန်လေး""ဟုတ်ကဲ့ အခုလုပ်လိုက်ပါ့မယ်"နည်းပညာအဖွဲ့ခေါင်းဆောင် ကချက်ချင်းနေရာမှာပဲ သူ့ကွန်ပျူတာကို ဖွင့်လျှက် လုပ်စရာရှိတာတွေ လုပ်နေစဉ် အက်သီနာတစ်ယောက် ဖုန်းကောလ်တစ်ခုကို ခေါ်လျှက်........"ဟေး ငါပါ အက်သီနာ တစ်ခုလောက်ကူညီပေးပါ"................"လိပ်စာတစ်ခုပို့လိုက်မယ် အဲ့ဒီမှာနေတဲ့ မိန်းကလေးကို ရှဲဒိုးလိုက်ပေး ...အင်း ...ဓါတ်ပုံပါ ပို့လိုက်မယ် ..အိုခေ စိတ်ချမယ်နော် အင်း အခု ပိုက်ဆံလွှဲပေးမယ်"ဖုန်းချပြီးနောက် နယူးယောက်က တိုက်ခန်းတစ်ခုလိပ်စာနဲ့ ဓါတ်ပုံတစ်ပုံကိုပါ အက်သီနာ ပို့ပေးလိုက်သည်။ အချိန်အနည်းငယ် ကြာသွားသည့်တိုင် နည်းပညာအဖွဲ့ခေါင်းဆောင်မှာ ချွေးတလုံးလုံးနဲ့ လက်ချောင်းတွေက ကွန်ပျုတာ ကီးဘုတ်ပေါ်ပြေးလွှားနေဆဲ။"ဘယ်လိုလဲ ဘာထူးလဲ""မထူးသေးပါဘူး အက်သီနာ ဘယ်လောက်ပဲရှာရှာ ခတ္တာခင်ဆိုတဲ့ကောင်မလေးက အမေရိကန်- မြန်မာကပြား အဖေက အမေရိကန်လူမျိုးကျောင်းဆရာ အမေက အမေရိကန်ဖွား မြန်မာလူမျိုး ပန်းချီဆရာမ လွန်ခဲ့တဲ့ ဆယ်နှစ်က ကားမှောက်သေဆုံးခဲ့တယ်ဆိုတဲ့ အကြောင်းကလွဲပြီး ဘာမှထွက်မလာပါဘူး""အဲ့ဒီကောင်မလေးရဲ့ မေးလ်ကို hack လို့ရလား""ရပါတယ် ဒါပေမယ့် ဘာသဲလွန်စမှ မကျန်အောင်ကို ဖျက်ထားတယ် ကြည့်ရတာ သူလည်း တစ်ခုခုကို ကြိုတင်ကာကွယ်ထားပုံပဲ""မရိုးသားဘူး လုံးဝကို မရိုးသားဘူး တစ်ခုခုလုပ်စမ်းပါ သူဘယ်သူလဲ ဘာတွေလုပ်နေလဲ ရအောင် စုံစမ်းစမ်းပါ""ကျွန်တော်တို့ရအောင်စုံစမ်းပါ့မယ့် အက်သီနာ အချိန်နည်းနည်းလောက်ပေးပါ""အင်း မြန်မြန်တော့လုပ် သွားတော့"နည်းပညာခေါင်းဆောင် ထွက်သွားတော့ အက်သီနာတစ်ယောက်တည်းအခန်းထဲမှာ ကျန်ခဲ့သည်။အခုကစပြီး အဆင်ပြေပြီထင်နေတာလေ ဘာကြောင့်များလဲ နေခြည်ရယ် မင်းကို ဘယ်နေရာမှာ ကိုယ်ဖွက်ထားရပါ့..................................................................................................................မြို့စွန်က အိမ်ယာဝန်းထဲရောက်တော့ အက်သီနာကားကို အရှိန်လျှော့လိုက်သည်။ အိမ်ယာလုံခြုံရေးက လာရောက်စစ်ဆေးပြီးတော့မှ ဝင်ခွင့်ကတ်ကို ထုတ်ပေးသည်။ တကယ်တော့ ဒီအိမ်ယာဝန်းကို သူမပိုင်သည့်တိုင် လုံခြုံရေးကတော့ တင်းကျပ်ဆဲ။ အပေါ်ဆုံးထပ် ဓါတ်လှေကားက ဆင်းတော့ Penth Houseကို တန်းရောက်သည်။ လက်ဗွေနဲ့ ဖွင့်ရသော တံခါးကို ဖွင့်လို့ရနိုင်သူက သုံးယောက်တည်းသာ။ခွမ်းအိမ်ထဲဝင်ဝင်ချင်း ကြားလိုက်ရသော တစ်ခုခုကျကွဲသံကြောင့် အက်သီနာ့ရဲ့ လေလွင့်နေသော စိတ်တွေပြန်စုစည်းမိသွားသည်။ အသံလာရာကြည့်လိုက်တော့ ဧည့်ခန်းအလည်က စားပွဲမှာ သစ်သီးစုံတစ်ပွဲ၊ ဝိုင်တစ်ပုလင်းနဲ့ ဘာလုပ်နေကြမှန်းမသိသော လူနှစ်ယောက်။ သူမဝင်လာတာကိုမြင်တော့ ကြောင်တောင်တောင်နဲ့ ပြန်ကြည့်နေသော ကိုကိုကြီး၊ ဘေးနားမှာ ကျကွဲသွားတဲ့ ဝိုင်ခွက်ကို မျက်တောင်မခတ်တမ်းကြည့်နေသည့် အမတ်မင်း။"ဘာဖြစ်နေကြတာလဲ""ဟမ် အင်း ဘာမှမဖြစ်ပါဘူး""ဟုတ်တယ် ဘာမှမဖြစ်ဘူး လွင်""နေ့ခင်းကြီး သောက်နေကြတာလား"သူမပါ ဝင်ထိုင်လိုက်တော့ အမတ်မင်းက နေရာဖယ်ပေးသည်။ ကိုကိုကြီးက မီးဖိုခန်းထဲဝင်ကာ သန့်ရှင်းရေးလုပ်ဖို့ ကြမ်းတိုက်တံနဲ့ ဂေါ်ပြားသွားယူမယ်လို့အော်ပြောသွားသေးတယ်။ သူမဖို့ပါ ဖန်ခွက်တစ်ခွက်လောက်ယူခဲ့ဖို့ ပြောလိုက်တော့ အမတ်မင်းက မျက်လုံးကြီးပြူးကြည့်သည်။"ဘာလဲ သောက်မို့လား နေ့ခင်းကြီးကိုလေ""ဆရာတို့ရော သောက်နေတာမဟုတ်လား""အော် အင်း ငါတို့က ...နည်းနည်း ဂုဏ်ပြုစရာလေးရှိလို့"သစ်သီးပွဲထဲက စပျစ်သီးတစ်လုံးဖြုတ်စားရင်း အမတ်မင်းက ပြန်ဖြေသည်။ အနားရောက်လာသော ကိုကိုကြီးက သူမကို ယူလာသည့်ခွက်ထဲ ဝိုင်ပါဖြည့်ပေးရင်း....."မနေ့က တစ်နှစ်တာသတင်းဓါတ်ပုံဆုရတယ်လေ အဲ့တာကြောင့် ဂုဏ်ပြုနေကြတာ လွင်ပါရောက်လာတော့ အတော်ပဲပေါ့"ကိုကိုကြီးက သုံးယောက်သားရှိနေချိန်မျိုးမှာ သူမကို လွင်လို့ပဲ ခေါ်လေ့ရှိသည်။ ဝိုင်ကို တကျိုက်တည်းမေ့ချလိုက်တော့ ကျန်တဲ့ နှစ်ယောက်က သူမကို တထူးတဆန်းကြီးကြည့်လာသည်။"ဘာဖြစ်လာလို့လဲ လွင်""ကြည့်ရတာ နယူးယောက်က တစ်ခုခုကြားလာလို့ဖြစ်ရမယ်"ကိုကိုကြီးမေးတာကို ဒေါက်တာသမိုင်းဦးက ဝင်ဖြေသည်။ လွင် နောက်တစ်ခွက် ထပ်ထည့်ပြီး တငုံလောက်သောက်ပြီးမှ"U.Sကိုသွားချင်တယ်ကိုကိုကြီးရဲ့"ကိုကိုကြီး မျက်မှောင်တွေတွန့်ချိုးသွားသည်။ နေပါဦး ဘယ်သူက မသွားနဲ့လို့တားနေလို့လဲ။ သူပဲ အကြောင်းအမျိုးမျိုးပြပြီး မသွားတာကို ။ အခုတော့ အဆွေးသမားတစ်ယောက်လို အရက်သောက်ပြီး သူတို့ကို လူဆိုးစာရင်းသွင်းနေသည်။"နူးယောက်ခ် ကိုသွားချင်တယ်ရို့ အမတ်မင်းရဲ့"နှစ်ခွက်ထဲနဲ့ မူးသွားတဲ့ ကောင်မလေးက သူတို့ကို ရစ်နေသည်။ ဘာလို့လဲမေးတော့လည်းမဖြေ။"အင်း သွားချင်သွားလေ"ဒေါက်တာသမိုင်းဦးက ဝင်ထောက်သည်။ ကိုကိုကြီးကတော့ အသီးတွေ စားလျှက် စိတ်ပျက်သလိုသာကြည့်နေသည်။"မတွားရဲဘူးလို့ အဟင့် အီး ဟီး"ဝုန်းခနဲ ထငိုပါသော အက်သီနာ ငမူးမလေး။အားရပါးရကို ငိုနေတာ မျက်ရည်တွေလည်း ထွက်လို့။ ကိုကိုကြီးနဲ့ ဒေါက်တာသမိုင်းဦး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြိုင်တူ သက်ပြင်းချလိုက်မိသည်။"အီးဟီး အဟင့် နေခြည် နေခြည် နူးယောက်ခ်က မိုင်လစ်တဲဆန်းရှိုင်းလေး လွမ်းလိုက်တာ အဟင့်"ကလေးတွေလို နှပ်တွေ မျက်ရည်တွေပါ ထွက်အောင် ငိုနေရင်းမှ ဆိုဖာပေါ်တအိအိ အိမ်မောကျသွားသည့် လွင် သို့မဟုတ် မာဖီးယားခေါင်းဆောင် အက်သီနာ။"ညီထွေး မလုပ်ကောင်းဘူးပြန်ဖျက်"တခစ်ခစ်ရယ်ရင်း လွင် ဖြစ်နေပုံကို ဖုန်းနဲ့ ဗီဒီယိုရိုက်နေသော ကိုကိုကြီးကို ဒေါက်တာသမိုင်းဦးမှ ဟန့်ရပြန်သည်။"ကိုကိုရာ ဒီကောင်မလေး ဖြစ်ပျက်နေတာကြည့်ပါဦး တကယ် ကလေးကျနေတာပဲ နောက်ကျ ငယ်လေးကိုပြရမယ်""ညီထွေးနော် ....မင်း တော်တော်ဆိုး .... ထားပါ ကိုယ့်ကို လာကူဦး ဒီအမူးသမားလေးကို အခန်းထဲ ပို့ရမယ်"ကောင်မလေးကို အိပ်ယာပေါ်ပို့ပြီးမှ နှစ်ယောက်သား အခန်းထဲက ထွက်ခဲ့သည်။ ဘယ်လိုပဲ သွေးမတော် သားမစပ်ပေမယ့် လွင်မီမီခိုင်ဟာ သူတို့နှစ်ယောက်အတွက် နေခြည်နဲ့ ထပ်တူချစ်ရပါသော ညီမအရင်းလေးသဖွယ်။မုန်းလျှင်အပြစ် ချစ်လျှင်အကျိုး ဆိုတဲ့အတိုင်း မေတ္တာကမ္ဘာမှာ ရေစက်ဆုံသူတိုင်းကို ကောင်းသော ဆုံတွေ့ခြင်းတွေသာ ဖြစ်စေချင်သည်။အနားယူလိုက်ပါ ညီမငယ် အိမ်မက်သံသရာက နိုးထလာရင် ပျော်ရွှင်ခြင်းတွေက ဆီးကြိုနေမယ်တတိုင်းမွှေး(9/12/22)A/N- ကြိုတင်တောင်းပန်ပါရစေ ကိုယ်က နည်းပညာပိုင်းနဲ့ ပတ်သတ်လို့ကျွမ်းကျင်သူမဟုတ်ပါဘူး။ တစုံတစ်ခု အမှားပါသွားရင် ဝေဖန်ထောက်ပြပေးကြပါ၊ သင်ပြပေးကြပါ၊ ခွင့်လွှတ်ပေးကြပါလို့ တောင်းဆိုပါတယ်ရှင်။BTW ကိုယ်လည်း ရွက်ဆေကို သွားချင်တယ်လို့။..................................................................................................................

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now