(35)Zawgi

286 2 0
                                    

အချပ်ပို(၃)" လွင်က ငါ့ကိုတကယ်မချစ်ပါဘူး လွင်ချစ်တာ နေခြည်ဆိုတဲ့ အမျိုးသမီးကိုပဲ မဟုတ်လား အဟင့် လွင်က ငါ့ကိုမချစ်ဘူး" အရက်မူးပြီးပေါက်ကရတွေ အော်နေသော ကောင်မလေးကို လွင် လက်ပိုက်ပြီးတော့သာ ထိုင်ကြည့်နေလိုက်သည်။ သူ့ဟာသူ မှတ်ဉာဏ်မကောင်းလို့ မေ့တာပဲကို လွင်နဲ့ ဘာဆိုင်လဲ။ တနေ့တခြား ခွဲမရအောင်တူသည့် ရုပ်ရည်နဲ့ အကျင့်စရိုက်တွေက လှောင်ပြောင်လို့နေဦးမလား။ ကိုယ့်မှာတော့ သူ့ကို တနေ့တနေ့ ချစ်လို့မဝတာကို ကြံဖန်ပြီး ရစ်တတ်သည့် ဒီကောင်မလေးဟာ အကျင့်ဟောင်းတွေကို ဖက်တွယ်ဆဲ။ ငိုနေရင်းမှ လွင့်ဆီထလာကာ လွင့်ရင်ခွင်ထဲ ဝင်လာပြန်သည်။ လွင့် လည်ပင်းကို သိုင်းဖက်ကာ မျက်နှာနားကပ်လိုက်တော့ သောက်ထားသည့် ဝိုင်နံ့က ထောင်းခနဲ။ အခုရက်ပိုင်း တော်တော်လေးကို ပျက်စီးနေတာပဲ။ "လွင် အဟင့် ငါ့ကိုကြည့်" လွင့် မျက်နှာကို လက်ဖဝါးနှစ်ဖက်နှင့် အုပ်ကိုင်ကာ မျက်နှာချင်းဆိုင်စေသည်။ "ငါက တကယ်လို့ အဲ့ဒီအမျိုးသမီးမဟုတ်ဘူးဆိုရင် လွင်က မချစ်တော့ဘူးလား" "အင်း"လွင့်အဖြေကြောင့် မျက်ဝန်းနက်တွေ ခဏတာတွေဝေသွားသည်။ ပြီးမှ"ငါက ဘာမှမမှတ်မိဘူးလေ ဒီအတိုင်း နေခြည်လင်းလက်ဆိုတဲ့ တစ်ယောက်နဲ့ မျက်နှာချင်းဆင်တူနေတာပဲ ဆိုရင် ဘယ်လိုလုပ်မလဲ လွင် ငါ့ကို စွန့်ပစ်မှာမဟုတ်လား" "နေခြည် မင်းဘာဖြစ်ချင်နေတာလဲ""အဟင့် ကြည့် အော်နေပြန်ပြီ....သိပါတယ် လွင်က ငါ့ကိုတကယ်မချစ်ပါဘူး ဒီအတိုင်း နင်ချစ်တဲ့ သူနဲ့ ရုပ်ချင်းဆင်လို့ သည်းခံနေတာမဟုတ်လား အဟင့် ငါ့မှာတော့ လွင့်ကို ချစ်လိုက်ရတာ လွင်ကတော့ ငါ့ကို သက်သက် အသုံးချနေတာ အီးဟီး အဟင့် ဟင့်" "ကျစ် နားညည်းတယ် မငိုနဲ့ ကလေးလား" "မသိဘူး လွင့်ရဲ့ ကလေးလေးဖြစ်ချင်တာ" နာကျင်စရာမကောင်းတဲ့ အတိတ်ကို မေ့ပါစေတော့ ဆိုပြီး ကိုယ်ကတော့ ကြိုးစားလိုက်ရတာ။ ရစ်စရာမရှိကြံဖန်ရစ်တဲ့ ဒီကောင်မလေးကြောင့် လွင် နောက်ဆုံးလက်နက် ထုတ်သုံးရတော့မှာပေါ့။ "နေခြည် ကိုယ့်ကိုကြည့်စမ်း" "ဘာလဲဟင်" "တကယ်တစ်ခုခု မှတ်မိတာမရှိဘူးလား ....တစ်ခုလေးမှလေ" "ဟင့်အင်း...ငယ်ငယ်တုန်းက အိမ်မက်ထဲမှာ လွင့်ကို တွေ့ဖူးတာက လွဲရင် ဘာမှ မမှတ်မိဘူး ငါကတကယ် နင်ချစ်တဲ့ နေခြည်လင်းလက်မဟုတ်ဘူး ထင်တယ် ဘယ်လိုလုပ်မလဲ ငါက နင့်ကို ချစ်မိနေပြီကို နင်က နင်က ငါ့ကို နေခြည်လင်းလက်မဟုတ်ရင် မချစ်တော့ဘဲ နှင်ထုတ်မှာမလား" "ငတုံးမလေး သိပ်တွေးမနေနဲ့ လိုက်ခဲ့ ပြစရာရှိတယ်" နဖူးကို လက်ထုအသာလေးထုလိုက်တော့ ငိုမဲ့မဲ့မျက်နှာလေးက ပိုငယ်သွားသည်။ ဒါတောင် သူ့ကို ချီပါဆိုပြီး လက်ဆန့်ပေးတဲ့ ဝက်ပုတ်ကြောင့် လွင် မငြင်းနိုင်ဘဲ မြေအောက်ခန်းထိ သွားရာ တစ်လျှောက်လုံး ပွေ့ချီသွားရသည်။ အခန်းထဲ ရောက်တော့ နံရံပေါ်က သူနဲ့ နေခြည့်ရဲ့ ဓါတ်ပုံဟောင်းတွေကို ကြည့်ပြီး ဝမ်းနည်းခြင်းတစခန်းထကာ ငိုပြန်သည်။ "ဘာလို့ မျက်ရည်လွယ်လာရတာလဲ ....လာဒီမှာထိုင် ကြည့် ဒါဘာလဲ သိလား" သစ်သားကြမ်းပြင်ပေါ်မှာ နှစ်ယောက်လုံးမျက်နှာချင်းဆိုင်ထိုင်လိုက်တော့ လွင် ပြလာသည့် အသံဖမ်းစက်လေးကို ကိုင်ကြည့်သည်။ ထို့နောက် ခေါင်းယမ်းကာ ...."သီချင်းတွေတော့မဟုတ်ဘူးမလား" "အင်း နည်းနည်းအတွေးခေါ်မြင့်လာပြီ ...အာ့ နာတယ် နေခြည်" လွင် ရွဲ့ပြောလိုက်တော့ လက်မောင်းကို ခပ်ဆဆလေးရိုက်ကာ မျက်စောင်းထိုးပြန်သည်။ ပိုချစ်ဖို့ကောင်းလာတယ်။ "ဒါက မိဘမဲ့ဂေဟာကနေ ဖေဖေတို့ ယူလာတာ ....လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုပေမယ့် ဒယ်ဒီကရအောင်ယူလာပေးတာ မင်းကိုကုပေးတဲ့ စိတ်ကုပညာရှင်ဆီကနေ မှတ်မိလား နေခြည် ဂေဟာမှာတုန်းက မင်းစိတ်ပညာရှင်နဲ့ ဆွေးနွေးကုသဖူးတယ် ဒယ်ဒီပြောတာတော့ ကုထုံးတချို့ကြောင့် မင်းမှတ်မိမှာမဟုတ်ဘူးတဲ့" နေခြည် အတိတ်ကို ပြန်စဉ်းစားနေဟန် ငြိမ်သက်သွားသည်။ "ဟုတ်တော့ ဟုတ်သလိုလိုပဲ ....အဲ့တုန်းက ဂေဟာကို ရောက်လာတဲ့ ဆရာဝန်ကြီးရဲ့ မိတ်ဆွေက ကုပေးတာ ပြောတာတော့ ငါ အိမ်မက်ဆိုးတွေ မက်လို့ ပျောက်အောင်လို့ ဆွေးနွေးပေးတာလို့ပြောတယ် ဟုတ်တယ် စစ်စတာကြီးတွေပြောတာ မှတ်မိတယ်" "အင်း ဟုတ်တယ် မင်းအချိန်အတော်ကြာကုသမှုခံဖူးတယ်.....ဖေဖေနဲ့ဒယ်ဒီက မင်းကို မွေးစားဖို့လုပ်တော့ အဲ့ဒီအကြောင်းတွေကို ဂေဟာမှူးကတဆင့်သိလာခဲ့ရတာ ပြီးတော့ ဒယ်ဒီက ဒီကုသမှုအသံဖိုင်မှတ်တမ်းတွေကို တောင်းလာခဲ့တာ လိုအပ်ရင် ထပ်ပြီးတော့ ကုသမှုပေးရအောင်လို့" လွင် ရှင်းပြနေသည်များကို မျက်လုံးဝိုင်းလေးများဖြင့် နားထောင်နေသည့် ကလေးမမှာ အမူးပြေသွားပြီထင်ရဲ့။ လွင် အသံဖမ်းစက်လေးကို ဖွင့်လိုက်သည်။ ကုထုံးပညာရှင်၏ လုပ်ရိုးလုပ်စဉ် များကို ကျော်လိုက်တော့ ချစ်စရာကောင်းသည့် အသံသေးသေးလေးက ထွက်လာသည်။ ....မနေ့ညက အိမ်မက်ထပ်မက်တယ် အိမ်မက်ထဲမှာ သမီးက လွင့်ကိုကြည့်နေတာ လွင်ကလည်းသမီးကို ပြန်ပြုံးပြတယ် အဲ့ဒီနောက်တော့လား ....ဘယ်ကနေ ဘယ်လိုဖြစ်သွားမှန်းမသိဘူး လွင့်ကိုယ်ပေါ်မှာ သွေးတွေ ...ဟင် ဟုတ်တယ် လွင့်ကို သေနတ်နဲ့ ပစ်လိုက်တာ ..လွင် လွင် လွင် ထပ်ပြီးတော့ မလုပ်ပါနဲ့တော့ လွင် ငါ့ကို မထားခဲ့ပါနဲ့ အသံဖမ်းစက်မှ အသံတွေက ရှုပ်ထွေးသွားပြီး ငိုသံတချို့နဲ့ ကုထုံးပညာရှင်ရဲ့ နှစ်သိမ့်သံအချို့ထွက်လာခဲ့သည်။ လွင် စက်ကို ပိတ်ကာ သူ့ရှေ့က ကောင်မလေးကို ရင်ခွင်ထဲ ဆွဲပွေ့လိုက်သည်။ ကျလုဆဲဆဲ မျက်ရည်တွေကို ညင်သာစွာသုတ်ပေးလိုက်တော့ လွင့်ကို မော့ကြည့်ရင်းမေးလာသည်။ "ငါဘာလို့ မမှတ်မိရတော့တာလဲလွင်" အကြောင်းရှိတယ် အချစ်ရဲ့ ...ဂေဟာက ခံယူလာတဲ့ ကုထုံးတချို့ကြောင့် မင်းအိမ်မက်ဆိုးတွေ သက်သာလာခဲ့တယ် ဒါပေမယ့် အရှင်းပျောက်သွားတာတော့မဟုတ်ဘူး မင်းသိမှာပါ ကိုယ်တို့အတူရှိတဲ့ အချိန်တွေမှာတောင် တခါတလေ မင်းအိမ်မက်ဆိုးမက်သေးတယ်လေ ဒယ်ဒီက သေချာတိုင်ပင်ပြီးတော့ ဆုံးဖြတ်ချက်ချခဲ့တယ် မှတ်ဉာဏ်ဖျောက်တဲ့ ကုထုံးကို ရွေးချယ်ခဲ့တယ် ရေနစ်ပြီးတဲ့နောက် မင်းခံယူခဲ့တဲ့ ကုထုံးကအဲ့တာပဲ အဲ့တာကြောင့်မင်းမမှတ်မိတာပါ မင်းက နေခြည်ပါ အချစ်ရဲ့ လွင့်ရင်ခွင်ထဲကို တိုးဝင်ကာ မျက်နှာလေးကို ဖွက်ထားသည့် ကောင်မလေးက ငိုနေပြန်ပြီ။ တစွန်းတစလေးသိတဲ့ မှတ်ဉာဏ်မှာတောင် မင်းနာကျင်နေရတာ ကိုယ်တို့က ဘယ်လိုလုပ်မင်းကို ပြန်သတိရစေဖို့ခွင့်ပြုရမှာလဲ ကောင်မလေးရယ်။ "ဒီဘဝမှာ အတူရှိနေရတာနဲ့တောင် ကျေနပ်စရာပါလေ ဘာလို့များနာကျင်စရာအတိတ်တွေကို ထပ်ပြီးတူးဖော်နေဦးမှာလဲ""လွင်က ငါ့ကိုချစ်လားဟင် တကယ်လို့ငါက နေခြည်အစစ်မဟုတ်ဘဲ ဒီအတိုင်းရုပ်ချင်းဆင်တူနေတဲ့ သူဆိုရင်ရော ချစ်ဦးမှာလား" "မေးစရာကို မလိုဘူး" ခေါင်းမော့ကြည့်တဲ့ ကလေးမလေးမှာ မျက်ရည်တွေမစင်သေး။ "ချစ်စရာလား မင်းက နေခြည်မဟုတ်ခဲ့ရင် လှည့်တောင်ကြည့်မှာမဟုတ်ဘူး....နောက်ပြီး ကိုယ်ပြောပြမယ် ကိုယ်ချစ်တဲ့ နေခြည်က ဘယ်လိုရုပ်သွင်တွေပြောင်းလဲသွားပါစေ ကိုယ်က တချက်ကြည့်ရုံနဲ့ မှတ်မိတယ်" "ဟင်" "ဘာလို့ဆို ကိုယ်သိမ်းဆည်းထားတဲ့ ချစ်ခြင်းမေတ္တာတွေက ဦးနှောက်ကလာတာမဟုတ်ဘူး ....ဟောဒီ နှလုံးသားထဲမှာ မှတ်သားထားတာမို့ ကိုယ်ဘယ်တော့မှ မလွဲနိုင်ဘူး" "တကယ်လား" "ဟုတ်ပါတယ်ဆို ....အဲ့တာကြောင့် ကိုယ့်ကို ကြံဖန်ရစ်မနေနဲ့တော့ မင်းကို ချစ်တယ် မင်းက ကိုယ်ချစ်တဲ့လူဖြစ်နေလို့ကို ချစ်တာ နောက်တခါ ဒီလိုမုန့်လုံးစက္ကူကပ် မေးခွန်းတွေမေးမနေနဲ့တော့ ဒီဘဝက လွင်က သိပ်စိတ်ရှည်တာ မဟုတ်ဘူးနော်" "အဟင့် လွင်ကလဲ..."ရင်ခွင်ထဲ ခေါင်းတိုးကာ ခွဲနေသူလေးမှာ သိပ်ကို အရဲကိုးတာပဲ။နောက်ကျောပြင်ကို ထွေးဖက်ထားရင်းမှ ခါးသွယ်သွယ်ကို ရောက်သွားသည့် လွင့်လက်တွေက စည်းကမ်းမရှိချင်။ ပြီးတော့ ကြောင်တစ်ကောင်လို ဟိုတိုးဒီပွတ်လုပ်နေသည့် ခေါင်းလုံးလုံးလေးက လွင့်ရင်ဘတ်မှ လျို့ဝှက်နေရာတွေဆီသို့ ဦးတည်နေသည်။ "နေခြည် မလုပ်နဲ့လေ" လွင့် အင်္ကျီအောက်ကနေ ဝင်လာသည့် လက်နွေးနွေးလေးကြောင့် ကြက်သီးတွေ ဖြန်းခနဲ ထသွားရသည်။ အဆိုပါလက်တစုံ၏ အထိအတွေ့မှာ ရင်ဘတ်ထိရောက်လာပြီး တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခြင်းခံလိုက်ရသည်။ "အင့် နေ ..နေခြည်" ဘုရားရေ...သူ့ကို မော့ကြည့်တဲ့ နေခြည့်မျက်ဝန်းတွေက တခါမှ မတွေ့မမြင်ဖူးသည့်ပုံစံကို ပြောင်းနေသည်။ "လွင်" "အင်း" ခေါင်းကိုမော့ကာ လွင့် နှုတ်ခမ်းဖျားကို လှမ်းနမ်းရင်း ခေါ်လိုက်သည့် လေသံတိုးတိုးလေးကြောင့် လွင်တကယ့်ကို အေးခဲသွားရသည်။ "မင်းရဲ့ ချယ်ရီတွေကို မြည်းစမ်းခွင့်ပေးပါလား" ရီဝေဝေ စကားသံအဆုံး လွင့် ဘလောက်စ်အင်္ကျီလေးမှာ နှစ်ခြမ်းကွဲသွားရသလို ပေါင်ပေါ်ကို ပြောင်းထိုင်ကာ လွင့် ရင်ဘတ်ဆီသို့ ငုံ့ချလိုက်သည့် ခေါင်းလုံးလုံးလေး။ "အာ့ ..အင်း နေခြည် မင်း ဘာလုပ်" "အွမ်း ... အရသာရှိတယ် လွင့် ချယ်ရီတွေက အရသာရှိတယ် နီရဲနေတဲ့ ဒီချယ်ရီနှစ်လုံးက ငါ့အပိုင်" နှုတ်ခမ်းကို လျှာနဲ့ သပ်ပြီး ကြုံးဝါးလိုက်ပုံက တကယ့်ကို ပလေးဂဲလ်ကြီးလို။ ထပ်ပြီး ဆုပ်နယ် နမ်းရှိုက်ခံလိုက်ရသည့် လွင့်ရဲ့ ချယ်ရီတွေ။ ကယ်တော်မူကြပါ လို့ လွင်စိတ်ထဲကနေ အော်မိလိုက်သည်။ ဘယ်သူက မြှောက်ပေးလိုက်တာလဲမသိ။ သူကိုယ်တိုင်တောင် မထိရက်မကိုင်ရက်လို့ ဘာမှ မလုပ်တာကို ဒီကောင်မလေးက တော်တော် အရဲကိုးနေတာ ။ ဟောကြည့် ခါးအောက်ပိုင်းမှ ဘောင်းဘီထဲ လျိုဝင်လာတဲ့ လက်တွေ။ "ဖယ်စမ်း နေခြည် ဘာတွေလုပ်နေတာလဲ" ပုတ်ထုတ်ခံလိုက်ရသည့် လက်ဖြင့် လွင့် မေးစေ့ကို ဆွဲယူမော့လိုက်ကာ ရီဝေဝေဖြင့် ပြန်ဖြေလာသည်။ "ဘာလဲ မကြိုက်ဘူးလား ကိုယ့်အပိုင်ကို ထိတာလေ လွင်ရဲ့ အဟင်း ဟင်း ဟင်း" ပြွတ်စ် ပြောရင်းဆိုရင်း လွင့်နှုတ်ခမ်းကို လာနမ်းသည်။ မတောက်တခေါက် ပြင်သစ်အနမ်းက လွင့် ကို ဆွနေသလိုသာ ခံစားရသည်။ ပြီးတော့ ထပ်ပြီး နယ်ကျော်လာတဲ့ လက်တွေကြောင့် ....လွင် သည်းမခံနိုင်တော့။ မက်မွန်အိအိလေးကနေ ထိန်းကိုင်ကာ ပွေ့လိုက်တော့ အလိုက်သင့် ပါလာသည်။ လွင့် ဦးတည်ရာက ... အပြာရောင်တွေချယ်သော အိပ်ခန်းဆီသို့။ "ဘယ်သွားမို့လဲ လွင်" "ချယ်ရီသီးကြိုက်တဲ့ ကောင်မလေးကို ကိုယ့်ဥယျာဉ်ထဲ ခေါ်သွားမို့ ....." "အဟင်း မြန်မြန်လေးခေါ်သွားပေး" "စိန်လိုက်လေ ..မင်းသိလား ကိုယ့်ဥယျာဉ်ထဲမှာ ချယ်ရီတွေအပြင် နှင်းဆီတွေပါရှိတယ် သိပ်ကို မွှေးပျံ့ပြီးခမ်းနားတဲ့ နှင်းဆီတစ်ခင်းရဲ့ အိမ်မက်ကို ခံစားကြည့်လိုက်ပါ ကိုယ့်အမျိုးသမီးရေ" ချယ်ရီဝိုင်လို ရီဝေဝေ သောက်လေသောက်လေ ငတ်မပြေရိုစ့်မေရီလို အရိုင်းဆန်ရှိုက်ဖိုမောစေတဲ့ သူ့ကိုယ်ဟန်ဒီဆူးတွေရယ် ဒီရနံတွေရယ်ဝတ်လွှာတွေကို ကြွေစေခဲ့တယ် နှင်းဆီတခင်း အိမ်မက် သိပ်လှသလားကွယ်တတိုင်းမွှေး(9/2/23)A/N-အများကြီးတော့ ပြောစရာမရှိပါဘူး။ ဒီကဗျာကို ကိုယ် ပိုင်ပါတယ်။ ဝန်ခံချက်ကတော့ Lana Del Rey ရဲ့ Cherryသီချင်းကို inspire ယူပြီးရေးထားပါတယ်။ ဖတ်ရှုပေးတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်။ Extra နောက်တပိုင်းကျန်ပါသေးတယ်။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now