(23)unicode

930 90 2
                                    

"အဲ့ဒီကောင်မလေးကိုသိပ်စိတ်ပူနေသလား"

အိမ်ထဲကနေ တောက်ခ်တစ်ချက်ပြင်းပြင်းထန်ထန်ခေါက်ပြီး ထွက်သွားသော ချာတိတ်လေးကြောင့် ဖုန်းတကိုင်ကိုင် သက်ပြင်းတချချဖြစ်နေသော နေခြည့်ကြောင့် ကိုယ်တိုင်လည်း နေလို့မကောင်းတော့။ ထင်ထားတာထက်တောင် သံယောဇဉ်တွေတွယ်နေတဲ့ မင်းတို့နှစ်ယောက်ကို ရေရှည်မှာ ကိုယ်ကြည်ဖြူနိုင်မယ်မထင်ဘူး နေခြည်။ တို့တိတို့ကနန်းစားနေတဲ့ ညနေစာကို လက်စသတ်လိုက်ပြီး မင်းကို အာရုံပြောင်းဖို့ ဆွဲဆောင်ကြည့်မိလည်း သိပ်တော့မထူးတာကြောင့် ကိုယ်နှုတ်ကနေ ထုတ်မေးရပြီ။

"ခတ္တာက သိပ်သနားစရာကောင်းတာ မိဘတွေက ကားအက်ဆီးဒင့်ကြောင့်ဆုံးသွားပြီး ကတည်းက တစ်ယောက်တည်း ရပ်တည်နေရတာ"

"သူ့အကြောင်း မင်း ဘယ်လောက်သိထားလဲ နေခြည်"

"ဟင် အင်းသိပါတယ် သူ့ကို ငယ်ငယ်ကတည်းက မိဘတွေစွန့်ပစ်သွားလို့ မွေးစားမိဘတွေနဲ့ နေခဲ့ရတာတဲ့ ဆုံးသွားတဲ့ မွေးစားမိဘတွေကလည်း ဆွေမျိုးအသိုင်းအဝိုင်းမရှိလို့ ကလေးက တကောင်ကြွက်ဖြစ်နေတာ အဲ့တာကြောင့် ငါ့ကို ပိုတွယ်တာတယ်ဆိုပါတော့"

ဝိုင်တခွက်ကို အသာမော့ရင်း ပြုံးချင်နေတဲ့ ကိုယ့်စိတ်ကို ပြန်ထိန်းလိုက်ရတယ်။ မင်း ချာတိတ်လေးက ပိပိရိရိလိမ်ထားတာပဲ နေခြည်ငယ်။

"သူနဲ့တိုက်ခန်းမှာနေဖြစ်တာ ကြာပြီလား နေခြည်"

"အင်း ကိစ္စတစ်ခုကြောင့် ငါအရင်က နေတဲ့ ကျောင်းအဆောင်ကနေပြောင်းလာတာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူကလည်း အခန်းဖော်အသစ်ရှာနေတာနဲ့ကြုံသွားလို့"

"အော် တော်တော်တိုက်ဆိုင်တာပဲနော်"

"အင်း သူက လူကောင်းပါ အခန်းလခကိုလည်း အများကြီးမယူဘူး အခန်းခအဖြစ် သူ့အတွက်အစားသောက်ပြင်ပေးပါတဲ့ အဲ့တာပဲ တောင်းဆိုတာ ကလေးက ငယ်သေးတော့ တစ်ယောက်တည်း ဘာမှမလုပ်တတ်ဘူးလေ ငါရှိမှ ဖွယ်ဖွယ်ရာရာ စားရတာ"

"အော် ဟုတ်မှာပေါ့ အဟွန်း"

သိပ်ရယ်ရတာပဲ နေခြည်ရယ်။ မင်းအခုပြောလိုက်တဲ့ စကားကိုများ မင်းအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်က စာဖိုးမှုးတွေကြားရင် သွေးတက်ကုန်မလားပဲ။ မင်း ဟာမလေးက အဲ့ဒီစားသောက်ဆိုင်ကို အသက် ဆယ့်လေးနှစ်ကတည်းက ပိုင်လာတာ။ ရိုးသားလိုက်တဲ့ ငါ့ကောင်မလေးကို လှည့်စားထားတဲ့ ချာတိတ်ကလည်း မခေပါလား။ ပြန်မလာသေးတဲ့ကောင်မစုတ်လေးက ဖုန်းမကိုင်တော့ တစ်မိနစ်ခြားတစ်ခါစာပို့နေသည့် နေခြည့်ကို အာရုံလွှဲဖို့ ကိုယ်နည်းနည်းတော့ အကျင့်ယုတ်မိဦးမယ်။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now