(18)Unicode

923 94 4
                                    

မှောင်မည်းမည်းအခန်းထဲဝယ် လက်ပြန်ကြိုးတုပ်ခံထားရသည့်အမျိုးသမီးတစ်ဦးဟာ အေးစက်စက်ကြမ်းပြင်ပေါ်မှာ မှောက်လျှက်သားအနေအထားနဲ့ မေ့မြောနေသည်။ တစ်ခုတည်းသော အဝင်ပေါက်ကနေ ဝင်ရောက်လာတာက အနက်ရောင်ဝတ်စုံတွေဝတ်ဆင်ထားသည့် လူတစ်စု။ လက်ထဲမှာလည်း သံပိုက်လုံးတွေကိုင်ထားသေးသည်။

"ခုံပေါ်တင်လိုက် ပြီးရင် ရေတပုံးလောင်းချလိုက်"

အမျိုးသားတစ်ယောက်က ခိုင်းသည့်အတိုင်းကျန်သူများက လိုက်လုပ်ကြရသည်။ ရေလောင်းခံလိုက်ရတဲ့အတွက် ကြိုးတုပ်ခံထားရသည့် အမျိုးသမီးမှာ ဒဏ်ရာတွေကြားမှ သတိရလာသည်။

"သတိရလာပြီလား"

ရေလောင်းခိုင်းသည့် လူက မေးလိုက်တော့ မထီမဲ့မြင်ဟန်နှင့် ပြန်ကြည့်ပြီး

"မင်းတို့က ငါဘယ်သူဆိုတာ မသိလို့ လာထိတာလား"

ဖြန်း

လက်ပြန်ရိုက်ခြင်းခံလိုက်ရသည့် အမျိုးသမီး။ လည်ထွက်သွားသော ပါးပြင်နှင့် ကြမ်းပြင်ပေါ်သို့ သွေးတပွက်အန်ကျသွားလေသည်။

"အဟက် ....ခင်ဗျားဘယ်သူလဲဆိုတာ သိသားပဲ ... အာဏာရူးနေတဲ့ အဖိုးကြီးတစ်ယောက်ရဲ့ နောက်လိုက်ခွေးလေ"

"မင်းတို့သေချင်နေတာလား"

"ကျုပ်တို့လည်းမသေချင်သလို ခင်ဗျားကိုလည်း မသတ်ရက်ပါဘူး ....ကျုပ်တို့က ခင်ဗျားကို ပြစရာ တစ်ခုရှိတယ် စိတ်ဝင်စားလောက်မှာပါ"

ထို့နောက် ဓါတ်ပုံသုံးလေးပုံဟာ သူမမျက်စိရှေ့သို့ရောက်လာသည်။

"ဒါက ခင်ဗျားရဲ့ အမေနဲ့ အဖေ၊ ပြီးတော့ တစ်ဦးတည်းသော မောင်လေး၊ ပြီးတော့ ဒီတစ်ယောက်က ခင်ဗျားရဲ့ တိတ်တိတ်ပုန်းမွေးထားတဲ့ သမီးလေး အင်း အပြည့်အစုံပြောရရင် ခင်ဗျားကျွန်ခံနေတဲ့ အဖိုးကြီးနဲ့ ရတဲ့ ကလေး ဟုတ်တယ်မလား"

"မင်းတို့ ဘာလိုချင်လို့လဲ"

"ပြောကြည့် ကျုပ်တို့ဘာလိုချင်မယ်ထင်လဲ ... ခင်ဗျားလို လူတစ်ယောက်ဆီမှာ ဘာအဖိုးတန်တာရှိလို့လဲ မိသားစုက လွဲပြီးမရှိဘူးမလား"

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now