(6)Unicode(new version)

1.2K 113 1
                                    

လူတစ်ရပ်မက မြင့်မားသော တံတိုင်းကြီးတွေပတ်လည်ကာရံထားသည့် ခြံကျယ်ကြီးအတွင်း၌ တည်ရှိသော အိမ်ကြီးမှာလည်း ခမ်းနားလှသည်။ ဥရောပ စတိုင်ဆောက်လုပ်ထားသော သုံးထပ်တိုက်ကြီးရဲ့ နံရံတွေမှာ ခရမ်းရောင် wisteriaပန်းနွယ်တွေတွယ်တပ်နေတာကိုလည်း မြင်ခဲ့ရသည်။ ပြီးတော့ ဆင်ဝင်အောက်က နေရာလွတ်မှာ စိုက်ထားသည့် လီလီပန်းတစ်ခင်းကြောင့် လွင် အနည်းငယ်အံ့သဩမိသည်။ ပြဇာတ်ကတဲ့ နေ့က နေခြည်ငယ်ယူလာသည့် ဂုဏ်ပြုပန်းစီးမှ လီလီပန်းတွေရဲ့ အရောင်နဲ့ ဆင်တူနေသည်မဟုတ်လား။ 

"လွင် ရောက်လာပြီလား လာ ငါနင့်ကို စောင့်နေတာ "

လွင် လီလီပန်းခင်းရှေ့မှာ အတွေးလွန်နေတုန်း ရောက်လာသည့် ချစ်ရသူ။ သုံးရက်လောက် နေမကောင်းခဲ့တာမို့ မျက်နှာလေးတောင် ချောင်သွားသယောင်။  ဒီနေ့  သူရောက်လာသည့်အကြောင်းက နေမကောင်းဖြစ်လို့ ခွင့်ယူထားရသည့် နေခြည့်ကို စာတွေကူးပေးရမှာမို့။ 

"အင်း ရောက်လာပြီ ဒါနဲ့ ဒီပန်းတွေကလေ ...."

"အတူတူပဲ "

"ဟင်"

"နင့်ကိုပေးတဲ့ ဂုဏ်ပြုပန်းစီးက ငါကိုယ်တိုင် လုပ်ထားတာ ဒီပန်းခင်းကပန်းတွေနဲ့ ....ပြီးတော့ အဲ့တာတွေက ငါကိုယ်တိုင် စိုက်ထားတာ" 

ချစ်ရသူက ပန်းတွေပျိုးတယ်တဲ့လား။ 

ပြီးတော့ သူက ချစ်ရသူလက်ဖဝါးနုနုနဲ့ ပျိုးထားတဲ့ ပန်းတွေကို ပိုင်ဆိုင်ခဲ့ဖူးတယ်တဲ့လေ..... ဒီလောက်ဆို ကံကြမ္မာက သူ့ဖက်မှာ ရှိနေတယ်လို့ သတ်မှတ်လို့ရတယ်မလား။ 

"ကျေးဇူး ကျေးဇူးအများကြီးတင်တယ် နေခြည် "

ပန်းတွေကိုပျိုးပါချစ်ရသူ တမူထူးတာက မင်းကိုမနာကျင်စေဘူး

 အလွမ်းတွေကို ခံနိုင်ရည်ရှိအောင်လုပ်ပါ ရင့်ကျက်မှုလေးတော့ ဖြစ်ထွန်းစေတာမို့

တည်ငြိမ်တဲ့ အပြုံးလေးနဲ့ တုံ့ပြန်တဲ့မင်းရဲ့ ပုံစံဟာ ကိုယ့်နှလုံးသားထဲ စွဲရိုက်ထားတဲ့ နောက်ထပ် ပန်းချီကားချပ်အလား။ 

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now