(4)Zawgi (new version)

82 9 0
                                    

မင်းကြိုက်တဲ့ ဝတ္ထုစာအုပ်ထဲက ကဗျာတွေလောက်တော့ ကိုယ့်နှလုံးသားမှာ ထွင်းတဲ့ အက္ခရာတွေက ရယ်တာပေါ့အချစ်ရယ်သိပ်တော့ မများပါဘူး စာလုံးသုံးလုံးတည်းပါထာဝရ ဆိုလိုတာက မင်းဘာလုပ်လုပ်ကိုယ်အပြစ်မဆိုနိုင် အမြဲတမ်းအတွက် ကြည်ဖြူနေမယ် အဆိုးလေးရေ....."တို့က သူငယ်ချင်းတွေဖြစ်သွားပြီထင်နေတာ လွင်ရဲ့ ""အယ် ဟုတ်တယ်လေ သူငယ်ချင်းတွေပဲလေ ဒါပေမယ့် ဒီကိစ္စက တော်တော်လေး.... ကျစ် ဘယ်လိုပြောရမလဲ ""အင်းပါ ငါက လွင့်ကို သူများတွေနဲ့ မတူဘူးထင်နေတာ လက်စသတ်တော့ လွင်က ငါ့ကို တကယ်မခင်ဘူးပဲ "မျက်နှာငယ်လေးနဲ့ ကိုယ့်ရှေ့မှာ ဖြစ်ပျက်နေတဲ့ မင်းကလေ သိပ်တော်တဲ့ သရုပ်ဆောင်တစ်ယောက်အလား။ ပြဿနာက ဘာမှ မဟုတ်ဘူး။ ခေါင်းမာတဲ့ မင်းက ကိုယ် ငြင်းပြီးသား ကိစ္စတစ်ခုကို အတင်းသဘောတူခိုင်းနေတာ။ ဘာတဲ့ ပြောသေး မင်းကတော့ ကိုယ့်ကို အခင်ဆုံးသူငယ်ချင်းလို့ သတ်မှတ်ထားပေမယ့် ကိုယ်ကတော့ မင်းကို သူငယ်ချင်းလို့ မသတ်မှတ်ဘူးတဲ့လေ။ အဟက်.... တကယ်လည်းဟုတ်သားပဲ ကိုယ်က သူငယ်ချင်းမှ မဖြစ်ချင်တာ။ ကိုယ်မင်းနဲ့ သူငယ်ချင်းမဟုတ်ဘဲ မင်းရဲ့ သက်ဆိုင်သူပဲ ဖြစ်ချင်တာ။ မင်းကတော့ ကိုယ့်ကို......"သူက တကယ်သနားစရာကောင်းတာ ငါ့ကို အကူအညီတောင်းထားတာ ပြန်ကြိုက်လိုက်ပါဟာ လွင် နော် နော် မဟုတ်တောင် တွဲလိုက်ပါဟာ တစ်လ နှစ်လပဲ ""ငါမှ မကြိုက်တာ ဘာလို့ တွဲရမှာလဲ" "မကြိုက်လဲ တွဲလို့ရပါတယ်ဟာ တကယ်တော့ လူတွေက ရေးကြီးခွင်ကျယ်လုပ်နေတာ အခုမချစ်လည်း တစ်ယောက်အကြောင်းတစ်ယောက်သိသွားရင် နောက်တော့ ချစ်လာ ကြိုက်လာနိုင်တာပဲလေ ချစ်မှ တွဲရတာမဟုတ်ဘူး တွဲရင်းနဲ့မှ ကြိုက်သွားလို့ရတာပဲ" "နင် ဘာလို့ ဇွတ်တွေတိုက်တွန်းနေတာလည်း နေခြည် ""အဟင့် အဲ့တာက အဲ့သူငယ်ချင်းက ငါ့ကို လာလာပြောနေတာ ကြာလှပြီ ငါ နားတွေလည်းပူလှပြီ လုပ်ပါနော် လွင် တစ်ပတ် နှစ်ပတ်လောက် ဟန်ဆောင် တွဲပေးလိုက်လေ ပြီးမှ နင့်ဘာသာ အကြောင်းတစ်ခုခုပြပြီး ဖြတ်လိုက် အဲ့တာဆို ငါလည်း တာဝန်ကျေပြီ နော် လုပ်ပါနော် "သနားစဖွယ် မင်းရဲ့ အမူအရာတွေက ဟန်ဆောင်နေတာကို သိပေမယ့် ကိုယ် မငြင်းရက်နိုင်ဘူး။ ကိုယ်ဟာ မင်းအတွက်ဆို နာခံပြီးသား အိမ်မွေးတိရိစ္ဆာန်လေးတစ်ကောင်လို။ အဲ့ဒီလိုနဲ့ မင်း တောင်းဆိုတဲ့ အတိုင်းကိုယ့်ကို စိတ်ဝင်စားနေတယ်ဆိုတဲ့ မင်းသူငယ်ချင်းကောင်လေးနဲ့ တွဲကြည့်ဖို့ ကိုယ်လက်ခံလိုက်တယ်။ အော် ... ခက်လိုက်ပုံများ နေခြည်ရယ် ကိုယ့်စိတ်ဆိုတာလည်း မင်းက လွဲရင် မတိမ်းညွတ်တတ်တော့ အဲ့ဒီ ရက်ပိုင်းလေးဆိုတာ တကယ့် ဒုက္ခအပြည့်နဲ့ ။ မင်း စိတ်အေးချမ်းသာရှိဖို့ဆို ကိုယ် ဘာပဲဖြစ်ဖြစ်လုပ်ပေးမယ်။ သုံးရက်လောက်နဲ့ ကိုယ်ဖြတ်ပစ်လိုက်တော့ မင်း သူငယ်ချင်ကောင်လေး အတော် တင်းသွားရှာမှာပဲ။ ဟုတ်တော့လည်း ဟုတ်သား သူဆိုတာလည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကိုး။ "လွင် လုပ်ပါနော် ထပ်ပြီး ကူညီပါဦးနော် တကယ် ဒီတစ်ယောက်က နောက်ဆုံးပဲ နော်လို့ သူကတော့ နင့်ကို တကယ် အတည်ကြီး ချစ်နေတာတဲ့" "နေခြည် ကိုယ်ပြောပြီးသားလေ ကိုယ်သူတို့ကို စိတ်မဝင်စားဘူးလို့ မင်း အပြတ်ပြောသင့်တယ် ကိုယ့်နှလုံးသားကို ဘယ်သူမှ လာထိန်းချုပ်လို့ မရဘူး" "အား သိပါတယ် သိပါတယ် ဒါပေမယ့် ငါက အကူအညီတောင်းတာပါ နော်လို့ နော် နော် ဒီလိုလုပ်လေ ထုံးစံအတိုင်း ရက် နည်းနည်းလောက် တွဲပြီးလမ်းခွဲလိုက်လေ ""ဟူး..... ငါနော် တကယ်စိတ်တိုတယ် နေခြည် နေခြည် နေခြည်လင်းလက် တကယ် ပါလေရာစိန် "ကိုယ် စိတ်ဆိုးတော့လည်းမျက်နှာငယ်လေးနဲ့ မနေတတ်မထိုင်တတ်။ ဒီကလည်း မင်း မျက်နှာငြိုရင် ကမ္ဘာပြိုသလိုပဲ။ ဒီလိုနဲ့ မင်းရဲ့ အောင်သွယ်တော် ဇာတ်လမ်းမှာ ကိုယ်က ပါဝင်သရုပ်ဆောင်ရပြန်တယ်။ မင်းကတော့ လူတွေကြားထဲ နာမည်ကြီးနေမှာပေါ့ သူငယ်ချင်းတွေကို ကူညီတတ်သူကြီး ကိုယ်ကတော့ မျက်နှာများတဲ့ အသည်းစားဘီလူးမကြီးလား။ "ကဲ ဒီတခါနောက်ဆုံးပဲနော်" "ဟုတ်ပါပြီ ဟုတ်ပါပြီ လွင်ရယ် ကျေးဇူးတင်လိုက်တာ ဟီး ဟီး ""ရုပ်က ဘာဖြစ်နေတာလဲ မြင်းကြီးဟီနေသလိုပဲ ပေးဖုန်းနံပါတ် ငါ သွားတွေ့လိုက်မယ် ဒီတခါတော့ သုံးရက်လောက်ပဲ ရမယ် ""ဟမ် သုံးရက်လား သုံးရက်မဟုတ်ဘဲ ငါးရက် တစ်ပတ်လောက်တော့ တွဲပေးလိုက်ပါ ""နေခြည်လင်းလက် "ကိုယ် တကယ် စိတ်တိုခဲ့တာနေခြည်။ မင်းကတော့ ဘာမှမဟုတ်ပေမယ့် ကိုယ်ကတော့ မင်းတောင်းဆိုတာမို့ မချစ်တဲ့ သူတွေကိုတောင် ဟန်ဆောင်တွဲပေးခဲ့တာ။ ဟန်ဆောင်တယ်ဆိုပေမယ့် လည်း ပစ်ပစ်ခါခါ မလုပ်ပါဘူး အဆင်ပြေအောင်တော့ အလိုက်အထိုက်နေပေးခဲ့တာချည်းပဲ။ နောက်ဆုံးတစ်ယောက်ကတော့ အတော်ဆိုးဆိုးပဲ ။ ကိုယ် မကြိုက်တဲ့ အရာတွေအားလုံး အဲ့ ကျက်သတုံးဆီမှာ စုပုံနေသလိုပဲမို့ တစ်ရက်တောင် မခံဘဲ လမ်းခွဲခဲ့တယ်။ မင်းကို ဒီတခါ သေချာလေး ဆုံးမမယ်ဆိုတော့ ဖုန်းကစက်ပိတ်ထားတယ်။ ကျောင်းဝန်းထဲ အနှံ့လိုက်ရှာခဲ့ပြီး လူမေးသူမေးနဲ့ သိခဲ့တာက မင်းတစ်ယောက် ကန်တင်းမှာ ပွဲတော် တည်နေတယ်ဆိုပဲ။ "ဝါး အရသာ ရှိလိုက်တာ ဘဝနိဗ္ဗာန်ပဲ"ကိုယ်ကတော့ ဒေါသထွက်လိုက်ရတာ။ သူမအတွက် အစားကောင်းအသောက်ကောင်းစားနေရခြင်းသည် ဘာနဲ့မှ မလဲနိုင်သော ဘဝရဲ့ သာယာမှု့အစစ်လို့ကြွေးကြော်ပြီး စားနေသောက်နေလိုက်တာ စားပွဲပေါ်မှာ စားစရာတွေအပြည့်။ လက်ဖက်ထမင်း၊ ဗူးသီးငါးပေါင်းကြော်၊ ကြာဇံချက် နှင့် နို့ကော်ဖီခွက်အကြီးကြီးကလည်း ရှိနေပြန်သေးသည်။ အဲ့တာ ဘုရားစူး သူတစ်ယောက်တည်း စားတာတဲ့လား။ "ဟမ် ငုံးဥက တစ်လုံးထဲရယ်""ကြည့်စမ်းပါဦး ဘယ်သူက ကြာဇံချက်ထဲမှာ ငုံးဥ တစ်လုံးထဲ ထည့်လို့လဲ ကြာဇံချက်ဆိုတာ ငါးဖယ် ကြက်ရိုး ငုံးဥ နိုင်းချင်းနဲ့မှ စားကောင်းတာ............ကောင်လေး... စားပွဲထိုးလေး လာပါဦး အစ်မကို ငုံးဥ ထပ်ထည့်ပေး ကျသလောက်ပေးမယ်"............."ဝါး အခုမှပဲ ပိုကောင်းတော့တယ်"ငုံးဥလုံးလေးတွေ ဆယ်စားလိုက် ကြက်ရိုးကိုက်လိုက်နဲ့ ပတ်ဝန်းကျင်ကို ချောင်ထိုးထားပါသော မနေခြည်လင်းလက်။ "အတော်မှ အရသာရှိရဲ့လား အတန်းခေါင်းဆောင်" လွင်ထက် လက်ဦးသွားသည့် လူတစ်ယောက်ကြောင့် နေခြည် စားလက်စတွေပါ သီးကာ ချောင်းတွေ ထဆိုးကုန်တော့သည်။ ပုံစက တစ်ခုခုကို မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်နေတဲ့ပုံမို့ လွင် အကွယ်နားကနေပဲ ချောင်းကြည့်နေလိုက်သည်။ "နင် ဘယ်လိုဖြစ်လို့ ဒီရောက်လာတာလဲ ဒီချိန် လွင်နဲ့ ဒိတ်နေရမှာ မဟုတ်လား "သူမရှေ့က ခုံအလွတ်မှာ ဝင်ထိုင်တဲ့ ကောင်လေးက နှာတချက်မှုတ်လိုက်ရင်း လောကကြီးကို စိတ်ကုန်နေဟန်ဖြင့် နေခြည်မှာထားသည့် ကော်ဖီခွက်ကို အငြိုးတကြီးသောက်ချလိုက်လေသည်။ "နင် ပြောတော့ လွင်မီမီခိုင် ကလည်းငါ့ကို စိတ်ဝင်စားနေတာဆို "ဘုရားရေ ကိုယ်ဘယ်တုန်းက ပြောမိလို့လဲ နေခြည် ။ မင်း ဘာမဟုတ်တာတွေ ကုလားဖန်ထိုးတာပြန်တာလဲ။ "ဘာဖြစ်လာလို့လဲဟင် ""အတန်းခေါင်းဆောင် နင် စဉ်းစားကြည့် ""အင်း ဘာလဲ" "လွင်မီမီခိုင်က အရပ်ဘယ်နှစင်တီမီတာရှိလဲ ""အမ်..... အမ် .....ဘာလို့လဲ လွင်က ......လွင်က .....နေပါဦး ကျောင်းသားကိုယ်ရေးမှတ်တမ်းမှာ ငါမှတ်ထားပါတယ် ခြောက်ပေနဲ့ နှစ်လက်မ စင်တီမီတာနဲ့ဆို ဘယ်လောက်ပါလိမ့် ဘာလို့လဲ""အေး ငါက ဘယ်နှစ်လက်မလဲ""ဟမ်" "အာ မဟုတ်ပါဘူး ဘယ်နှပေလဲလို့မေးတာ ထားတော့ ငါက ငါးပေနဲ့ လေးလက်မကွာ ""ဘာလဲ လွင်က နင့်ကို သူ့လောက်အရပ်မရှည်လို့ ငြင်းလိုက်တာလား ""အဲ့လိုဆိုရင်တောင် ခံသာပါသေးတယ် အခုဟာက သူက ငါနဲ့ ချိန်းတွေ့တဲ့ အချိန် ဒေါက်ဖိနပ်ကြီးကလည်း စီးလာသေး ပြီးတော့ လမ်းမှာတွေ့တဲ့ သူ့သူငယ်ချင်းတွေက မေးတော့ ငါ့ကို သူတို့မြို့က လာလည်တဲ့ အထက်တန်းကျောင်းသားလေးလို့မိတ်ဆက်ပေးတယ် ""အင်း နင်က ပုနေတာကို ""အတန်းခေါင်းဆောင် .... မရီနဲ့ ငါဆက်ပြောမယ် သူနဲ့ငါ အတူထိုင်တော့ ငါက သူ့လက်ကလေးကိုင်မိပါတယ် ငါ့ကို ဂုတ်ကနေ ဆွဲမြှောက်ပြီး ကိုင်ပေါက်တယ် ကောင်းသလားပြော ကောင်းသလား ""နင်က ဘာလို့ သူ့ကို သွားထိတုန်း ခွင့်မပြုဘဲ မထိပါနဲ့လို့ငါမမှာလိုက်ဘူးလား ဟိုက ဒေါက်ဖိနပ်နဲ့ တက်နင်းမသွားတာကံကောင်းတယ် လက်ကိုက အငြိမ်မနေဘူး ""ဟ ပထမဆုံးချိန်းတွေ့တဲ့ ရက်မှာ လက်လေးတော့ကိုင်မှာပေါ့ ငါတို့က အမေတို့ခေတ် အဖွားတို့ခေတ်လည်း မဟုတ်ဘူး...ဘာပဲပြောပြော ငါ ခံလာရတယ် အဲ့တာ နင် ငါ့ကို ပြန်လျော်ပေး ""ဘာတွေလာပြောနေတာလဲ ဘာလဲ ငါတို့ အပေးအယူလုပ်တုန်းက အလျော်အစားမပါဘူး သွား နင့်ဟာနင် အဆင်မပြောတာ ငါ့လာ အပြစ်မတင်နဲ့" "အတန်းခေါင်းဆောင် နင် အဲ့လို ကူလီကူမာ မလုပ်နဲ့နော် နင် ငါ့ကို လွင်မီမီခိုင်နဲ့ အောင်သွယ်ပေးမယ်ဆိုလို့ငါပေးထားတဲ့ food boxဖိုးရယ် ဟိုနေ့က မုန့်ဆိုင်မှာ စားထားတာတွေရယ် ကုန်ကျတာကို ငါ အကုန် စာရင်းမှတ်ထားတယ် ပြန်ပေး အတန်းခေါင်းဆောင် ""ဆုတောင်းလေ ဆုတောင်း ဘာလို့ပြန်လျော်ရမှာလဲ နင့်ဘာသာ အဖြစ်မရှိတာလေ ""ပြန်ပေးနော် အတန်းခေါင်းဆောင် အဲ့တာ ငါ့မိဘတွေဆီက ငရဲအကြီးခံပြီး ကျူရှင်ဖိုးလို့ လိမ်တောင်းလာတာတွေ ပြန်ပေး ""မပေးဘူး ဘာဖြစ်ချင်လဲ&*())(&%$......""မပေးရင် *())%%^&*....."မြင်ပြီမလား လောကကြီးရေ ....... အချစ်က ကိုယ့်ကို ရောင်းပြီး တကယ် မုန့်ဝယ်စားတာဗျာ။ တတိုင်းမွှေး(19/11/22)A/N- တကယ်ပြောတာနော် နောက်အပိုင်းတွေ feedback တွေမရရင် updateမလာဘူးနော်။ ..........................................................................................

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now