(7)Unicode(new version)

1.1K 129 8
                                    

ကြိုးချင်းထားလို့ ကြိုးချင်းညှိ အိုးချင်းထားလို့ အိုးချင်းထိဆိုပဲ 

ကိုယ်သာ ကြိုးတစ်ချောင်းဆို မင်းက တကူးတက ညှိချင်စရာ မိုးပျံပူဖောင်းလေး

ခိုင်မြဲစွာ ဆွဲထားမယ် ဟိုးအဝေးလွတ်ထွက်မသွားအောင် 

"နိုင်ငံလုံးဆိုင်ရာ စကားရည်လုပွဲ မှာ ကျောင်းကိုယ်စားပြုသွားပြိုင်ရမယ် လွင် နင် ငါနဲ့အတူတူလိုက်ခဲ့ရမယ်နော် "

ကျေင်းက ပြုလုပ်ကျင်းပတဲ့ ပွဲတွေတိုင်းမှာ တက်ကြွစွာ ပါဝင်လေ့ရှိပြီး ရှိသမျှဆုတွေသိမ်းကြုံးယူနိုင်တဲ့ မင်းက တကယ့်ကို တော်တဲ့ လူလိမ္မာလေးတစ်ယောက်။ ဆရာဆရာမတွေက တော်လို့ချစ်သလို  ကျောင်းသားကျောင်းသူတိုင်းကြားမှာလည်း နာမည်ကြီးပြန်တယ်။ တကယ်ဆို ကိုယ်နဲ့ မင်းဆန့်ကျင်ဖက်တွေချည်းပဲ နေခြည်ငယ်။ 

ရေလိုက်ငါးလိုက် နေတတ်တဲ့ကိုယ်နဲ့ ကြိုးစားလွန်းတဲ့မင်းး အခုချိန်ထိတော့ အဆင်တွေပြေနေသေးတာပဲနော်။ 

တခြားမြို့ကို သွားပြိုင်ရတဲ့ ပြိုင်ပွဲမှာ ကိုယ်တို့ ကျောင်းက ကျောင်းသားကျောင်းသူတွေချည်း ခြောက်ယောက်။ တကယ်တော့ မိန်းကလေးအဖော်မပါတဲ့ မင်းအတွက် မင်းအိမ်က ကိုယ်နဲ့ စိတ်ချတယ်လို့ပြောကတည်းက ကိုယ့်မှာ ချက်ချင်းလက်ငင်း ကိုယ်ရံတော်ဘဝရောက်သွားသလို။ မနက်အစောကြီး အဆောင်ကနေ မင်းအိမ်ကို ထွက်ရမယ့် နာရီထက် တစ်နာရီစောရောက်သွားခဲ့လို့ မင်းတို့ မိသားစုတွေကတောင် အံ့အားသင့်နေခဲ့သည်။ 

ကိုယ်လာမှ အိပ်ယာကနေ ကမန်းကတန်းထတဲ့ မင်းဟာ ကိုယ့်ကို အပြစ်တင်နေခဲ့သေးတာပဲ။ 

လွင် မီမီခိုင်လို့မဟုတ်ဘဲ လူသားနှိူးစက်လို့ နာမည်ပြောင်းထားပါလားတဲ့။ ကိုယ့်ဇီဝ ဖြစ်အင်တွေအကုန်လုံးက မင်းမို့လို့ အထူးတလည် လည်ပတ်နေတာပါ နေခြည်။  

အိပ်ချင်မပြေသေးလို့ ဆိုကာ ကိုယ်ဖျော်လာတဲ့ ကော်ဖီတွေလည်း လမ်းမှာတင်သောက်ပစ်တာ ကုန်ရောပဲ။ ဒါတောင် လမ်းမှာ စားဖို့ ယူလာတဲ့ အသားညှပ်ပေါင်မုန့်တွေကို ပြောင်အောင်စားပြီး ထပ် အိပ်သေးတာ..... မင်းကလေ တကယ် အပူအပင်ကင်းလိုက်တာများ။ 

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now