(22)zawgi

47 6 0
                                    

ဧည့်ခန်းထဲက ဆိုဖာခုံပေါ်မှာ ခြေချိတ်ထိုင်နေတဲ့ အဲ့ဒီအမျိုးသမီးကို ခတ္တာ တကယ်ကြည့်မရတော့ဘူး။ ရှည်သွယ်တဲ့ အရပ်အမောင်း၊ ဖြူဝင်းတဲ့ အသားအရေ၊ ပြီးတော့ အတော်လေးလှတယ်လို့ ပြောလို့ရတဲ့ မျက်နှာကျနဲ့ စတိုင်သိပ်မိတဲ့ အမျိုးသမီးကို ခတ္တာ အကြောင်းမဲ့ မုန်းနေတာတော့မဟုတ်။ သူများတကာရဲ့ ကြည်နူးနေတဲ့ နှစ်သစ်မနက်ခင်းလေးကို အချိန်ကိုက်ရောက်လာပြီး ဖျက်ဆီးတဲ့ ဒီအမျိုးသမီးက သူမချစ်နေရတဲ့သူရဲ့ ...အင်း ဘယ်လိုခေါင်းစဉ်တပ်ရရင်ကောင်းမလဲ။ မ,က အခုနက မိတ်ဆက်ပေးတာတော့ သူငယ်ချင်းလို့ပြောသွားတယ်။ ဒါပေမယ့် အဲ့ဒီအမျိုးသမီးက မ,အပေါ် သူငယ်ချင်းထက်မကဘူးဆိုတာ ခတ္တာ မြင်စကတည်းက သိတယ်။တကယ်ဆို နေထွက်တာကို ကြည့်ရင်း မ,ကို ချစ်ခွင့်ပန်ဖို့ ပြင်ဆင်လာတာလေ။ ကျစ်..အချိန်ကိုက်ကြီး ရောက်လာရသလား။ ပိုဆိုးတာက အဲ့ဒီအမျိုးသမီးနာမည်ကို ကြားလိုက်ရတော့သူ့အစီအစဉ်တွေ နှောင့်နှေးကုန်ပြီဆိုတာ ပိုသေခါသွားရသည်။ မုန်းလိုက်တာ ...အဲ့ဒီ လွင်ဆိုတဲ့ အမျိုးသမီးကို ခတ္တာတကယ်မုန်းရပါသည်။"ချာတိတ် ကိုယ့်ကို တခုခု ပြောစရာရှိနေလား"မျက်နှာချင်းဆိုင်က အမျိုးသမီးက ထုတ်မေးလာတော့ ခတ္တာ မလုံမလဲဖြစ်ရပြန်သည်။ မ,က မီးဖိုဆောင်ထဲမှာ စားစရာတစ်ခုခုလုပ်နေလို့ သူတို့နားရှိမနေ။ အပြုအမူနဲ့ စကားပြောပုံအရ ခေလှတဲ့သူမဟုတ်ကြောင်း ခတ္တာ ခန့်မှန်းမိသည်။ သူမထက်မလျော့တဲ့ အရှိန်အဝါမျိုးပြန်ဖမ်းလိုက်ကာ ခတ္တာ ခပ်တည်တည်ပဲ စားပွဲပေါ်က ဆေးလိပ်ကို ကောက်ယူမီးညှိလိုက်သည်။ တရှိုက်လောက် ဖွာပြီးမှ ...."အဒေါ်ကြီးက မ,ရဲ့ သူငယ်ချင်းလား"ခွီး...ရယ်ချင်စရာကောင်းလိုက်တာ မျက်နှာကြီးက အဒေါ်ကြီးလို့ခေါ်လိုက်လို့ ဖြစ်ပျက်သွားတာများဗျာ။ဒါပါးပါးလေးပဲရှိသေးတယ် .... ခတ္တာခင်လေ တခြားသူမှ မဟုတ်တာ။"သူငယ်ချင်း... အင်း အခုထိတော့ သူငယ်ချင်းလို့ပဲပြောရမှာပေါ့ အဟင်း ဟင်း မကြာခင်မှာဆိုရင်တော့ တမျိုးတစ်ဖုံဖြစ်လာနိုင်တယ်လေ""အော် မ,ပြောဖူးတယ် ကလေးမွေးစားမယ်တဲ့ အဲ့တာ ကလေးမမွေးစားတော့ပဲ အဒေါ်ကြီးကို မွေးစားမို့လား ကောင်းပါတယ်လေ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တာ မ,အတွက် ကုသိုလ်ရတာပေါ့""နေခြည်လေးနဲ့ ကိုယ်က အသက်အတူတူပဲ တစ်လပဲကွာတယ် ကိုယ်က ဒီဇင်ဘာဖွား သူက ဇန်နဝါရီဖွား မွေးနေ့ဆိုမှ အမှတ်ရတယ် ကိုယ်တောင် သူ့မွေးနေ့အတွက် ကြိုပြီး လက်ဆောင် အထူးစပယ်ရှယ်ပြင်လာတယ် အဟင်း နေခြည်ရေ ကိုယ် မင်းကို ပေးစရာရှိတယ်"ကြွားနေသေးတယ်။ မွေးနေ့လက်ဆောင်တဲ့လား။ ခတ္တာတို့ကတော့ နေ့တိုင်းရက်တိုင်း သတိတရနဲ့ ပေးတဲ့ လက်ဆောင်တွေဆိုတာ မနည်း။ ကိုယ်ချစ်သူကို ပေးတာပဲ နေ့ထူးနေ့မြတ်မဟုတ်လား ပေးလို့ရတာပဲကို သူ့ကျမှ အဆန်းလုပ်လို့။မီးဖိုဆောင်ထဲက ထွက်လာတဲ့ မ,လက်ထဲမှာ မုန့်ဗန်းတစ်ချပ်ကိုင်လာတာကို မြင်တော့ ခတ္တာအပြေးလေး ထယူပေးလိုက်သည်။ အပေါ်ယံတွေမလိုဘူး အလိုက်ပဲ သိရတယ်ဆိုတာ ကြွားစိန်အဒေါ်ကြီးတို့ သဘောမှ ပေါက်ပါရဲ့လား။ မ,က သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီး ထိုအဒေါ်ကြီး ဘေးနားကို ဝင်ထိုင်ဖို့လုပ်တော့ သူက အရင်ဦးအောင် မ, ထိုင်နေကျ ဆိုဖာခုံလေးကို ရှေ့တွန်းပို့လိုက်သည်။ အဒေါ်ကြီးကတော့ သူ့ကို တချက်ကြည့်ပြီး ရယ်ပြန်သည်။ တိုးတိုးလေးပဲ။ ဒါမ,ရှေ့မှာမို့ သူတော်ကောင်းယောင်ဆောင်ပြနေတာပဲရှိမှာ။"မင်းအတွက်လက်ဆောင်ပါ နေခြည်ငယ်"ခပ်ကြွားကြွားလေးပြောပြီး အပေါ်ဝတ် အင်္ကျီလက်ရှည်ကို ဆွဲတင်လိုက်သည့် ထိုအဒေါ်ကြီးရဲ့ လက်ဆောင်ဆိုတာကို ခတ္တာနည်းနည်းတော့ စိတ်ဝင်စားသွားသည်။"မဖြစ်နိုင်တာ"မြင်လိုက်ရတော့ ရုတ်ချည်းထွက်သွားသည့် အာမေဋိတ်စကားက သူ့ထံမှဖြစ်နေတော့ ခတ္တာကိုယ့်ကိုယ်ကိုပင် မကျေမနပ်ဖြစ်သွားရသည်။ ဒါကြီးက ဘယ်လိုအကဲပိုတာကြီးလဲ။ လက်ကောက်ဝတ်အတွင်းဘက်မှာ ထိုးထားသည့် တတ်တူးက မ,အတွက် မွေးနေ့လက်ဆောင်တဲ့လား။ ကာနေးရှင်းပန်းလေးတစ်ပွင့်နှင့် အောက်ခြေမှာ ရေးထားသည့် နေခြည်ဆိုသည့်အင်္ဂလိပ်စာလုံး....တက်တူးလေးတစ်ခု။သဘောတကျဖြစ်နေသည့် မ,အပြုံးတွေနဲ့ အတူ ထိုအမျိုးသမီးထံမှ ခပ်ဝင့်ဝင့် အကြည့်တစ်ချက် ကိုမြင်ပြီးသည်နှင့် တပြိုင်နက် ခတ္တာ တစုံတစ်ခုကို အမှတ်ရမိလိုက်သည်။နာစစ်စပ်ပန်းနှင့် L ဆိုသည့်စကားလုံးပုံတက်တူးဒီဇင်ဘာလမှာမွေးတယ်ဆိုတဲ့ အမျိးသမီးရဲ့ နာမည်က လွင်တဲ့။အားလုံးသည် ခတ္တာအတွက်တော့ ထိချက်ပြင်းတဲ့ မျှားဒါဏ်တွေချည်းသာ။ ဒါတောင် နှလုံးသား တည့်တည့်ကို စူးစိုက်ဝင်တဲ့ မျှားချက်တွေ။ သေလောက်အောင် နာတယ်။တောက်ခ်သိတယ်။ ကိုယ့်ကိုယ်ကို လွန်သွားမှန်းလည်းသိတယ်။ မထိန်းနိုင်တဲ့ ဒေါသကြောင့် တောက်တစ်ချက်ခေါက်မိပြီးမှ မ,ကို အားနာရလို့ ထိုင်ရာကနေ ထ ထွက်လာလိုက်သည်။ အခန်းအပြင်ဘက်၊ တိုက်အပြင်ဘက် ....ခပ်ဝေးဝေးဆီသို့ ထွက်ခဲ့တော့သည်။နေခြည်လင်းလက်ဆိုတဲ့ အမျိုးသမီး လျို့ဝှက်ချက်တွေများလွန်းသည်။ အဲ့ဒီလျို့ဝှက်ချက်တွေထဲ သူ့ရင်ကို စုတ်ပြတ်သပ်စေသော အကြောင်းတရားတွေက ဘယ်နှခုများပါမလဲ။အား ...........အားအာခေါင်ခြစ်ပြီး အော်ဟစ်လိုက်တော့ လမ်းမပေါ်က လူတွေလှည့်ကြည့်မှာ အသေအချာ။ ဂရုမစိုက်ဘူး။ ခတ္တာခင်က ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး လောကကြီးရဲ့။ အဟင်း လွင်ဆိုတဲ့ အမျိုးသမီးရဲ့ လှောင်ပြုံးတွေဆို ပိုလို့တောင် ဂရုမစိုက်ဘူး။ခတ္တာခင်က နေခြည်လင်းလက်တစ်ယောက်ကိုပဲ ဦးထိပ်ထားတာ......................................................ညက တော်တော်သောက်လိုက်မိတာကြောင့် အိမ်မပြန်ဖြစ်။ နောင်တတော့ရချင်သလိုပဲ ...တိုက်ခန်းမှာ ကျန်ခဲ့တဲ့သူနှစ်ယောက်အကြောင်းစဉ်းစားမိတော့ပေါ့။ တက္ကစီပေါ်ရောက်မှ ဖုန်းကို ဖွင့်ကြည့်မိသည်။ မကိုင်ဖြစ်လိုက်သော ဖုန်းကောလ်အချို့နှင့် မဖတ်ရသေးသောစာတိုများစွာကြောင့် ပြုံးလိုက်မိသည်။ ဖုန်းမကိုင်လို့စိတ်ပူနေကြောင်းနဲ့ သူအဆင်ပြေရဲ့လားလို့မေးထားတဲ့ မ,ရဲ့ စာများစွာ။မေပယ်ပင်တန်းကိုရောက်တဲ့အခါ အပေါ်မော့ကြည့်လိုက်မိသည်။ အပြာရောင်လိုက်ကာစတွေ ကာရံထားသော မှန်ပြူတင်းက ပိတ်လျှက်သား။ အရင်က သူ ညအိပ်မပြန်ဖြစ်တဲ့အခါမျိုးဆို စိုးရိမ်တကြီးစောင့်မျှော်နေတတ်သော အမျိုးသမီးတစ်ဦးကို ဒီပြူတင်းတံခါးမှတွေ့ရတတ်သည်။ သူ့ကိုမြင်တဲ့အခါ စိတ်ဆိုးချင်ယောင်ဆောင်ပြီး မှန်တံခါးကို ဆောင့်ပိတ်လိုက်မယ် ပြီးရင် အိမ်ထဲဝင်ဝင်ချင်း လက်ပိုက်လျှက် ခပ်တည်တည်မျက်နှာပေးနဲ့ ရပ်နေပြီး ဆူပူတော့မယ်။ အဟင်း....အဲ့ဒီအချိန်တွေကို နောက်ထပ်ပြန်မရနိုင်တော့ဘူးထင်ပါရဲ့။မျှော်လင့်ထားတဲ့အတိုင်းဘယ်သူမှ ရှိမနေတဲ့ အိမ်တံခါးကို ကိုယ့်ဘာသာပဲ ဖြတ်လျှောက်လာရတယ်။ ချောက်ခနဲ တံခါးဖွင့်သံနှင့်အတူ မ,အခန်းထဲက ထွက်လာသည့် လွင်ဆိုတဲ့ အမျိုးသမီး။ ကာတွန်းရုပ်တွေပါတဲ့ ညအိပ်ဝတ်စုံအပြာရောင်က သေချာပေါက် မ,ရဲ့ဟာ။ သူ့ကိုမြင်တာနဲ့ ခနဲ့တဲ့တဲ့ ပြုံးပြပြီး လှည့်ထွက်သွားတဲ့ အမျိုးသမီးက သတ်ချင်စရာ။ အခန်းတံခါးသော့ကို လက်လှမ်းနေတုန်း ကြားလိုက်ရသည်က...."နေခြည့်ကို သွားမနှိုးနဲ့ဦး ညကပင်ပန်းထားလို့ အိပ်ပါစေ""ဘာ"ခပ်အေးအေးပြောတဲ့ စကားသံအဆုံးမှာ ခတ္တာဒေါသထွက်သွားလို့ အခန်းတွင်းကို လှမ်းနေတဲ့ ခြေလှမ်းတွေက သူမနဲ့ မျက်နှာချင်းဆိုင်စေလိုက်သည်။ အရပ်ရှည်တဲ့ ဒီအမျိုးသမီးက လက်ပိုက်ထားရင်း ပြုံးနေပုံက ခတ္တာ့ကို ဒေါသပိုထွက်စေသည်။"ခင်ဗျားတို့ ညက ....ညက"ဒေါသကြောင့်တုန်ယင်နေတဲ့ ခတ္တာစကားမဆုံးခင် ဖြတ်ပြောလာသည်။"အော် ညတုန်းက တို့နှစ်ယောက် စကားတွေထိုင်ပြောနေကြတာလေ မင်းသိတဲ့အတိုင်းပဲ တို့နှစ်ယောက်ကြား အမှတ်တရတွေများလွန်းတော့ စကားပြောရင်း ပြောရင်း မိုးလင်းမှပဲ အိပ်ပျော်သွားကြတယ်"ဟွန့်....ဒါများစကားကိုအသားယူပြောနေသေးတယ်။ ဒီအဒေါ်ကြီးက သူ့ကို သက်သက်မဲ့ ဒေါသလာဆွနေတာ အသိသာကြီး။ ပြန်လည်တုံ့ပြန်မနေတော့ဘဲ ခတ္တာလှည့်ထွက်ခဲ့လိုက်တော့သည်။ မ,အခန်းထဲ ဝင်သွားတာကို မြင်လိုက်ပေမယ့် ဟိုအဒေါ်ကြီးကလည်း ဘာမှမပြောတော့ဘဲ မီးဖိုချောင်ဘက် ဝင်သွားတာ မြင်လိုက်သည်။ အခန်းထဲက တစ်ယောက်အိပ်ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေသည့် ခတ္တာ ချစ်ရသောသူ။ တကိုယ်လုံးကို အလုံထုပ်ထားပြီး မျက်နှာလေးတောင်မှ နှာခေါင်းလေးပဲ ဖော်ကာ အိပ်တတ်သော ထူးထူးဆန်းဆန်းအကျင့်ရှိသည့် မ, က အိပ်နေပုံလေးကတောင် ချစ်စရာကောင်းသည်။ လောင်းကုတ်ကို ချွတ်လိုက်ပြီး ကုတင်ပေါ်တက်ကာ မ,ဘေးနား ဝင်လှဲလိုက်သည်။နွေးနေတာပဲ။ ပြီးတော့ မွှေးပျံ့နေသည့် လာဗန်ဒါရနံ့တွေလည်းရသည်။ သတိရလို့ခေါင်းထောင်ကြည့်လိုက်တော့ ဘေးနားက စာကြည့်စားပွဲမှာ တင်ထားသည့် လာဗန်ဒါပန်းအိုးကြီး။ ယူလာတဲ့ သူလိုပဲ မျက်စိနောက်စရာကောင်းချက်။ အကြည့်လွှဲကာ အိပ်နေတဲ့ မ,ကိုပဲ နောက်ကနေ သိုင်းဖက်လိုက်သည်။"မ,က ငါ့ကောင်မလေး မ,က ငါ့အမျိုးသမီး မ,က ငါ့အတွက်ပဲ"စိတ်ထဲကနေ ဂါထာမန္တန်တွေရွတ်သလို တဖွဖွရွတ်ဆိုနေရင်းမှ အားပါသွားသဖြင့် ဖက်ထားသော လက်တွေပိုတင်းကြပ်သွားရသည်။"အင်း ....ခတ္တာလား"နိုးသွားသည်ထင်.... အက်ရှရှ အသံလေးနှင့်မေးလာသည်။"ကျွန်တော် ပြန်ရောက်ပြီ မ"ဒီလိုလေးပဲ ကပ်ချွဲရပြန်တာပေါ့။ တကယ်ဆို မနေ့ညက အခြေနေက ခတ္တာ စိတ်ကောက်သင့်တယ်မလား။ သို့ပေမယ့် နေခြည်လင်းလက်ဆိုတဲ့ ကောင်မလေးကိုသာ စိတ်ကောက်ရင် ပြန်ချော့ခံနိုင်မယ့် အခွင့်အရေးမရှိသလို ဘာလို့စိတ်ကောက်သွားတယ်ဆိုတာတောင် သိမှာ မဟုတ်။ အော်..... ခတ္တာခင့်ဘဝက ကြေကွဲစရာကြီးပါလား။"ညက ဖုန်းတွေခေါ်ထားသေးတယ် စာလည်းပို့ထားတယ်""အင်း""ဘာလို့ဖုန်းမကိုင်တာလဲ ခတ္တာ""အင်း...မသိလိုက်ဘူး""ညက ဘယ်မှာရှိနေတာလဲ""အင်း...ကလပ်မှာ""ခတ္တာ ....စကားပြောရအောင်""အင်း...မအင်း..အဲ့ မပြောချင်ဘူး""ဒါဆို တို့ပြောတာနားထောင်""နားမထောင်ချင်ဘူး မပြောနဲ့ ဘာမှ"တကယ်လည်း ခတ္တာနားမထောင်ချင်သလို ဘာမှလည်းမပြောချင်ပါ။ သက်ပြင်းတချက်ချသံတိုးတိုးလေး ကြားလိုက်ရပြီးနောက် မ,ခန္ဓာကိုယ်လှည့်လာတာကို ခံစားမိလိုက်သည်။ မျက်လုံးမှိတ်ထားတာမို့ သူ့နဖူးပြင်ကို လာရောက်ထိတွေ့တဲ့ ထွက်သက်နွေးနွေးကို ခံစားမိတဲ့ အခါ မနဲ့သူ မျက်နှာချင်းဆိုင်ဖြစ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။"မနေ့က ခတ္တာ ဘာဖြစ်သွားမှန်း တို့မသိဘူး .....မသိစေချင်ဘူးဆိုရင်လည်း သိဖို့မကြိုးစားတော့ပါဘူး ပြောချင်တာက တစ်ခုတည်းပါ ခတ္တာက တို့အတွက် သိပ်ချစ်ရတဲ့ ညီမလေးပါ"အော် ညီမလေးတဲ့လား ။ ခန့်မှန်းပြီးသားပါ။ ရင်ထဲနင့်နေအောင် နာပေမယ့် သိပ်တော့ ဟန်မပျက်တော့ဘူး။ မ,ရင်ခွင်ထဲကို မျက်နှာအပ်လို့ မ,ကိုယ်လေးကို ပိုတိုးပြီးဖက်ထားလိုက်တယ်။"ပြီးတော့ ခတ္တာ သိဖို့လိုမယ်ထင်လို့ပါ လွင် လွင်က တို့အတွက် ...တို့ဘဝအတွက် အရေးပါတဲ့သူတစ်ယောက်ပါ""မပြောနဲ့တော့လို့ မသိချင်ဘူး မကြားချင်ဘူး"ဝုန်းခနဲ ထ ထိုင်လိုက်ကာ မျက်နှာကို စိုက်ကြည့်ရင်း အော်ပြောလိုက်တာကြောင့် မ,သူ့ကို အံဩသွားမှာပေါ့။ အိပ်ယာထက်မှာ ပက်လက်လေးဖြစ်နေပြီး သူ့ကို မော့ကြည့်နေသည့် မ,ဟာ မနက်ခင်း နေခြည်တွေထက်တောင် ပိုတောက်ပနေသေးရဲ့။"ခတ္တာခင်က ဘယ်သူ့အကြောင်းမှ စိတ်မဝင်စားဘူး ဘယ်သူကိုမှလည်း ဂရုမစိုက်ဘူး""ခတ္တာ တို့ တို့ပြောချင်တာက""မပြောနဲ့ မပြောနဲ့ ဒီပါးစပ်က ထွက်တဲ့စကားလုံးတွေက တခြားသူအကြောင်းပြောရမှာမဟုတ်ဘူး မ,ရဲ့ ဒီပါးစပ်တွေက အသုံးပြုရမယ့်နေရာသပ်သပ်ရှိတယ်"ပြွတ်စ် အွင်းပြွတ်စ်စိတ်မထိန်းနိုင်စွာ ခပ်ကြမ်းကြမ်း ဖိကပ်နမ်းလိုက်မိသည်က ခတ္တာ အနှစ်နှစ်အလလ မျှော်လင့်နေခဲ့ရတဲ့ နှုတ်ခမ်းတစ်စုံ။ နူးညံ့နွေးထွေးပြီး ယစ်မူးဖွယ် နှုတ်ခမ်းပါးလေးတွေဟာ ခတ္တာခင့်တစ်ယောက် ကျရှုံးဖို့ လုံလောက်သည်ထက်တောင် ပိုနေခဲ့ရပါ၏။ တွန်းဖယ်နေသော လက်နှစ်ဖက်ကိုလည်း သေချာချုပ်ကိုင်ကာ ကိုယ်ပေါ်မှ အုပ်မိုးလျှက် အနမ်းကြမ်းတွေပေးမိနေသူဟာ ဘာကိုမှ ဂရုမစိုက်တော့။ပြွတ်စ်ချိုမြိန်တဲ့ အနမ်းတွေကြား မျက်ရည်စီးကြောင်းတချို့ကို ခံစားထိတွေ့မိပေမယ့် ခတ္တာခင် တစ်ယောက် လက်မလွတ်နိုင်ဘဲ မွတ်သိပ်စွာ ရှေ့ဆက်မိတဲ့ အနမ်းတွေကို ဘယ်တော့မှ နောင်တရတော့မည်မဟုတ်။ နာကျင်ရမယ့် နောင်တတွေနဲ့ စာလို့ရှိရင် လက်တွေက အနမ်းတွေကိုပဲ အမှတ်တရသိမ်းဖို့ ဆုံးဖြတ်ထားပြီးသားပါ။"မငိုပါနဲ့ မငိုပါနဲ့ ခတ္တာက မ,ကို သိပ်ချစ်လို့ပါလေ"တတိုင်းမွှေး(29/12/22)....................................................................

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now