32(unicode)

1.4K 94 16
                                    

"အရာအားလုံးရဲ့ အစဟာ ဘယ်တော့မှ ရှိမလာခဲ့ရင် ကောင်းမယ်"

လွန်ခဲ့တဲ့ သုံးနှစ်ကညတစ်ညမှာ သူမြေအောက်ရထားဘူတာရုံကို မသွားခဲ့မိရင်ကောင်းမယ်။ မဟုတ်လည်း အဲ့ဒီနေ့က ဆုံခဲ့ရသူကို မစွဲလန်းမိရင်ကောင်းမယ်။ ဒါမှမဟုတ် ခတ္တာခင်ဆိုတဲ့ သူမ ဘယ်တော့မှ မွေးဖွားမလာခဲ့ရင် ပိုကောင်းမှာပေါ့။

အခုတော့ အပြစ်ရှိပါတယ်လို့ ကိုယ်တိုင်ကိုယ်ကျ ဝန်ခံပြီးတာတောင် နေ့ရောညပါ ခြောက်လှန့်နေတဲ့ စိတ်ဟာ ဥပါဒါန်အစွဲတွေကြောင့် ဘေးသင့်ရပြီထင်ပါရဲ့။ သံတိုင်ပတ်လည် ကာရံထားတဲ့ အခန်းကျဉ်းလေးဟာ သူ ပုန်းခိုဖို့ နေရာတစ်ခုဟုတ်ခဲ့ဟန်မတူ။ ဘယ်နေရာကို သွားပြီး သူ့အပြစ်တွေ ဆေးကြောရမလဲလို့ ခတ္တာ စက္ကန့်မလပ်တွေးဖူးသည်။ အဖြေဟာ နတ္ထိ။ တကယ်တော့ ဘုရားသခင်က သူ့ကို ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကို ပိုအပြစ်ပေးချင်ပုံရသည်။

ချစ်ရသူအပါ်မှာတော့ ရိုးသားချင်တယ် မုန်းတယ်ဆိုရင်တောင် စိတ်မနာဖို့ ဆုတောင်းမိပါရဲ့ အို ....စိတ်နာသွားတော့ရော ဘာအရေးလဲလေ .... "နောင်သံသရာ အဆက်ဆက် မင်းနဲ့ မတွေ့ပါရစေနဲ့" လို့ ပြောသွားတာကို ကြည့်ချင်းအားဖြင့် ခတ္တာခင်တစ်ယောက် ချစ်ရသူထံမှ အမုန်းတွေပါ ရသွားပြီထင်ရဲ့။

ခတ္တာခင်ရူးမိုက်ခဲ့မိပါသည်။ နေခြည်လင်းလက်ဆိုတဲ့အမျိုးသမီးကို ချစ်လွန်းအားကြီးလို့ ဒီလိုတောင် ရူးမိက်ခဲ့မိပါသည်။

"ချစ်မိရုံကလွဲပြီး အပြစ်မရှိပါ မ,ရယ်"

လွင်မီမီခိုင်ဆိုတဲ့အမျိုးသမီးကို သေနတ်နဲ့ ပစ်သူဟာ သေချာပေါက် ခတ္တာမဟုတ်ပါ။ မ,ရဲ့ တသက်တာ အမြင်မှာ စွဲထင်နေမယ့် အနိဌာရုံမှာ သူမပါဝင်ချင်။ စေခိုင်းသူဆိုပေမယ့် အနည်ဆုံးတော့ မျက်နှာဖုံးတပ်ရမယ် မဟုတ်လား။ ခတ္တာ နဲ့ သွေးသားတော်စပ်သည့် သမီးဖြစ်သူကို စောင့်ရှောက်ပေးပါဆိုတဲ့ ကတိကိုတောင်းပြီး ခတ္တာအလိုရှိရာကို လုပ်သွားပေးသူက ဖိုးဖိုးရဲ့ အတွင်းရေးမှုးအမျိုးသမီး။ ခတ္တာကတော့ ဒီအတိုင်းလေးပဲ ရပ်ကြည့်နေရုံပါ။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now