(3)unicode(new version)

1.4K 133 3
                                    

ရိုးရှင်းမှုတွေထဲ တိုးဝင်ခဲ့တာ လူသားတစ်ယောက်

ငြိတွယ်ရာဖြစ်ခဲ့ရတာက ဘဝတစ်လျှောက်

အဆုံးသတ်မှာ ပျော်စရာဇာတ်သိမ်းဖြစ်ရပါလို၏........

ကိုယ့်ဆုတောင်းတွေဟာ အစကနေ အဆုံးတိုင် မပြောင်းလဲခဲ့ပါ။ တွယ်ငြိစရာရယ်လို့ သိပ်မရှိတဲ့ ကိုယ့်ဘဝမှာ မြင်မြင်ချင်းမေတ္တာသက်ဝင်မိသူ မင်းနဲ့ ပတ်သတ်ရင် ငိုကြွေးရခြင်းတွေလည်း ကင်းစေချင်ခဲ့တာ။ 

ပြဇာတ်တင်ဆက်လို့ပြီးဆုံးချိန် လိမ္မော်ရောင် လီလီပန်းစည်းကြီးနဲ့ ကိုယ့်ဆီရောက်ချလာတဲ့ မင်းက အနုပညာအသင်းခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေလည်း မလစ်ဟင်းစေခဲ့ဘူး။ 

"ငါတို့ ခေါင်းဆောင် မင်းသမီးတာဝန်ကျေပါတယ် ဒါက အကောင်းဆုံးလုပ်နိုင်ခဲ့လို့ ဂုဏ်ပြုပါတယ်နော် "

မင်းယူဆောင်လာတဲ့ ပန်းတွေ မင်းရဲ့ ကိုယ်သင်းရနံ့လိုပဲ မွှေးပျံ့တယ်။  မင်းရဲ့ ချီးမွမ်းစကားတွေ မင်းအပြုံးတွေလိုပဲ ကိုယ့်ရင်ကို အေးမြစေတယ်။ မင်းက ကိုယ့်အတွက် ပြည့်စုံသော သက်ရှိအနုပညာပြယုဂ်။ 

ပခုံးချင်းယှဉ်ပြီးလျှောက်လာခဲ့တဲ့ ငုဝါပင်တန်းမှာ ကိုယ့်ရင်တွေခုန်နေတာ မင်းမသိခဲ့ဘူး မဟုတ်လား။ အပြာနုရောင် ဂျင်းကျောပိုးအိတ်လေးကို ပခုံးစွန်းမှာ ချိတ်ပြီး လမ်းမှာ တွေ့သမျှအပင်တွေရဲ့ အကိုင်းတွေကို မမှီတမှီ ခူးယူခြွေဖဲ့နေတာ များ ကိုယ့်နှလုံးသားလေးတောင် ဘာမဆိုင်ညာမဆိုင် အဲ့ဒီအကိုင်းအခက်တွေနေရာ အစားဝင်မိချင်တဲ့ အထိပဲ။ အင်း.... ဒီလိုဆို မင်းလက်ထဲ အရောက် လိုလိုလားလား သက်ဆင်းကြွေကျပေးလိုက်မှာ။ 

"အိမ်မပြန်ချင်သေးဘူး "

ရုတ်တရက်ထပြောတဲ့ မင်းရဲ့ မျက်ဝန်းတွေဟာ ကိုယ်နဲ့ အတူအချိန်ဖြုန်းချင်တယ်လို့ တဖတ်သတ်မှတ်ယူချင်စရာကောင်းအောင် ညှို့နေတယ်။ 

"အဲ့တာဆို ဘယ်သွားချင်လဲ နေခြည် "

"ဒီမြို့မှာ ငါ သွားချင်တဲ့ နေရာက မရှိတော့သလောက်ပဲ "

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now