(15)Zawgi

50 8 0
                                    

အချိန်နာရီတွေက တိုက်စားသွားတဲ့ ပြောင်းလဲခြင်းများစွာက ကိုယ့်ထံမှာ ဖြစ်တည်လာတဲ့တယ် နာမည်နဲ့ ကိုယ်ရေးရာဇဝင်တွေ၊ သိပ်ကြိုက်လွန်းလို့ နှစ်ခြိုက်စွာ ကျင့်သုံးလာခဲ့တဲ့ အမူအကျင့်တွေရယ်၊ အရာရာဟာ တကယ်ကို အခြားတစ်ယောက်လိုဖြစ်လာခဲ့တယ်။ ဖြစ်အောင်လည်း ကိုယ်ကြိုးစားခဲ့ရတယ်။ နောက်ပြန်လှည့်ကြည့်လိုက်တော့ မင်းကို ချစ်တဲ့ ချစ်ခြင်းတရားအပြင် ကိုယ့်မှာ ဘာဆိုဘာမှ မရှိတော့ဘူး နေခြည်ငယ်ရယ်။နီယွန်မီးရောင်စုံတွေဖြင့် စည်ကားသော မြို့တွင်းတစ်နေရာ .....အချိန်အားဖြင့် သန်းခေါင်ယံကျော်လုဆဲဆဲဖြစ်သည်။Casino လို့အမည်တပ်ထားတဲ့ အထပ်မြင့်အဆောက်အအုံကြီးရှေ့မှာ အနက်ရောင်ကားတစ်စီးဆိုက်ရောက်လာခဲ့တယ်။ အပေါက်ဝမှာ အဆင်သင့်စောင့်နေတဲ့ လုံခြုံရေးဝန်ထမ်းလေးတစ်ယောက်က ကားတစ်ခါးကို ဖွင့်ပေးလိုက်တဲ့အခါ အရပ်ရှည်ရှည်နဲ့ လူတစ်ယောက်ဆင်းလာတယ်။ အနက်ရောင် ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး ခေါင်းစွပ်ပါဆောင်းထားတာကြောင့် မျက်နှာကိုမမြင်ရ။ မျက်နှာထက်ကို တဝက်တပျက်ဝဲကျနေတဲ့ ဆံနွယ်ရှည်တွေရယ်၊ အမြဲတပ်ဆင်ထားတဲ့ အနက်ရောင် mask ရယ်ကြောင့် အမျိုးသမီးတစ်ယောက်ဖြစ်နိုင်ကြောင်းခန့်မှန်းကြပေမယ့် ကာစီနိုက ဝန်ထမ်းတွေ မျက်နှာကို မမြင်ဖူးလိုက်ကြပေ။VIP သီးသန့်လို့ ဆိုင်းဘုတ်ချိတ်ထားတဲ့ ဓါတ်လှေကားကနေတစ်ဆင့် သူ့ရဲ့ ဦးတည်ရာက အဆောက်အဦးထဲက သီးသန့် အခန်းတစ်ခုဆီသို့။ သို့သော် အခန်းထဲမဝင်ခင် တံခါးပေါက်မှာ စောင့်ကြိုနေသူတစ်ဦး...."ရောက်လာပြီလား လွင် အာဆောရီး""အက်သီနာလို့ခေါ်ပါ ကိုကိုကြီး""အင်း ကိုယ်ကျင့်သားရအောင် လုပ်ထားပါ့မယ် ပြီးတော့ ပြိုင်ပွဲမစခင် စကားခဏလောက်ပြောလို့ရမလား""ရပါတယ် ကိုကိုကြီးဘာပြောမလို့လဲ""အင်း ... ညနေကပဲ ငယ်လေး ထွက်သွားပြီ သူအဆင်ပြေမှာပါ""အဲ့လိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်""ကိုကိုကြီးပြောချင်တာက အက်သီနာ တကယ်နောင်တမရဘူးလား အခုချိန်က နောက်မကျသေးပါဘူး ပြင်ဆင်ချိန်ရသေးတယ် ဒီတံခါးကနေ ဝင်သွားပြီးရင် လွင်မီမီခိုင်ဘယ်တော့မှ ပြန်မဖြစ်တော့ဘူး အမြဲတမ်း အက်သီနာဆိုတဲ့ ဘဝနဲ့ နေသွားရမှာ""ကျွန်မဘယ်တုန်းကမှ မတွေဝေမိဘူး နောင်လည်းနောင်တရမှာ မဟုတ်ဘူး ကိုကိုကြီးသိပါတယ် အရာအားလုံးကို ကျွန်မကိုယ်တိုင်လိုလိုလားလား ရွေးချယ်ခဲ့တာချည်းပါ""ကျေးဇူးတင်ပါတယ် တကယ်ကိုကျေးဇူးတင်ပါတယ် ညီမလေးရယ် သွေးသားရင်းချာတွေတောင် ကိုယ်တို့ဘက်မှာ မရှိချိန် ဒီလိုခက်ခဲတဲ့လမ်းကို အတူလျှောက်ပေးလို့ ကျေးဇူးတင်ပါတယ် ...ကျေးဇူးတရားဆိုတာထက် ဆပ်လို့မကုန်နိုင်တဲ့ အကြွေးတွေတင်နေတယ်လို့ ကိုကိုကြီးမှတ်ယူထားပါတယ်""ထားလိုက်ပါတော့ အခုကစပြီး မိသားစုဝင်တွေဖြစ်သွားကြပြီမဟုတ်လား"နှစ်ယောက်သားစကားဖြတ်ပြီးနောက် အခန်းထဲသို့ အတူဝင်ခဲ့ကြသည်။ အခန်းထဲမှာ စောင့်ကြိုနေသည်က အနက်ရောင်ဝတ်စုံများဝတ်ထားသည့် လူတစ်စု။ အသက်အရွယ်မျိုးစုံပါဝင်ပြီး အားလုံးက ယောက်ျားသားတွေချည်းသာ။ သီးသန့်ပေးထားသော ကုလားထိုင်တစ်လုံးစီမှာ ထိုင်နေကြသူတွေအားလုံးစုစုပေါင်း ဆယ့်တစ်ယောက်ရှိသည်။ ထိပ်ဆုံးက လွတ်နေသော ကုလားထိုင်မှာ ဝင်ထိုင်လိုက်သူက သော်ဇင်လင်းလက်ခေါ် ကိုကိုကြီး သို့မဟုတ် အားလုံးက ခေါ်ကြသည့် နံပါတ် ဆယ့်နှစ်။ အားလုံးရဲ့ အကြည့်တွေက ကိုကိုကြီးနှင့် နောက်ကပါလာသည့် လွင့်ထံသို့သာ။"အဖွဲ့ဝင်တွေအကုန်စုံရင် အစည်းအဝေးစကြရအောင်"တစ်ယောက်က ထပြောလာသည်။ အားလုံးတိတ်ဆိတ်သွားပြီးနောက် ကိုကိုကြီးက မတ်တပ်ရပ်လိုက်ကာ"ဒီနေ့အဖွဲ့ဝင်စုဝေးပွဲလုပ်ရတဲ့အဓိက အကြောင်းက နံပါတ်ဆယ့်နှစ်ဖြစ်တဲ့ ကျွန်တော့်နေရာမှာ ဆက်ခံမယ့် အဖွဲ့ဝင် သစ်ရွေးချယ်ဖို့ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ"ကျန်သူများက ခေါင်းညိတ်ကာထောက်ခံကြသည်။"အဲ့တော့ ကျွန်တော့် ရွေးချယ်ထားတဲ့ ခေါင်းဆောင်လောင်းကို မိတ်ဆက်ပေးပါ့မယ် ....သူ့နာမည်က အက်သီနာပါ အဖွဲ့ရဲ့ စည်းကမ်းနဲ့ အညီရွေးချယ်ထားပြီးကြောင်း အတည်ပြုစာကို လူကြီးမင်းတို့ရှေ့မှာ ချထားပေးပါတယ် ကြည့်လိုက်ပါ"အားလုံးကဖတ်ကြည့်ပြီးနောက် တီးတိုးသံတွေထွက်လာတော့သည်။ ကိုကိုကြီးက သူ့နောက်မှာ ရပ်နေသည့်လွင့်ထံကို တချက်ကြည့်ပြီးနောက် စိတ်မပူရန်ခေါင်းညိတ်ပြသည်။ ထို့နောက် အဖွဲ့ဝင်တစ်ယောက်က စပြီး ...."အချက်အလက်တွေကို ကြည့်ပြီးပါပြီ တစ်ခုပဲပြောစရာရှိတယ် သူက မိန်းကလေးလား""မိန်းကလေးတစ်ယောက်အနေနဲ့ကတော့ ခံနိုင်ရည်မရှိဘဲ ပြိုလဲသွားရင် မကောင်းဘူးလေ အဖွဲ့စည်းရဲ့ ခေါင်းဆောင်ဆိုတာ ခဏခဏရွေးချယ်လို့ဖြစ်တဲ့ အရာလည်းမဟုတ်ဘူး ငါတို့က တခြားသဘောတော့မရှိပါဘူး""ဟုတ်တယ် နံပါတ်ဆယ့်နှစ်က လုပ်ငန်းလုပ်တာ တိကျပေမယ့် ဒီတခါတော့ ငါတို့စိုးရိမ်တယ် မိန်းကလေးတစ်ယောက်က သေနတ်တွေကျဉ်ဆန်တွေကြားမှာ ဘယ်လောက်အန္တာရယ်များသလဲ"တစ်ယောက်တစ်ပေါက် ကန့်ကွက်သံတွေကြား ခန်းမကျယ်ကြီးမှာ ဆူညံသံတွေပြည့်လျှက်။ နောက်ဆုံးတော့"အဖွဲ့ဝင်တွေပြောတာကို ကျွန်တော်သဘောပေါက်ပါတယ် အဲ့ဒီတော့ ကျွန်တော်တို့အဖြေတစ်ခုရှာကြတာပေါ့ .... ပြောချင်တာတစ်ခုကတော့ အချိန်ခြောက်လ ခြောက်လဆိုတဲ့ အတောအတွင်းမှာ အဖွဲ့ဝင်တွေပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မလား ကျရှုံးနိုင်မလားဆိုတာကို အကဲဖြတ်ပြီး အက်သီနာ့ကို နံပါတ်ဆယ့်နှစ်ဖြစ်ထိုက် မဖြစ်ထိုက် စမ်းသပ်နိုင်ပါတယ် အကယ်၍ ကျရှုံးခဲ့ရင် ကျွန်တော်ရော အက်သီနာရော အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တွေအားလုံးကို စွန့်လွှတ်ပြီး ထွက်သွားပေးပါ့မယ်""အဲ့ဒီနည်းလမ်းက မဆိုးပါဘူး ဘယ်လိုလဲ မိန်းကလေးကရောလုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား"နံပါတ်နှစ်က အက်သီနာ့ကို ကြည့်ရင်း မေးလာသည်။အားလုံးရဲ့ အကြည့်တွေကလည်း သူမဆီမှာ။ နံပါတ်ဆယ့်နှစ်ရွေးချယ်ထားသော သူက မိန်းကလေးဆိုတာကြောင့် သူတို့ အဖွဲ့အစည်းအတွက် အလွန်စိုးရိမ်သွားပေမယ့် အစွမ်းအစကိုလည်း မြင်တွေ့ချင်သေးသည်။"စောင့်ကြည့်လိုက်ပါ"သူမအဖြေက တစ်ခွန်းထဲ ။ အရာအားလုံးကို အချိန်ကပဲ အဆုံးအဖြတ်ပေးသွားလိမ့်မဟုတ်ပါလား ။ ကိုယ်မျှော်လင့်တဲ့အချိန်ကတော့ တစ်စုံတစ်ယောက်ရဲ့ အပြုံးတွေ ပြန်ပြီး အသက်ဝင်လာမယ့်နေ့ပါပဲမင်းရှိမယ့်အနာဂတ်ကို မျှော်ကြည့်ရင်း ကိုယ်ဟာ အရာအားလုံးကို ခုခံဖို့ကြိုးစားခဲ့တယ်နာကျင်ခြင်း ပင်ပန်းခြင်း တွေကို ချနင်းပြီး ပျော်ရွှင်ခြင်းကလွဲလို့ဘာမှမရှိတဲ့ အဆုံးသတ်ထိ မင်းကိုခေါ်ဆောင်သွားမယ်ဒီလိုနဲ့ ကိုယ့် လက်မှာ သွေးတွေကို စွန်းခဲ့တာ လိုလိုလားလားနဲ့ပါ။အပေါ်ယံဟန်ဆောင်မှု့တွေကို မုန်းတဲ့ ကိုယ်က ဟန်ဆောင် မုသားတွေကြား ပျော်မွေ့ခဲ့ရပြီ။ကိုယ့် ပြောင်းလဲခြင်းတွေကြောင့် တစုံတစ်ယောက်ကများ မင်းကို အပြစ်တင်မယ်ဆို ကိုယ်သူတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး ။ပြောခဲ့ဖူးပါရဲ့ နေခြည်ငယ်...ချစ်ခြင်းတွေမှာ ဘယ်သူ့ကို သာစေနာစေလို့မရှိဘဲ ရွေးချယ်မှုတွေအကုန်လုံးက မင်းကို လွှမ်းခြုံစေတဲ့ မေတ္တာခြုံထည်ကြောင့်ပါ။သေနတ်ကိုပဲကိုင်ကိုင် ပန်းတွေကိုပဲဆွတ်ယူယူမင်းအတွက်ကိုပဲ ဦးတည်ပါတယ်ပစ္စုပ္ပန်က ကျဉ်ဆံတွေဟာအနာဂတ်မှာ ပန်းတွေဖြစ်လို့မင်းဆံကေသာထက် ချစ်ပန်းတစ်ပွင့် ပွင့်စေမှာကိုယ့်စေတနာပါ။................................................ရက်ပေါင်းများစွာရဲ့ အလွန် မြို့တော်ရဲ့ နေရာအားလုံးဟာ စည်ကားမြဲ စည်ကားလျှက်။ ဒီနေ့ မြို့တော်ရဲ့ အထင်ကရနေရာသုံးခုမှာ ကျင်းပမယ့် ပွဲ သုံးခုလည်းရှိလေသည်မို့ မြို့မျက်နှာဖုံး လူကုန်ထံများ အသိုင်းအဝိုင်းအသီးသီးက လူတွေအကုန် အလုပ်ရှုပ်နေကြသည်။ အမျိုးသမီးအတော်များများမှာ သူတို့ ခင်ပွန်းသည်တွေနဲ့ အတူပွဲတက်ရမှာမို့ အစွမ်းကုန်ပြင်ဆင်ချယ်သရန် မြို့တော်က အကောင်းဆုံး နာမည်အကြီးဆုံး ဗျူးတီးဆလွန်းတစ်ခုမှာ လာဆုံနေကြသည်။"ဟယ် တရားသူကြီး ကတော်ပါလား လာ လာ မတွေ့ရတာကြာပြီနော် နေကောင်းလား"ခေါင်းတစ်ခုလုံးကို ဆေးဆိုးနေသော အမျိုးသမီး က အခုမှ ဝင်လာသည့် အမျိုးသမီးကို လှမ်းနှုတ်ဆက်လေသည်။"ဟုတ်ပါ့ ဆုံတတ်ပါလေ့ကွယ် တို့က ညနေ အမတ်မင်းဒေါက်တာသမိုင်းဦးရဲ့ ရွေးကောက်ပွဲနိုင်တဲ့ ဂုဏ်ပြုပါတီတတ်မို့လာပြင်တာလေ ဒါနဲ့ ညီမအမျိုးသား ရဲမှူးကြီးတောင် မတွေ့တာကြာပေါ့""ဟုတ်တယ် တရားသူကြီးကတော်ရေ ကိုကိုကလေ သိပ်အလုပ်ရှုပ်တာ ဒီနေ့တောင် မြို့ထဲက ပွဲတစ်ခုမဖြစ်မနေ အတူတူတက်ရမယ်ဆိုလို့ ညီမလဲ နည်းနည်းလာရွိုင်းတာလေ အဟဲ""ရဲမှူးချုပ်တောင် မဖြစ်မနေတက်ရမယ်ဆိုတော့ ဘယ်ပွဲလဲ ညီမရဲ့""သူဌေးတစ်ယောက်ရဲ့ မီဒီယာလုပ်ငန်းစုဖွင့်ပွဲဆိုလားပဲ ဘာတဲ့ နာမည်က Sunshine ဆိုလားပဲ သူဌေးကိုတော့ မသိပါဘူးအခုမှ နိုင်ငံခြားက ပြောင်းလာတဲ့ မြန်မာလူမျိုးဆိုလားပဲ မမရဲ့""အေးပေါ့ အေးပေါ့ မကင်းရာမကင်းကြောင်းဆိုတော့ တက်ရမှာပေါ့ ...ဟော ဟိုတစ်ယောက်က ဟိုခရိုနီကြီးရဲ့ အငယ်မဟုတ်လား တို့တွေကိုတောင် မနှစ်က ပါတီဖိတ်ဖူးတယ်လေ""ဟုတ်ပ ဟုတ်ပ ဒီဘက်လာနေပြီ မမရေ ခေါ်လိုက်ပါ့လား စကားပြောရအောင်"မကြာလိုက်.. သူမတို့နှစ်ယောက်နားရောက်လာသော ကောင်မလေးငယ်ငယ်လေး။ သူတို့မွေးမှ သူတို့သမီးလောက်အရွယ်ရှိမှာပေမယ့် အသက်ကြီးကြီး စပွန်ဆာရထားလို့ အတင်းအသက်ကြီးယောင်ဆောင်ထားသော ကောင်မလေးကို ပုံစံအရသိပ်မကြိုက်သော်လည်း ထိုအမျိုးသမီးကြီးနှစ်ယောက်မှာ စပ်စုချင်သည်မို့ သူတို့အဖွဲ့ကျသွားရလေသည်။တကိုယ်လုံးပေါင်းတင်မည်ဆိုသော ကောင်မလေးက ပွဲတစ်ခုတက်စရာရှိလို့ဆိုတော့ သူမတို့ စိတ်ဝင်စားသွားကြလေသည်။ အဲ့ဒီကောင်မလေးရဲ့ စပွန်ဆာကြီးက သိပ်ကြီးကျယ်တာမို့ တော်ရုံဆို သူ့ဇနီးကြီးနဲ့ပဲ အတူသွားလေ့ရှိသည်။ ဒီလို ကောင်မလေးကို ခေါ်သွားတာ ထူးတော့ ထူးဆန်းသည်မဟုတ်လား။"အဟင်း ဟင်း ဦးကလေ ဒီည ပွဲတစ်ခုတက်စရာရှိလို့ဆိုပြီး ကျွန်မကိုလာခေါ်တာ သုံးချင်သလောက်သုံးပြီး လှလှလေးသာပြင်ခဲ့တဲ့ အဟင်း ကျွန်မလှနေဖို့ပဲ လိုတယ်တဲ့ အတူသွားရမှာဆိုတော့ ဦးက ဇနီးငယ်ငယ်ချောချောလေးကို ထုတ်ကြွားချင်လို့တဲ့ အဟင်း""အော် ဟုတ်တာပေါ့ ဒါနဲ့ ဘယ်လိုပွဲမို့လဲ ညီမလေးရဲ့""ဟို ဦးပြောတာတော့ ကာစီနိုဖွင့်ပွဲတဲ့ သူတို့က တခြားလုပ်ငန်းစုတွေလည်းရှိသေးတာမို့ မိတ်ဖွဲ့နိုင်ရင် ကိုယ့်အတွက် အကျိုးအမြတ်ချည်းပဲတဲ့ မမတို့ရော သိတယ်မလား Athena Group က အခုတလော နာမည်ကြီးလာတယ်နော် ကျွန်မတော့ သေချာလေးပြင်သွားမှပါ"ခပ်ကြွားကြွားလေးပြောကာ ထွက်သွားသော ကောင်မလေးကို ရင်ခံစွာ ကြည့်ပြီး ကျန်ခဲ့သည့် အမျိုးသမီးကြီးနှစ်ယောက်နှင့် ဆိုင်ဝန်ထမ်းမလေးများ။တတိုင်းမွှေး(6/12/22)A/N- ဖတ်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်။ ..................................................................................

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now