(20)unicode

839 82 0
                                    

တနေ့တာကို အစပြုရခြင်းများစွာတွင် ချစ်ရသူရှိနေခြင်းက ပိုမို အသက်ဝင်၏။ ကတိတောင်းထားတဲ့ အတိုင်း ပိတ်ရက် ငါးရက်လုံးကို အတူရှိနေဖို့ ခတ္တာရဲ့ ဆန္ဒကို လိုက်လျောပေးတဲ့ မ,ဟာ ဦးနှောက်ထဲမှာတော့ လွတ်သွားတဲ့ အချိန်ပိုင်း လုပ်ခတွေကို တွက်ချက်နေဆဲ။ တကယ်ပါ စကော်လာအပြည့်ရသည့် ကျောင်းသူဟာ ဘာတွေကြောင့်များ ငွေကို အသည်းအသန်လိုအပ်နေပါလိမ့်ဆို သေချာတာကတော့ အနာဂတ်က ဖက်ရှင်ကောင်တာတစ်ခုအတွက်ပဲဖြစ်ရသည်။ တခါတလေ စ သလို နောက်သလိုနဲ့ မ, ကျောင်းပြီးသွားတဲ့အခါ ဖွင့်ချင်သည့် ဖက်ရှင်ကောင်တာကို သူ က ရင်းနှီးမြှုပ်နှံပါမယ်လို့ပြောမိလျှင် ပိုပိုသာသာနဲ့ ငြင်းလေ့ရှိသည်။ သေချာတာကတော့ မ, တွေးထားတဲ့ အနာဂတ်မှာ သူမပါဘူးဆိုတာ ခတ္တာ ရိပ်မိပါတယ်။

အနာဂတ်တွေဟာ ဘာကြောင့်များ ကြိုမသိနိုင်ရတာလဲ။ အတိတ်တွေဟာ ဘာကြောင့်များ ပြုပြင်လို့မရတာပါလိမ့်။ တတ်နိုင်ရင်လေ နေခြည်လင်းလက်ရဲ့ ဘဝမှာ ခတ္တာခင်က အဦးဆုံးသောနဲ့ တစ်ဦးတည်းသော ဖြစ်ချင်မိတယ်။ အတွေးတွေနဲ့ လွင့်မြောဆဲ သူဟာ အိမ်တံခါးပေါက်မှာ ရပ်စောင့်နေတဲ့ မ, အသံကြားမှ စုစည်းမိသည်။ အညိုရောင်ကုတ်အရှည်ကြီးနဲ့ မာဖလာအညိုရောင်ကို တွဲဖက်ဝတ်ဆင်ထားတဲ့ မ,ဟာ အမြတ်တနိုးသိမ်းဆည်း ညွှန်းဆိုချင်စရာ အနုပညာလေး။

အေးတာကို အကြောင်းပြလို့ မ, လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ခြေလှမ်းတွေက ဘရော့ဝေးသို့။ နှစ်ကူးချိန်နှင့် ခရစ္စ်မတ်အတွက် အထူးပြဇာတ်တွေ တင်ဆက်လေ့ရှိသည့် ဘရော့ဝေးမှာ မ,ရဲ့ ပရော်ဖက်ဆာက ဒရိုက်တာအဖြစ်တာဝန်ယူထားတဲ့ ပြဇာတ်ပွဲအတွက် လက်ကမ်းကြော်ညာလာဝေပေးခြင်းဖြစ်သည်။ ပြဇာတ်နဲ့ အော်ပရာကို မကြိုက်ဘူးဆိုပေမယ့် အဲ့ဒီအရာတွေနဲ့ ပတ်သတ်ရင် မ,က အနုပညာကျောင်းသူ သူ့ထက်ကို ပါရမီပါသည်။ ဆက်စပ်နေသည့် ဝတ်စုံဒီဇိုင်းပိုင်းဆိုင်ရာမှာလည်း နာမည်ရသည်။ သို့သော်ဘယ်တော့မှ ပြဇာတ်တစ်ပုဒ်ကို စိတ်ဝင်တစား ကြည့်ရှုခံစားတယ်ဆိုတာမရှိ။

လက်ကမ်းစာစောင်တွေကို ဝေပြီးတော့ ပရော်ဖက်ဆာက ပြဇာတ်လေ့ကျင့်နေတာကို ကြည့်ဖို့ ဖိတ်ခေါ်ပြန်သည်။ ဒီဇိုင်နာတစ်ယောက်အနေနဲ့ ငြင်းလို့မကောင်းတဲ့ မ,အနေနဲ့ရော ၊ ဂျူးလီးယက်ကကျောင်းသူဆိုတာကို သိတဲ့ သူ့အနေနဲ့ရော ငြင်းလို့မကောင်းသဖြင့် သူတို့နှစ်ယောက်အတူ ပြဇာတ်ရုံထဲဝင်ခဲ့သည်။ ၁၇ရာစုကို အခြေခံရေးသားထားသည့် ဇာတ်အိမ်ကြောင့် ဆက်တင်တွေသည် တကူးတက ပြင်ဆင်ရတာမျိုး။ ကြိုးစားပမ်းစားလေ့ကျင့်တင်ဆက်နေသူတွေဖြင့် ဇာတ်ရုံတစ်ခုလုံးမြိုင်မြိုင်ဆိုင်ဆိုင်။ ဇာတ်ကြောင်းက ကောင်းမွန်လွန်းတာရော အသေးစိတ်ရှင်းပြနေတဲ့ ပရော်ဖက်ဆာကြောင့်ပါ သူတို့နှစ်ဦးလုံး စိတ်ဝင်တစား နားထောင်နေမိသည် ။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now