Part - 1 ( Zg + Uni)

14.5K 249 11
                                    

💔💔   အမုန်းတော်ခံ သတို့သမီး  💔💔💔
         { Part -1 }

"   သား  သဘောမတူဘူး  ဒယ်ဒီ .......
ဒယ်ဒီ ကို ဒေါ်သက်ချို နဲ့ သား လုံးဝ သဘောမတူဘူး "

" သဘောမတူလို့မရဘူး သမီး...... ဒီနေ့ပဲ ဒယ်ဒီ
သက်ချို နဲ့ လက်ထပ်ပြီးသွားပြီ..... ခဏနေ သက်ချို
နဲ့ သူ့ သမီးလေး ဒီအိမ်ကို ရောက်လာတော့မယ်.... "

" ဘာ... လက်ထပ်ပြီးသွားပြီ ဟုတ်​လား ဒယ်​ဒီ..???
အဲ့တာများ  ဘာလို့ ဒယ်ဒီက သားကို
လာမေးနေရ​သေးတာလဲ ....???  "

" သမီး ကို ဒယ်ဒီ အသိပေးသင့်တယ် ထင်လို့ပါ "

" မလိုပါဘူး ဒယ်ဒီ....ဒယ်​ဒီ သား ကို
အသိပေးစရာမလိုပါဘူး အခုပဲ သား မသိအောင်
ဒယ်ဒီ လက်ထပ်ပြီးနေပြီမဟုတ်လား နောက်ပြီး
မာမီ ဆုံးတာတောင် တစ်နှစ်မပြည့်သေးဘူး....
ဒယ်ဒီ က အဲ့ဒီပိုင်းလုံးမကို အသေလိုချင်နေပါလား "

" ဖြန်း.... "

ဦးတိုးရှိန် သူ့ သမီးမေသွေးခြယ် စကားကြောင့်
ဒေါသထွက်ပြီး သူ့ လက်က သူ့ သမီးပါး​ပေါ်ကို ကျရောက်သွားခဲ့သည်။

" ဒယ်ဒီ သား ကို ရိုက်တယ်ပေါ့..... အဲ့ဒီမိန်းမ
အတွက်ကြောင့် တစ်ခါမှ မရိုက်ဖူးတဲ့
သား ပါးကို ဒယ်ဒီ ရိုက်တယ်ပေါ့...... "

မျက်ရည်တွေ အပြည့်နဲ့ သူမ ဖခင်ရိုက်ထားသော ပါးကို
မေသွေးခြယ် လက်နဲ့ အုပ်ရင်း ဖခင်ကို ကြေကွဲစွာ
ကြည့်ပြီး ​ပြော၏ ။  ထိုအခါ မေ​သွေးခြယ်
အကြည့်ကြောင့်  ဦးတိုးရှိန် နောင်တရပြီး......

" ဒယ်ဒီ တောင်းပန်ပါတယ်  သမီးလေး.....
ဒယ်ဒီ တောင်း ပန်ပါတယ်..... ဒယ်ဒီ
ဒေါသထွက်ပြီး ရိုက်မိသွားတာပါ
ဒယ်ဒီ မရည်ရွယ်ပါဘူး ....
ဒယ်ဒီ တောင်းပန်ပါတယ် သမီးလေး"

" မလာနဲ့ သား ဆီကို မလာနဲ့...... ဒယ်ဒီ ကို
သား မုန်းတယ်  အဲ့ဒီမိန်းမ အတွက်ကြောင့်
သား ပါးကို ရိုက်တဲ့ ဒယ်ဒီ ကို သား မုန်းတယ်..... "

ရိုက်ခံရတဲ့ ပါးကို မေသွေးခြယ် လက်နဲ့ အုပ်ရင်း
အိမ်ထဲကနေ အမြန်ပြေးထွက်လာခဲ့ပြီး ပေါ်တီကိုမှာ
ရပ်ထားတဲ့ သူမ ကားပေါ်ကို တက်လိုက်ကာ ကားကို ဝေါခနဲမောင်းထွက်သွား​လေသည်။ 

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now