Part - 51 ( Zg + Uni)

1.8K 109 5
                                    

💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 51 }

ခြံရံ... သူ ဘာသာ ဖွင့်ပြောမယ်ပြောပြီး
မနေ့က ပုလဲ ကို သွားမပြောဖို့ သူ ကတိတောင်း
ထားရသည်။ ထိုအခါကျမှသာ ပြီးရောဆိုပြီး
ပုလဲက လုပ်လာလေသည်။

အခုလည်း baby ကို ဘယ်လိုသွားပြောရင်
ကောင်းမလဲဆိုပြီး ရင်တွေက တုန်နေလေသည်။

" ဖေဖေ လှလှတွေ ပြင်နေတာလား...?? "

အိပ်ရာပေါ်က ဆင်းလာပြီး မှန်တင်ခုံနားမှာ
ထိုင်ကာ ခေါင်းဖြီးနေသော သူ့ဆီကို
သမီးလေးက ရောက်ချလာသည်။

" မပြင်ပါဘူး ဖြူလုံးလေး ရယ်... ဖေဖေ့
က ဒီတိုင်း ခေါင်းဖြီးနေတာပါ "

" ဟင့်အင်း ဖေဖေ ပြင်တယ် ဖြူလုံး ကို
မလိမ်နဲ့... ခါတိုင်း ဖေဖေ ခေါင်းဖြီးရင်
ဆံပင်တွေကို အဲ့ဒီလို လှန်မှမသပ်ဘဲ...
ဒီနေ့ကျတော့ လှန်သပ်နေတယ်...
ဘာလဲ မနေ့က တွေ့ခဲ့တဲ့ အန်တီကြီးဆီကို
ဖေဖေ့က သွားမလို့လား....?? "

အရွယ်ကလေးနဲ့ မလိုက် စကားတတ်လွန်း
နေသဖြင့် သူ ပြုံးပြုံးကြီး ဖြစ်သွားရသည်။
သမီးလေး က ပုလဲ နဲ့ ပတ်သက်ပြီး သဝန်တို
နေတယ်ဆိုတာကိုလည်း သူ ရိပ်မိသည်။

" ဖေဖေ့က သွားတွေ့ရင် ဖြူလုံးက
ဘာလုပ်မလို့လဲ..? ? "

စသလို မေးလိုက်တော့ သမီးလေး ရဲ့ နှုတ်ခမ်း
ဆူဆူလေးက ရှေ့ကို တစ်တောင်လောက်
ပိုပြီး ထွက်ကျလာသည်။

" ဖေဖေနော် ဖြူလုံး ပြောထားတယ်...
ဖေဖေ့ကို ဖြူလုံး အဲ့ဒီ အန်တီကြီးနဲ့ သဘော
မတူဘူးလို့....သူ့တင်မကဘူး တခြားဘယ်သူ
နဲ့မှလည်း ဖြူလုံး သဘောမတူဘူး "

စိတ်ဆိုးတဲ့ အသံလေးက တစ်ချက်တစ်ချက် ရှူံ့
မဲ့လို့သွားသည်။ ဆံပင်​လေးကလည်း အိပ်ရာ
ထလာစဆိုတော့ ကောက်ကွေးနေရာ ဘိုမရုပ်
လေးအလားပင်...။ ဒါလေးတွေက
baby နဲ့ သိပ်ကို တူသည်။ စကားတတ်တာ
လေးက အစ။
ပါးဖောင်းဖောင်းလေး နှစ်ဖက်ကလည်း ဖောင်း
ကားပြီး သွေးကြောလေးတွေ အထင်းသား
မြင်နေရသည်။ ဒါလည်း baby နဲ့ တူတာပေ။

" ဖေဖေနော် ဖြူလုံး စိတ်ဆိုးနေတာနော်...
အဲ့ဒါကို ဖြူလုံး ကို မချော့ဘဲ လာကြည့်ပြီး
လှောင်နေတယ် "

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now