Part - 48 ( Zg + Uni)

1.7K 100 14
                                    

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 48  }

သမီးလေး ကလည်း baby နဲ့ မဟာ ဖက်
ထားတာကို ပြုံးပြီး လက်ခုပ်တွေတီးလို့...

သမီးလေး လက်ခုပ်တီးသံက မကျယ်ပေမဲ့ သူ့
ရင်ထဲမှာ အရမ်းနာကျင်နေရသည်။

" ဖေဖေ... ...!!! "

နာကျင်နေတုန်း သမီးလေး က သူ့ကို မြင်သွား
ပြီး ပြေးလာတော့ လက်နှစ်ဖက်ကို
ဆန့်တန်းထားမိသည်။ ကမ္ဘာ ပျက်​ချင်တဲ့
မျက်နှာကိုလည်း မနည်းထိန်းပြီး ပြုံးနေလိုက်သည်။

"  သမီးလေး....!!!  "

ဖေဖေလို့ အော်ခေါ်လိုက်သော ဖြူလုံးလေး အသံ
ကြောင့် ကိုမဟာ ကို ဖက်ထားတာကို သား
လွှတ်လိုက်မိသည်။

သမီးလေး လို့ ဦးခြံရံရဲ့ ပြန်ခေါ်သံလေးကြောင့်လည်း
သား တစ်ကိုယ်လုံးက သွေးတွေ ပြောင်းပြန်
စီးဆင်းသွားရသည်။

ဖြူလုံးလေး က သား သမီးလေး ပေါ့....
ဖြူလုံးလေး က သား အစက သံသယဝင်ခဲ့
သလို သား သမီးလေး ဖြစ်နေတာပဲ....

" ခြံရံ မင်း ဘယ်လိုရောက်လာတာလဲ...? ? "

" လေယာဉ်နဲ့ လာတာလေ....သမီးလေး
ကို စိတ်မချလို့ "

ဖြူလုံးလေး ကို ချီထားပြီး ခြံရံ ပြောနေပေမဲ့
သူ့ မျက်ဝန်းတွေက တစ်ချက်တစ်ချက်
မေသွေးခြယ် ဆီရောက်ချင်နေတာကြောင့်
မရောက်အောင် မနည်းထိန်းနေရသည်။

"  လာ... လာ မင်းကို ငါ မိတ်ဆက်ပေးရမယ်
ဒါက ငါ ပြောပြောနေတဲ့ အရုပ်မလေး လေ..
အခုတော့ ငါ့ ချစ်သူ ဖြစ်သွားပြီ..
နာမည်က မေသွေးခြယ် တဲ့....အိမ်နာမည်
ကတော့ သားလေ. ..ငါ့ ကတော့
သား လို့ပဲ ခေါ်တယ် "

ဦးခြံရံ လက်ကို ကိုမဟာ က ဆွဲလာပြီး သား နဲ့
မိတ်ဆက်ပေးနေသဖြင့် သား ထိန်းမရအောင်
မွန်းကြပ်နေမိသည်။

ရင်ထဲမှာလည်း ဖြူလုံးလေး ကို ချီထားတဲ့
သူ့ကို ကြည့်ပြီး ငိုချင်နေတဲ့ စိတ်တွေက
တအား​ပေ။

သား မှားသွားပြီလား.... သူ့ကို ပြန်ရွဲ့ချင်တဲ့
စိတ်နဲ့ ကိုမဟာ ကို အဖြေပြန်ပေးလိုက်မိတာ...။

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now