Part - 46 ( Zg + Uni)

1.9K 104 12
                                    

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 46  }

" မအေဘေး.... ငါ့ သမီးကို ဘာလို့ ခေါ်သွားရတာ
လဲ.....??  မြန်မာနိုင်ငံ မသွားစေချင်တာ
မင်း သိရဲ့သားနဲ့ မင်းမို့ လုပ်ရက်တယ် မဟာ...
ဒီမှာ ငါ့ သမီးကို ငါ ဘယ်လောက်စိတ်ပူနေလဲ
မင်း သိလား... အခုချက်ချင်း ငါ့ သမီးကို
ပြန်ခေါ်လာခဲ့.... ငါ ပြောတာကြားလား..?? "

" ကြားပါတယ် ခြံရံ ရ.... ငါ ခေါ်ခဲ့ပါ့မယ်
ဒါပေမဲ့ အလုပ်​ကိစ္စနဲ့ နှစ်ရက်လောက်တော့
နေရအုံးမယ်​​လေ.. "

" မရဘူး မဟာ.... မင်း အခု ပြန်ခေါ်ခဲ့ ....
မဟုတ်​ရင်​ သမီးလေး နဲ့ baby တွေ့သွားလိမ့်မယ် "

" မတွေ့ပါဘူး ခြံရံ ရာ....ငါ့က အရုပ်မလေး
company ကနေ ဘယ်မှ မသွားဘူး "

" ဒါပေမဲ့ ငါ့ သမီးလေး သူ့ အမေနဲ့ တွေ့ရင်
ဘယ်လိုလုပ်မလဲ....?? "

" တွေ့ရအောင် မင်း ဘေဘီက မင့် သမီးလေး
ကို မြင်ဖူးတာကျနေတာ...နောက်ပြီး
မင်း ဘေဘီကို မင်း သမီးလည်း မမြင်ဘူးသလို
ငါပါ မမြင်ဖူးဘူးလေ... .အဲ့ဒါကို
ဘယ်လိုလို့ တွေ့မှာလဲ..."

" ဒါပေမဲ့ ငါ စိတ်ပူတယ်...သမီးလေးသာ
သူ့ အမေက သူ့ကို မုန်းနေမှန်း သိသွားရင်
အရမ်းဝမ်းနည်းသွားမှာ "

ဝမ်းနည်းမနေဘူး...မင့် သမီးကိုယ်တိုင်က
သူ့ အမေကို မုန်းနေတာ...။မြန်မာနိုင်ငံ
လာတယ်ဆိုတာကလည်း မင်း ဘေဘီကို
မုန်းတယ်ပြောချင်လို့ ဆိုတာ မင်း မသိပါဘူး
ခြံရံ ရာ...

ထိုစကားတွေကို စိတ်ထဲကနေပဲ မဟာ
ပြောလိုက်သည်။ လက်တွေ့ ပြောလိုက်တာ
ကတော့.....

" ဘာမှစိတ်မပူနဲ့.... ဖြူလုံး က
မင်း ကလေးလို့ မြန်မာနိုင်ငံကလူတွေ
ဘယ်သူမှ မသိစေရဘူး... ကလေးအဖေနာမည်က
ဘယ်သူလဲလို့ မေးလာခဲ့ရင်တောင်မှ ငါ့က
တခြားနာမည်  ပြောလိုက်မှာ "

"  ငါ စိတ်ချမယ်နော် မဟာ "

" အေးပါ စိတ်ချထား.... ဘာမှကို
မပူနဲ့ "

ဖုန်းထဲကနေ ထပ်မှာနေ၍ မဟာ စိတ်ချဖို့
ထပ်ပြောနေရသည်။

**************************

" မြေးလေး  ဖေဖေ့ နာမည်က ဘယ်လိုခေါ်
လဲဟင်.  ..?? "

" ဖြူလုံး ဖေဖေ့ နာမည်က
Chann Wine Aeris ( ချမ်းဝိုင်အဲရစ်) 
ပါ ဘိုးဘိုး..."

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now