Part - 3 (Zg + Uni)

3.6K 148 4
                                    

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part -3 }

နောက်ဂါဝန်ဇစ်က အောက်ထိ
ဖြတ်ချခံရသွားတော့ ရှေ့က ရင်ခံ ဘရာလေးက
မမြဲချင်တော့ပေ။

ကျွတ်ကျသွားမှာစိုးတဲ့ အတွက်  လက်နဲ့
ရှေ့က ရင်ခံ ဘရာလေးကို သား ထိန်း​နေရသည်။

" ကာမနေနဲ့ မေသွေးခြယ်. ...!!!
ပုလဲ ဆီကနေ မင်း ငါ့ကို လုတာက
အခုလို ငါ နဲ့ အိပ်ချင်လို့မလား
ဒါကြောင့် မင်း အပိုတွေ လုပ်ပြီး ကာမနေနဲ့.. ..!!! "

စကားအဆုံး ဦးလင်းခြံရံ လက်က  ရှေ့ကို
တိုးလာတော့ လူက ဘာလုပ်ရမှန်းမသိ ဖြစ်သွား
ရသည်။

" မလုပ်နဲ့....!! !! "

" အား....!!!!! "

ရှေ့တိုးလာတဲ့ လက်ကြောင့် မေသွေးခြယ် အော်
ရင်း ကြံရာမရတဲ့ အဆုံး ထိုလက်ကို ကိုက်ပစ်​ပြီး
ရေချိုးခန်းထဲ အမြန်ပြေးဝင်သွားတော့သည်။

မေသွေးခြယ် ကိုက်တာ ခံရလို့ နာပြီး စိတ်တိုစွာနဲ့
ကုတင်ပေါ်မှာ ကျန်ခဲ့တဲ့လူကတော့
လင်းခြံရံ ပင်....။

**********************

သား ကို အနိုင်ကျင့်မှာစိုးပြီး ရေချိုးခန်းထဲမှာ
ပဲ သား လင်းပေါက်အထိ နေလိုက်ရသည်။

မနက်လင်းတော့ ရေချိုးပြီး မျက်နှာသစ်
အဝတ်အစား လဲကာ သား ထွက်လာတော့
ဦးခြံရံက ကုတင်ပေါ်မှာ အိပ်ကောင်းနေလေသည်။

သားကို တစ်ညလုံး ရေချိုးခန်းမှာပဲ အိပ်ရအောင်
လုပ်တဲ့ သူကြောင့် သား ဆော့ပန်ကို ယူပြီး
သူ့ မျက်နှာပေါ်မှာ ကြောင်ရုပ်ကြီး ဆွဲပေးလိုက်သည်။

ကြောင်ရုပ်ကြီး ဆွဲပေးတာ ပြီးလည်း ပြီးသွားရော
သူ့ ကိုယ်လေးက လွန့်လူးလာတော့
သား ချက်ချင်း လက်ထဲမှာ ကိုင်ထားတဲ့
ဆော့ပန်ကို သူ မမြင်အောင် ဖွက်ပစ်လိုက်သည်။

" အဲ့ဒါ မင်း ဘာလုပ်နေတာလဲ......???
မေသွေးခြယ် "

နိုးနိုးချင်း မေးလာတဲ့ ဦးလင်းခြံရံ စကားကြောင့်
သား  ဂနာမငြိမ်​ဖြစ်​ပြီး သူ့ကို
ကြည့်​​နေမိသည်​။

ထိုအခါ သူ့ မျက်နှာမှာ သား ဆွဲထားတဲ့
ကြောင်ရုပ်ကြီးက နှုတ်ခမ်းမွှေးတွေနဲ့ လှပစွာ
နေရာယူထားတော့ သား ရယ်လိုက်မိသည်။

အမုန်းတော်ခံ သတို့သမီး Nơi câu chuyện tồn tại. Hãy khám phá bây giờ