Part - 31 ( Zg + Uni)

2.6K 116 1
                                    

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 31 }

ဒီတော့ မိုးပုလဲ အကြိုက်ပေါ့။ စင်အလယ်မှာ
မေသွေးခြယ် ရပ်လိုက်တာနဲ့ မေသွေးခြယ်
နား မိုးပုလဲ ယောင်တိယောင်ဝါးတိုးကပ်သွား
ပြီး တကောက်ကွေးထိ ကျော်နေတဲ့ ဆံပင်တွေ
ကို နောက်ကနေ အားနဲ့ ဆောင့်ဆွဲပြီး
ဆွဲထားတာကို ချက်ချင်း  လွှတ်ပစ်လိုက်သည်။

" ဟင်..... !!! "

" ဟာ.. !!! "

" အိုး. ..!!! "

သား ဆံပင်ဆွဲချခံလိုက်ရတော့ မျက်လုံးပြူး
ပြီး လူက ဆွံ့အသွားခဲ့တယ်။ လူကလည်း သွားပြီပေါ့။
ဆံပင်တုက အောက်ကျသွားမှတော့ သား
အရှက်ကွဲပြီလေ။ တဆက်တည်း ထွက်ပေါ်လာသော
ပွဲထဲက လူတွေရဲ့ အသံကြောင့်လည်း
သား ဆွံ့အနေမိတယ်။

ထိုအချိန် ရှေ့ကနေ သား  အောက်ပိုင်းကို
အပေါ် coat အင်္ကျီ နဲ့ ပတ်ပေးလိုက်
သော ဦးခြံရံ ကြောင့် သား မျက်လုံးပြူး
သွားမိသည်။

ဘယ်အချိန်ကတည်းက ဦးခြံရံ က သား ရှေ့
ရောက်လာရတာလဲ။

နောက်ပြီး သား ဂါဝန်ပြဲနေတာကို သူ့က
ဘယ်လိုလို့ သိတာလဲ။

ခေါင်းထဲမှာ စဉ်းစားစရာတွေက အပြည့်ပေ။

ဒူးထောက်ပြီး သူ့က သား အောက်ပိုင်းကို
သေချာပတ်ပေးနေခဲ့သည်။ သူ့ မျက်ဝန်း
တွေကလည်း လေးနက်တည်ငြိမ်လို့။

သား ကြိုက်တာ သူရဲ့ မျက်လုံးလေးတွေကိုပင်။
တစ်ချက်ကြည့်လိုက်တိုင်း လူကို ရင်တုန်သွားစေ
နိုင်သည်။

" မင်း ဘာဖြစ်သွားသေးလဲ....??
အဆင်ပြေရဲ့လား...??  "

အောက်ပိုင်း ပတ်ပေးတာ ပြီးသွားတော့
သား ကို မောကြည့်ပြီး မေးလာတဲ့ သူ့
မျက်ဝန်းတွေကြောင့် သား ပြန်မဖြေနိုင်ဘဲ
ကြည့်ပဲ ကြည့်နေခဲ့သည်။

" မော်ဒယ် မေသွေးခြယ် က ဆံပင်တိုတာပဲ
ခုဏက ဆံပင်အတုကြီးကိုး......"

" ဘာလဲ ဆံပင်တိုတော့ မလှလို့လား
အဲ့ဒီ ကလေးမက "

" မဟုတ်ပါဘူး အရမ်းကို လှတယ်
ဆံပင်ရှည်နဲ့တုန်းက နတ်သမီးလေး
ဆံပင်လည်း တိုသွားရော အရုပ်မလေး
ကျနေတာပဲ... တကယ့် ကလေးလေး
ချစ်စရာလေး "

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now