Part - 40 ( Zg + Uni)

2.2K 119 7
                                    

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 40  }

" ခင်ဗျား မချဉ်ဘူးလား ဦးလင်းခြံရံ. ..?? "

သား ရှေ့ company စာရင်း​တွေ လာလုပ်ရင်း
သူ့ ပါးစပ်က အချဉ်ပေါင်းတွေ တစ်ထုတ်ပြီး
တစ်ထုတ် စားနေ၍ မနေနိုင်တဲ့အဆုံး လူက
မေးကြည့်လိုက်သည်။

" မချဉ်ဘူး မေသွေးခြယ်. ...မချဉ်တဲ့ အပြင်
ချိုတောင် ချိုနေသေး... .ဒါနဲ့ မင်း အချဉ်တွေ
မကြိုက်ဘူးနော် တစ်ချို့ ကိုယ်ဝန်ဆောင်တွေ
ဆို ဗိုက်ကြီးတာနဲ့ အချဉ်တွေ တအားစား
ကြတာ "

" အဲ့ဒါက... သူတို့က သူတို့ ဗိုက်ထဲက ကလေးကို
ချစ်လို့လေ.... သားကမှ ဒီဗိုက်ထဲက ကလေး
ကို မချစ်တာ ဘယ်လိုလို့ စားချင်မှာလဲ...??  "

တွေဝေမှုမရှိ ပြောနေသော မေသွေးခြယ် ကို
ခြံရံ ကြည့်ပြီး သူရဲ့ အာရုံကို computer ဆီ
ပြန်ပို့လိုက်သည်။

သူ့ ရင်ထဲမှာ နာကျင်သွားတာကိုတော့ သူကိုယ်တိုင်
အသိဆုံးပေ။  သို့သော် အပြင်ပန်းက သူ့ ပုံစံ
ကတော့ ဘာမှမဖြစ်သလို​နဲ့​ပေ။

သား ကို အကြည့်လွှဲကာ computer ဆီကို
အာရုံပို့ထားပြီး အလုပ်လုပ်နေသော သူ့ကို
သား ကြည့်နေမိသည်။

ဘာမှမဖြစ်သလို ပုံစံပေါက်နေတဲ့ သူ့ ပုံစံ က
သား ရင်ကို အတော်နာကျင်စေသည်။

သူ့ကမှ သားကို မချစ်တာ သား ​ပြောတဲ့
စကား​ကြောင့်​ ဘယ်လိုလို့ နာကျင်မှာလဲ။

ထူးတော့ ထူးဆန်းတယ်။  သား ကိုယ်ဝန်ရှိ
ချိန်ကနေစပြီး သူ့က အချဉ်တွေ၊  အစပ်တွေ
တောက်လျှောက် စားလာတာ...
အခုထက်ထိပဲ။  သားက သာ မစားချင်တာ
သူ့က ​တော့ စား​ကောင်း​နေတယ်လေ။

Mom တို့ကလည်း ဦးခြံရံ အချဉ်တွေ စားတာ
ကို ကြည့်ပြီး သားကို ခဏခဏ စကြသည်။

သား အစား ဦးခြံရံ က ကိုယ်ဝန်ဆောင်ပေးနေတာတဲ့။
ဒါတင်မကသေး ဦးခြံရံ က မြင်မြင်သမျှ ချဉ်ခြင်း
တက်နေတာကလည်း သား အစား
သူ့က ဗိုက်ကြီးပေးနေတာတဲ့။ 

Mom တို့က အဲ့ဒီလို ပြောပေမဲ့ သား မယုံပါ။
သူ့ကမှ သားကို မချစ်တာလေ။

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now