Part - 9 (Zg + Uni)

2.8K 137 3
                                    

💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 9 }

" မင်း အပြစ်ကို မင်း သိတယ်နော် မေသွေးခြယ်
ညကျရင် မင်း ငါနဲ့ တွေ့ဖို့ ကောင်းကောင်းကြီး
ပြင်ဆင်ထား.... "

သားကို ကြိမ်းပြီး ထွက်သွားသော သူကြောင့် သား
ကြောက်ပြီး ဒီနေ့ အတန်း မတက်မိပါ။

သား ရဲ့ အရင်အိမ်ကိုပဲ ပြန်ပြီး ကြီးမေ နဲ့
မော်မော် ချက်ကျွေးတာ သား စားနေလိုက်သည်။

သား မုန်းတဲ့ ဒယ်ဒီ ကတော့ အိမ်မှာ မရှိ၊
company သွားနေတယ်လေ။

မိထွေး ဒေါ်သက်ချို ကလည်း သူ့ သူငယ်ချင်း
ကျောက်မျက်ရတနာဆိုင်​ဖွင့်ပွဲကို သွားလုပ်ကူပေး
နေတယ်ဆိုပဲ...။ ဒီတော့ သား အကြိုက်ပေါ့။
သား အိမ်မှာ စိတ်ကြိုက် ကဲရမည်။

ထိုအချိန်​ ဧည့်ခန်းကို သား ပတ်​အကြည့်
ရုတ်တရက် မျက်​လုံးက ဧည့်​ခန်းက
ဓာတ်ပုံမှန်ဘောင်ကြီးကို အကြည့်အရောက် ရယ်မောပျော်ရွင်နေကြ​သော ဒယ်ဒီ နဲ့ ဒေါ်သက်ချို
သားမိပုံကို ​တွေ့လိုက်ရ၍ တစ်ကိုယ်လုံးက သွေးတွေက
ဆူကြွလာရသည်။

အရင်က မာမီ နဲ့ သားရဲ့ ဓာတ်ပုံက ထိုနေရာ
လေးမှာ အမြဲနေရာယူထားခဲ့သည်။ အခု သား
မရှိတဲ့ တစ်ပတ်​တောအတွင်းမှာ ဘာတွေ ဘယ်လို
ဖြစ်သွားမှန်း မသိ...။

လူက အရမ်းစိတ်တိုလာတာကြောင့် ထိုင်ခုံ
သွားယူကာ ထိုဓာတ်ပုံကို လှမ်းဖြုတ်ပြီး
အောက်ကို ချပစ်လိုက်သည်။

" ခလွမ်း....!!! "

ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံကြီးနဲ့
အတူ ကွဲကျသွားတဲ့ ဓာတ်​ပုံမှန်ကွဲစတွေကြောင့်
သား ပြုံးလိုက်မိသည်။

" မမလေး "

" မမလေး "

သား တစ်ခုခု ဖြစ်တယ်ထင်ပြီး အနားကို အပြေးရောက်
လာသော ကြီးမေ နဲ့ မော်မော် ကြောင့်လည်း
သား ပြုံးပြီးရင်း ပြုံး​နေမိသည်။

" မမလေး ဘာဖြစ်သွားသေးလဲ....??
ဘာဖြစ်သွားသေးလဲဟင်.."

လူကို စုံချည် ဆန်ချည် လှည့်ပြီး ကြီးမေ က
ဒဏ်ရာကို ရှာဖွေနေတော့ သား သဘောကျသွား
ရသည်။

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now