Part - 27 ( Zg + Uni)

2.2K 106 2
                                    

💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 27 }

" မာမီ က သား ကြိုက်တဲ့ ချောကလက်
bubble tea ကို ဒီဆိုင်မှာပဲ တိုက်ချင်တာလေ
ဒယ်ဒီ မအားတာနဲ့ သားနဲ့ မာမီ ပဲ
ဒီဆိုင်ကို နှစ်​​ယောက်​တည်း
လာခဲ့ရတယ်....လာတိုင်း
မာမီ က ဘာပြောတယ် ထင်လဲ
ဒယ်ဒီ သာ ရှိရင် သိပ်ကောင်းမှာပဲတဲ့
ဒီဆိုင်ရဲ့ အပြင်အဆင်လေးက ဒယ်ဒီ
အကြိုက်တဲ့... နှင်းဆီပန်း အဖြူတွေနဲ့ 
အလှဆင်ထားလို့လေတဲ့ "

ဦးတိုးရှိန် သား ပြသော ဆိုင်အပြင်အဆင်လေး
ကို ကြည့်ကာ သူ့မျက်ဝန်းမှာ မျက်ရည်
စတွေ ရစ်ဝဲလာသည်။ ရင်ထဲမှာလည်း
ဘယ်လိုမှ မကောင်း။

" ရယ်တော့ ရယ်ရတယ်နော် ဒယ်ဒီ
မာမီ က ဒယ်ဒီ အချိန်မပေးနိုင်တာနဲ့
အရက်တွေနဲ့ နေ့တိုင်း အဖော်ပြုနေတာ
သား ကတော့ မာမီ အရက်သောက်တာကို
တားချင်ပေမဲ့ မတားရက်ဘူး... ဒယ်ဒီ ကို
မလွမ်းအောင် လုပ်နိုင်တာဆိုလို့ ဒါပဲ
ရှိတာလေ... တစ်ခါတစ်လေ သားပါ
စိတ်ညစ်ပြီး မာမီ အရက်တွေ ​သောက်မိတယ်
အဲ့ဒီအခါ မာမီ က မသောက်နဲ့တဲ့
အရက်က မကောင်းဘူးတဲ့....
ဒါနဲ့ သားကလည်း အရက်က မကောင်းဘူးဆို
မာမီ က ဘာလို့ သောက်နေတာလဲလို့
မေးလိုက်တော့ ဒီအရက်လေးကသာ
ဒယ်ဒီ လျစ်လျူရှူတာကို ဖြေသိမ့်နိုင်မှာတဲ့... "

"......"

" ဒီတော့ သား မာမီ ကို မတားရက်တော့ဘူးလေ
ဒါပေမဲ့ မာမီ က အရက်သာ သောက်တာ
သား အပေါ် ဘာတစ်ခုမှ မိဘတာဝန်
မလစ်ဟင်းခဲ့ဘူး....သား ပစ္စည်း တစ်ခုခုကို
လိုချင်တာ မြင်တာနဲ့ မာမီ က အဆင့်သင့်
ဝယ်ပေးပြီးသားပဲ.... ဒါတင်မကဘူး
သူ အရက်မူးနေရင်တောင်မှ မာမီ က
သားကို မြင်ပြီးမှ အိပ်တာ... မမြင်ရမသေး
မချင်း မအိပ်ဘူး... ဘယ်လောက်တောင်
ချစ်စရာကောင်းတဲ့ အမူးသမားလေးလဲ
အဲ့ဒီ အမူးသမားလေးက ဒယ်ဒီ ဆီက
ဂရုစိုက်မှုလေးကိုပဲ လိုချင်ခဲ့တာ... သူ့
ဘဝမှာ ပိုက်ဆံတွေက အရေးမကြီးဘူး
ဒယ်ဒီ ဆီက ဂရုစိုက်မှုလေးကပဲ
အရေးကြီးခဲ့တာ.... ဒယ်ဒီ ငြိုငြင်မှာ၊
ဒယ်ဒီ စိတ်ပျက်သွားမှာကို သူ့က အရမ်း
ကြောက်တာ...... ဒယ်ဒီ နဲ့ ဒေါ်သက်ချို
တွဲသွားတာ မြင်တိုင်း မာမီ က အရမ်း နာကျင်ရတယ်
အဲ့ဒီတော့ အရက်မူးလာတိုင်း သား ဆီကို
ရင်ဖွင့်တယ်... အဲ့ဒီအချိန်တွေဆိုရင်
မာမီ ကို သား အရမ်း သနားတာပဲ
သား မာမီ ကို သနားပြီး မငိုမိအောင် မနည်းထိန်းနေရတယ်
ဘာလို့ဆို မာမီ က သား ငိုရင် မကြိုက်ဘူးလေ
ဒီတော့ သား ဝမ်းနည်းတိုင်း သား မျက်ရည်တွေကို
မာမီ မမြင်အောင် ခိုးငိုနေရတယ်.. .
မာမီ ရင်လာဖွင့်တိုင်း ဒေါ်သက်ချို ကို သား
အရမ်း မုန်းမိတယ်... ဒါကြောင့် ဒေါ်သက်ချို
ကို မြင်တိုင်း သား အခုလို ရန်ဖြစ်နေရတာပဲ ...
မာမီ အစား သား မခံစားနိုင်လို့ သား သူတို့ကို
မုန်းနေခဲ့တာ ဒယ်ဒီ ...သား မုန်းနေခဲ့တာ
...အီးဟီး... အင့်ဟင့် ...အင့်ဟင့် "

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now