Part - 45 ( Zg + Uni)

1.9K 107 4
                                    

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 45  }

" ဟာဟာ ဒီ​နေ့ မြန်​မာနိုင်​ငံသွားရင်​ ဖြူလုံး​ရော
လိုက်​မယ်​ "

" မြန်မာနိုင်ငံ ဘာလိုက်လုပ်မလို့လဲ ဖြူလုံး
နင့်က "

" ဖေဖေ့ ကို ငိုအောင် လုပ်တဲ့ မိန်းမကို
ဖြူလုံး ရှာမလို့..... "

" အဲ့ဒါ နင့် အမေနော် ဖြူလုံး... "

" ဖြူလုံး သိတယ် ဒါပေမဲ့ ဖြူလုံး သူ့ကို
အရမ်းမုန်းတယ်... .ဖေဖေ့ကို ငိုအောင်လုပ်လို့...
ငယ်ငယ်က ဖြူလုံး မေမေ့ အကြောင်းမေးတိုင်း
ဖေဖေက ငိုတယ်... နောက်ပြီး တစ်နေရာသွား
တယ်​​ပြောပြီး ​ဖေ​ဖေ့ က ငို​နေခဲ့တယ်​.....
ဒါ​ကြောင့်​  ဖြူလုံး သူ့ကို အရမ်းမုန်းတယ်​  "

မဟာ ကိုးနှစ်အရွယ်ကလေးနဲ့မှ မလိုက်၊ 
အမုန်းတရားတွေကို သိနေသော ဖြူလုံးလေး
ကို ကြည့်ပြီး ဘာလုပ်ပေးရမှန်းမသိ။ ဒါတွေက
သူ့ အပြစ်တွေပေ။  ခြံရံ မိန်းမကို မုန်းတာနဲ့
ဖြူလုံး ရှေ့ ထိုမိန်းမ မကောင်းကြောင်း
သူ ပြောမိသည်။

ဒါကို မှတ်ထားပြီး ဖြူလုံးက မုန်းနေတယ်လေ။
အကယ်၍  ခြံရံ သာ သူ့ သမီးလေး က သူ့
မိန်းမကို မုန်း​နေတာသိရင် ရင်ကွဲလောက်
မည်။ ဖြူလုံးလေး ကလည်း အလည်​လေး​ပေ။
သူ့ အဖေရှေ့ သူ့ အမေကို မုန်းကြောင်း
ဘယ်တော့မှ မပြော။ သူ့ကိုသာ ပြောသည်။
အခုလည်း အလုပ် ကိစ္စနဲ့ မြန်မာပြည်
သွားမှာကို လိုက်ဖို့ လုပ်နေတယ်လေ။

" မလိုက်ပါနဲ့ ဖြူလုံး ရယ်.... နင့် အဖေ
သိရင် ငါ့ကို သတ်လိမ့်မယ် "

" မသတ်ပါဘူး ဟာဟာကလည်း...
ဖေဖေ့ က ဟာဟာကို အရမ်းချစ်တာ
သိရဲ့သားနဲ့ ...ဟာဟာ ပြောရင်
ဖေဖေ့က တစ်ခွန်းတည်း ရမှာပါ "

ကလေးလေး မတန်မဲ့ အရမ်းလည်နေသဖြင့်
မဟာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။

" နော်... ဟာဟာ... ဖြူလုံး မြန်မာနိုင်ငံ
လိုက်မယ်နော်.. ..နော်နော်....!! နော်လို့...!! "

လက်ကို အတင်းကိုင်ပြီး လိုက်မယ်လုပ်နေသဖြင့်
မဟာ ခေါင်းသာငြိမ့်လိုက်ရ​တော့သည်။

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now