Part - 21 ( Zg + Uni)

2.4K 131 3
                                    

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 21 }

လိုင်းဖွင့်ပြီး သား facebook ထဲ ဝင်ကြည့်
တော့ 10 minutes  ago ဆိုပြီး ပေါ်လာသော
မိုးပုလဲ အကောင့်က ဓာတ်ပုံကြောင့် လူက
ရှော့ခ် ရသွားမိသည်။  စားပွဲမှာ ကိတ်မုန့်ကြီး
တစ်လုံးချထားပြီး မိုးပုလဲ ဘေးနားမှာ
ဒယ်ဒီ နဲ့ ဒေါ်သက်ချို က ပြုံးလို့ရွင်လို့ပေ။

ကြည့်နေရင်း တန်းလန်းမှ သား ပါးပြင်ပေါ်
ကို မျက်ရည်တွေက စီးကျသွားခဲ့သည်။

အလုပ်တွေ ရှူပ်နေလို့ ဒယ်ဒီ က မအားဘူးတဲ့။
အခုတော့ မိုးပုလဲ မွေးနေ့မှာ မိုးပုလဲ နဲ့အတူ
ဒယ်ဒီ က ရှိနေပေးနေတယ်လေ။

ကြည့်ရတာ သား က ဒယ်ဒီ အတွက် ဒေါ်သက်ချို
သမီး မိုးပုလဲ လောက်တောင် အရေးမပါတဲ့
လူပေ။ 

လိမ်ရက်လေခြင်းဆိုတဲ့ ဒယ်ဒီ ကြောင့်လည်း
ရင်ထဲမှာက  ဟာကနဲပင်။

" ဘာလို့လဲ...?  မာမီ
ဒယ်ဒီ က ဘာလို့ သားထက်
ဒေါ်သက်ချို တို့ သားမိကို ဦးစားပေးနေရတာလဲ...?
ဘာကြောင့်လဲ...?  မာမီ. ...အီးဟီး. ..အင့်ဟင့်
....အီးဟီး "

မခံစားနိုင်တဲ့ အဆုံး သား မျက်ရည်တွေ ပိုးပိုး
ပေါက်ပေါက်ကျပြီး စားပွဲမှာ ခေါင်းငိုက်စိုက်ချပြီး
ငိုလေသည်။

သို့သော် တခြားတစ်ဖက်မှာ သူမ ဒယ်ဒီ က
အလုပ်တွေ တကယ်​ ရှူပ်နေခဲ့တာကို
သား တစ်ယောက်  မသိခဲ့ပါချေ။

*********************

" Ring. ....Ring..... Ring "

🎵🎵🎵  အစက တို့ နှစ်ယောက် မတွေ့ခဲ့ရင်
သိပ်ကောင်းမယ်.....
🎵🎵 အနိုင်ယူလွန်းတဲ့ နင့်ကို အရှူံးပေးခဲ့ပါတယ်...

🎼🎼 နှလုံးသားလေးလည်း သွေးထွက်လွန်ခဲ့တယ်
ဒီမှာ အသည်းကွဲ ရောဂါ ကုဖို့ ခက်ပါတယ် မင်းနဲ့...

🎶🎶 တစ်သက်စာ ဒီအလွမ်းများစွာ...
နင်ပေးခဲ့လည်း..ငါ အမှတ်မရှိသေးလို့ ....

🎼🎼 မချစ်ရင် မချစ်ဘူး ပြောခဲ့ပေါ့ .....
🎼🎼 သံယောဇဉ် မရှိဘူး ပြောခဲ့ပေါ့...

🎵🎵 တစ်ခါတစ်လေ လွမ်းလို့ ရူးချင်တယ်
ဘယ်မှာ နင့်ကို လိုက်ရှာမလဲ...??
အရာအရာကိုသာ  မေ့ပစ်လိုက်ချင်တယ်

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now