Part - 8 ( Zg + Uni )

2.9K 136 7
                                    

💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 8 }

" မာမီ.....!!! မာမီ လုပ်ပါအုံး.....!!!
ဒယ်ဒီ က သား ကို မချစ်တော့ဘူး...အီးဟီး
....အင့်ဟင့်.... အင့်ဟင့်....
မချစ်တော့ဘူး မာမီ......မာမီ လုပ်ပါအုံး....!!!
...အီးဟီး ....အင့်ဟင့်.... အင့်ဟင့်.... "

အိပ်ပျော်နေရင်းတန်းလန်းကနေ ထယောင်ပြီး
ငိုနေသော မေသွေးခြယ် ကို ခြံရံ ကြည့်ကာ
ရင်ထဲ တစ်မျိုး ဖြစ်သွားပြီး သူ့  လက်တွေက
သူမကိုယ်လေးကို ဖက်ထားမိသည်။

ထိုအခါကျမှ ငြိမ်ကျသွားတော့ နဖူးပေါ်
ဝဲနေသော သူမ ဆံနွယ်လေးတွေကို ခြံရံ
တယုတယ ဖယ်ရှားပေးပြန်သည်။

ပါးပြင်ပေါ်က မျက်ရည်စတွေကိုလည်း ခြံရံ
အသာလေး သုတ်ပေးသည်။

သူ ဒေါသထွက်ပြီး မေသွေးခြယ် ကို အခုလို
ဖြစ်အောင် လုပ်လိုက်မိတဲ့အတွက် စိတ်ထဲ
တော့ သိပ်မကောင်းပါ။ ဒါပေမဲ့ မေသွေးခြယ်
ကို သူ တောင်းပန်မည် မဟုတ်။

သူ့ ဘဝကို ဟန်ဆောင်လိမ်ညာယူပြီး
ကလဲ့စားတွေနဲ့ ဝင်လာသော ဒီမိန်းမကို
အမုန်းတရားတွေ ပေးမှ ဖြစ်မည်။

တော်ကြာ သူ အမုန်းတရားတွေ မပေးဘဲ
ချိုသာမှုတွေ ပေးနေရင် မေသွေးခြယ် ဆိုတဲ့
ဒီမိန်းမက သူ့ ဘဝကို ဖျက်ဆီးသွားလိမ့်မည်။

မနက်ကတောင် သူ နားနဲ့ ဆက်ဆက် ကြားလိုက်
ရသေးတာပဲ မဟုတ်လား။ အန်တီသက်ချို
နဲ့ ပုလဲ ကို လက်စားချေချင်လို့ သူ့  ဘဝထဲ
ဝင်လာခဲ့တာ ဆိုတာကို။

**********************

" ဦးလင်းခြံရံ ခင်ဗျား ထ....!!!
အခုချက်ချင်း ထ....!!!! ထစမ်း....!!! "

" ဘုန်း.... ဘုန်း.... ဘုန်း "

အသားကုန်တွေ ထုရိုက်ပြီး နိုးနေတော့
ခြံရံ ဆက်မအိပ်နိုင်တော့ဘဲ မျက်လုံး
ပွင့်လာခဲ့သည်။

" အခုချက်ချင်း ထ.... ခင်ဗျား ထ.....!!! "

ထပ်ရိုက်ဖို့ ရွယ်လာတဲ့ လက်တွေကို
ဒီတစ်ခါ အရိုက်မခံတော့ဘဲ ခြံရံ
သူ့ လက်နဲ့ အမြန်​ဖမ်းချုပ်ထားလိုက်သည်။

" ဘာဖြစ်တာလဲ မေသွေးခြယ်....???
မင်း ငါ့ကို ဘာလို့ ရိုက်နေရတာလဲ.. ..?? "

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now