Part - 14 ( Zg + Uni)

2.6K 138 2
                                    

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 14  }

ခြံရံ သား လည်​တိုင်​​လေးကို  သူ့ စိတ်​ကြိုက်
အမှတ်​​တွေ ​ပေးပြီးတာနဲ့ သား ရင်​ညွှန့်​​လေးကို
ခြံရံ နမ်းရှိုက်​​ပြန်၏ ။

ခဏလောက်ကြာတော့ သား ရင်ဘတ်ပေါ်ကို
ခြံရံ လက်တွေက ရောက်ရှိလာပြီး သား အင်္ကျီ
ကြယ်သီးကို ဖြုတ်ဖို့ပြင်၏ ။

" ဟင့်အင်း တော်တော့. .....ရပ်လိုက်တော့ "

အသိဝင်လာတော့ သူမ ရင်ဘတ်ပေါ်က ခြံရံ
လက်ကို ဖမ်းဆုပ်လိုက်ပြီး  သူမ ပါးစပ်ကနေလည်း
တော်လိုက်ဖို့ ပြောလိုက်၏ ။

ချက်​ချင်းဆိုသလို ကုတင်ပေါ်ကနေ မေသွေးခြယ်
  ကုန်းရုန်း ထကာ ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။

" ဟာ..... ငါ ဘာတွေ လုပ်လိုက်မိတာလဲ
လင်းခြံရံ.... မင်း..... မင်းကတော့.....!!!
ကျစ်ခ်... စိတ်လေပါတယ် "

ကုတင်ပေါ် တစ်ယောက်တည်း ကျန်ခဲ့ရင်း
ကိုယ့် ဆံပင် ကိုယ် ပြန်​ပြီးထိုးဖွကာ ခြံရံ
တစ်ယောက် ညည်းတွား နေခဲ့၏ ။

**************************

တစ်လကြာပြီးနောက်.........

ဦးခြံရံ နဲ့ သား မှားယွင်းမလို ဖြစ်သွားတဲ့ နေ့ကတည်း
က သား သူ့ ကို ရှောင်နေမိသည်။

ဒီနေ့ဆို သား သူ့ကို ရှောင်တာ တစ်လပြည့်လို့
သွားပြီ။  ဒါ့အပြင် သားရဲ့ ဒုတိယနှစ် first
semester ကလည်း ပြီးသွားတဲ့အတွက်
သားတို့ ကျောင်းက နှစ်လပိတ်သည်။

Mom ကလည်း သား ကျောင်းနှစ်လ ပိတ်တဲ့အတွက်
သား နဲ့ ဦးခြံရံ ကို ဟန်နီးမွန်း ထွက်ခိုင်းနေသည်။

ဒီအတွက်ကြောင့် သား သူ့ကို ရှောင်နေလို့
မရေတာ့ပါ။

" ဟန်နီးမွန်း က မင်း ဘယ်သွားမှာလဲ.....??
မေသွေးခြယ် "

အခန်းထဲ ဝင်လာရင်း မေးလိုက်တဲ့ ဦးခြံရံ
ကြောင့် သား သူ့ကို ကြည့်ပြီး မျက်လုံးထဲ
မြင်လာတဲ့  ကမ်းခြေ ကို သွားဖို့ ဆုံးဖြတ်လိုက်သည်။

" ငပလီ.. ..ငပလီ သွားမယ် ဦးခြံရံ "

" အိုကေလေ သွားကြတာပေါ့ မေသွေးခြယ် "

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now