Part - 12 (Zg + Uni)

2.7K 144 4
                                    

💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 12 }

" မေသွေးခြယ် မင်း ပြန်လာရင် ငါနဲ့ တွေ့မယ် "

ခြံရံ ​မေသွေးခြယ် ကို နမ်း​တော့ သူမ က အထိမခံ
ဖြစ်၍ သနားလို့ သူ လွှတ်ပေးလိုက်သည်။

လွှတ်ပေးလိုက်တော့ ပါးနှစ်ဖက်က နှစ်ချက်ဆင့်
ရိုက်ခံလိုက်ရပြီး ဒါတင်မကသေး
သူ့ အောက်က ဖွားဖက်တော်ကိုပါ မေသွေးခြယ်
က ဆောင့်ကန်သွားသေးသည်။

ထိုအခါ ကျဉ်ခနဲ နာသွားတဲ့ ခံစားချက်က ဘာနဲ့မှ
ပြောလို့ မရ။

တွေးရင်း ​အောက်​က သူ့ဟာက အသားကုန်
နာလာမိသည်။

" ကျွတ်စ်..... ကျွတ်စ်..... ကျွတ်စ်
မေသွေးခြယ် မင်း ပြန်လာရင် ငါ နဲ့ တွေ့မယ် "

ခြံရံ တစ်ယောက် ညည်းပြီး ကုတင်ပေါ်ကနေ
မနည်းကုန်းရုန်း ထနေရသည်။

>>>>>>>>>>>>>>>>

" နင်ရဲ့ favorite ပန်းလေး
ငါ ပန်ပေးမယ် "

" ရတယ် နေထက် ငါ မပန်ချင်ဘူး
ငါ့က ပန်းလေးတွေကို ဒီတိုင်း မွှေးပဲ မွှေးချင်တာ "

သား တားမြစ်ချိန်တောင် မရလိုက် သား ရဲ့
နားရွက်ဖျားလေးထဲ ဇီဇဝါ ပန်းလေးက
ရောက်သွားခဲ့သည်။

" လှတယ် သား..... နင်နဲ့ အရမ်းလှတယ် "

" ကျေးဇူးပါ နေထက်..... "

" ဘာတွေ ကျေးဇူးတင်နေတာလဲ မေသွေးခြယ်
ဟိုက မင်း အမေ လင်မလို့ မင်း ကျေးဇူးတင်
နေတာလား......??? "

" ဖြန်း....!!! "

ခြံရံ ကျောင်းလာကြိုကြိုချင်း မြင်လိုက်ရတဲ့
မြင်ကွင်းက လူကို ဒေါသထွက်သွားစေတော့
အနားကို သူ ဘယ်လိုရောက်သွားမှန်းလည်း
မသိလိုက်။

သူ သိလိုက်​​ရော သူ့ ပါး တစ်ဖက်က
မေသွေးခြယ် ကြောင့် ထူပူသွားပြီလေ။

" မင်း ငါ့ ပါးကို ဒီကောင်အတွက်နဲ့ ရိုက်တယ်
ပေါ့ မေသွေးခြယ် "

" ဟုတ်တယ် ရိုက်တယ်.... ဒါတင်မကသေးဘူး
သား အမေ နဲ့ သူ့ ကို စော်ကားတဲ့ အတွက်
ရှင့်ကို အသေပါ သတ်ပစ်ချင်တာ "

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now