Part- 57 ( Zg + Uni)

1.9K 128 2
                                    

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 57  }

" ထမင်းစားပြီးမှ သွားလေ baby ....နို့မို့ဆို
baby အားနည်းပြီး မနေ့ညကလို
ထပ်လဲနေလိမ့်မယ် "

" ရတယ် ဦးရံ... မနေ့က တစ်နေကုန်
ဘာမှမစားလို့ မူးလဲသွားတာ အခု အားဆေး
သွင်းထားတာပဲ... ဘာမှမဖြစ်တော့ပါဘူး
လာပါ သမီးလေး ဆီကို သားတို့ သွားရအောင် "

" ဖိုက်တင်းနော် ဒယ်ဒီ သမီးလေး "

" ဟုတ် ဒယ်ဒီ ....ဒါဆို သားတို့ သွားပြီနော်
ဒယ်ဒီ ဂရုစိုက်အုံး "

ရှေ့တည့်တည့်က ထမင်းစားဝိုင်းမှာ ထိုင်နေတဲ့
ဒယ်ဒီ ဆီက အားပေးစကားရတာနဲ့ ဒယ်ဒီ
ကို နှုတ်ဆက်ပြီး ထိုင်နေရာကနေ သား
ထလာခဲ့လိုက်သည်။

ဦးရံ ကလည်း သားထလာတာနဲ့ တန်းလိုက်လေသည်။

************************

ခြံရံ ကားမောင်းနေပေမဲ့ မျက်လုံးက တစ်ချက်
တစ်ချက် baby  ဆီမှာပေ။

မနေ့ညက သမီးလေး ဆီ ပြန်ဖို့ နာရီဝက်​အလိုမှ
baby က မူးလဲသွားခဲ့သည်။ ဒေါက်တာခေါ်
ပြီး စမ်းသပ်ခိုင်းတော့ baby က ဒီရက်ပိုင်း
ဘာမှမစားလို့ ကိုယ်ခံအားနည်းပြီး မူးလဲတာတဲ့။
ဒါကြောင့် baby ကို စိတ်ပူပြီး မနေ့ညက
သမီးလေး ဆီ သူ မပြန်တော့တာပင်။

" မဟာ...!!  "

ဟိုတယ်ရောက်ရောက်ချင်း အပေါက်ဝမှာ သူ့ကို
ရပ်စောင့်နေတဲ့ မဟာ ကို တွေ့တာနဲ့
ကားကို ဟိုတယ်ရှေ့ အမြန်ထိုးရပ်ပြီး
baby ကို ခေါ်ကာ ကားပေါ်ကနေ ဆင်း
လာခဲ့လိုက်သည်။

" အေး မင်း လာတာနဲ့ အတော်ပဲ ခြံရံ.. ..
ဖြူလုံးလေး က မနေ့ညကတည်းက
အခုထက်ထိ ဘာမှ မစားဘူး "

" ဘာ...!!! မစားဘူးဟုတ်လား...??
မနေ့က ကတည်းက မင်းကို ငါ မှာထားတယ်
လေ... .ကလေးကို သေချာဂရုစိုက်ပြီး
ကျွေးပေးပါလို့... "

" ကျွေးလို့ မရဘူး ခြံရံ.... မင့် သမီးက
ဘယ်လောက်ထိ တဇွတ်ထိုးဆန်လဲဆိုတာ
မင်း သိပါတယ် "

"  ဦးရံ ဖြူလုံးလေး ကို သား ကျွေးကြည့်ချင်တယ်..."

" ဖြစ်ပါ့မလား သား...ဖြူလုံး က ခြံရံ ​ကျွေးမှ
စားတာ​နော်​  "

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now