Part - 32 ( Zg + Uni)

2.9K 120 1
                                    

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 32 }

နောက်ပိုင်းက ဇစ်က ဖြုတ်ချခံလိုက်ရတော့
ရှေ့က ဝတ်ထားတဲ့ ကိုယ်ကြပ် ဂါဝန်မှာ
ပြေကျမလို ဖြစ်သွားတော့ သား လက်နဲ့
အမြန်ပင့်တင်လိုက်ရသည်။

မဟုတ်ရင် သား တစ်ကိုယ်လုံးကို နှာဘူးလို
သေချာကြည့်နေတဲ့ ဦးခြံရံ ကြောင့် သား က
ဂွမ်းတော့မှာလေ။

ထိုအချိန် သူ့ လက်က သား ပင့်တင်ထားတဲ့
နားလေးကို လာတော့ လူက မျက်လုံး
ပြူးသွားရသည်။

" အား...!!!!  မလုပ်နဲ့ ဦးခြံရံ...!!!!  "

" ဟေ့..... ဟေ့.... ဘာတွေ အော်နေတာလဲ
မင်း ဟာကို ငါ ချွတ်ချမယ်လို့ ထင်နေတာလား...??  "

နှာခေါင်းလေးကို ဖျစ်ညှစ်ကာပြောလိုက်တော့
သား မျက်စောင်း ထိုးလိုက်မိသည်။
သူ့ ကတော့ သား မျက်စောင်းထိုးတာကို
ပြုံးပြုံးကြီး ကြည့်နေခဲ့သည်။

သိမှ မသိတာ။ သူ့ လက်က သား နားလာတော့
ချွတ်ချပြီ ထင်နေတာလေ။

ချက်ချင်းဆိုသလို ရှေ့ဂါဝန်လေးကို ပင့်တင်ကာ
နောက်ကျောက ဇစ်ဖြုတ်ချခံရတဲ့အတွက်
မလုံတော့ဘူးဆိုတော့ ကုတင်ပေါ်ကနေ
ပြောင်းပြန်ကြီး သား ဆင်းလာလိုက်သည်။

အတည့်က ဆင်းလို့မရ။ ဆင်းရင် လစ်​ဟင်း
နေတဲ့ သား  ကျောပြင်တစ်ခုလုံးကို သူ့က
မြင်မှာလေ။

သား ပြောင်းပြန်ကြီးဆင်းတာကို သူ့က ပြုံး
ပြုံးကြီး ကြည့်နေတော့ တကယ့်ကို
အမြင်ကပ်မိသည်။

ဒီလိုနဲ့ ရှေ့က ဂါဝန်အပေါ်ပိုင်းကို သား ပင့်တင်ပြီး
ပြောင်းပြန်ကြီး လမ်းလျှောက်ကာ ရေချိုးခန်းထိ
ဖြေးဖြေးချင်း သွားနေရသည်။ သူ့ကတော့
သားကို ကြည့်ပြီး ပြုံးပြုံးကြီးပေ။

ခြံရံ ရေချိုးခန်းနားလည်း ရောက်ရော တံခါးကို
အမြန်ဖွင့်ကာ လှစ်ခနဲ အထဲ ပြေးဝင်သွားသော
မေသွေးခြယ် ကြောင့် သူ ပြုံးလိုက်မိသည်။

" ဘယ်လို​လေးလဲ မေသွေးခြယ် မင်းက.. "

အပြောနဲ့အတူ သူ့ နှုတ်ခမ်းတစ်စုံက ထပ်မြှောက်
တက်သွားရပြန်သည်။

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now