Part - 55 ( Zg + Uni)

2.1K 112 6
                                    

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 55  }

သား နဲ့ ဦးရံ ကို အ​ပေါ်ထပ်​မှာ ​နေခိုင်းပြီး
ကျန်​တဲ့လူ​တွေကို Mom က ​အောက်​ထပ်​သွား
ခိုင်းလိုက်​သည်​။ သား သမီး​လေး အပါအဝင်​​ပေ။
အခုလည်း Mom ပုံစံက သားကို စိတ်​အ​တော်​တို
နေ၏ ။

" ပြောစမ်းပါ မီးငယ်လေး...  မာမီ အပေါ်
မီးငယ်လေး ဘာလို့ အဲ့ဒီလိုလုပ်ရတာလဲ...??
မာမီ က မီးငယ်လေး အမှန်အတိုင်း ပြောရင်
တောင် ခွင့်လွှတ်ပေးမယ့် သူပါ.. .
အခုတော့ လုပ်ရက်လိုက်တာ... ကိုးနှစ်တိတိ
သားဖြစ်သူကို မုန်းတီးနေရတယ်... "

" တောင်းပန်ပါတယ် Mom.... သား
တောင်းပန်ပါတယ် "

" တောင်းပန်တိုင်း ပြီးသွားမှာလား မီးငယ်လေး...
အခုတော့ ဘာမှ လုပ်လို့မရတော့ဘူး...
နင့်ကို  ငါ ယုံကြည်ခဲ့သမျှတွေက အလကားပဲ... "

" တော်ပါတော့ မာမီ.... ဒီကိစ္စမှာ
baby က အပြစ်မရှိပါဘူး...ကျတော့် မှာသာ
အပြစ်ရှိတာပါ...မာမီ အပြစ်တင်ချင်ရင်
ကျတော့် ကိုပဲ အပြစ်တင်ပါ "

မေသွေးခြယ် ကို အပြောမခံဘဲ ဝင်ရောက်
ကာကွယ်ပေးလာသော ခြံရံ ကြောင့် ဒေါ်နန်းအိမ်
မျက်ခုံးတွေက တွန့်ချိုးသွားရသည်။

" ဟုတ်ပါတယ်လေ မီးငယ်လေးက
မင်း မိန်းမဆိုတော့ ငါ့မှာ အပြစ်တင်ခွင့်
မရှိပါဘူး.... ငါ့က မင်းတို့နဲ့ ဘာမှ
မသက်ဆိုင်တာကိုး "

ဒေါ်နန်းအိမ် မျက်ဝန်းတွေက အရည်ကြည်လဲ့
မလို ဖြစ်သွား၍  ခြံရံ သူ့ အမေ လက်လေး
ကို ဆုပ်ကိုင်ပစ်လိုက်သည်။

" ကျတော် တောင်းပန်ပါတယ် မာမီ... ကျတော်
အဲ့ဒီ သဘော ပြောတာ မဟုတ်ပါဘူး.....
မာမီ က ကျတော့် ဘဝမှာ အရေးပါဆုံး
သူတွေထဲက တစ်ယောက်ပါ.... မာမီ
သိလား....ကျတော်လေ  ဖြူလုံးလေး
ကို သိပ်တဲ့ ညတိုင်းလည်း မာမီ ကို
ကျတော် သတိရနေတာ...ကျတော်
ငယ်ငယ်တုန်းက မာမီ ကျတော့် ကို
ဒီလိုသိပ်ခဲ့တယ်​ဆိုပြီး... ဖြူလုံးလေး
ကို ထမင်းကျွေးပြန်ရင်လည်း မာမီကို
ကျတော် သတိရနေမိတာ...
ကျတော် ငယ်ငယ်တုန်းက မာမီလည်း
ဒီလို ခွံ​ကျွေးခဲ့တယ်ဆိုပြီး...
ဒါတင်မကသေးဘူး မာမီ အဆင်များ ပြေပါ့မလား
ဆိုပြီး ကျတော် တွေးပြီး စိတ်ပူနေတာ "

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now