Part - 4 ( Zg + Uni)

3.3K 150 1
                                    

💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 4 }

ကားလေးက မောင်းနေပေမဲ့ တိတ်ဆိတ်လို့ နေ၏ ။

အနောက်ခန်းက မိုးပုလဲ မှာတော့ ရှေ့ခန်းမှာ
ထိုင်နေတဲ့ သား ကို မကျေနပ်တဲ့
အကြည့်တွေနဲ့ပင်.....။

ကားမှန်ကနေ တစ်ဆင့် မိုးပုလဲ ကို ကြည့်ပြီး
ပြုံးစိစိ ဖြစ်နေသူကတော့ ရှေ့ခန်းမှာ
ခြံရံ နဲ့ ထိုင်နေတဲ့ သားပင်.....။

" အန်ကယ် က နင့်ကို အိမ်လည်လာ
အုံးတဲ့.....??? မေသွေးခြယ် "

မေသွေးခြယ် တို့ အဖေအိမ်ကို ရောက်တော့
ကားပေါ်က ဆင်းဆင်းချင်း စကားစလာတဲ့
မိုးပုလဲ ကို မေသွေးခြယ် တစ်ချက် ကြည့်ကာ.....

" ဒယ်ဒီ ကို ပြောလိုက် မိုးပုလဲ....!!!
နင်တို့ သားမိ ဒီအိမ်ကနေ ဆင်းရင်
ငါ လာမယ်လို့........ "

" ဘာ.....!!!! မေသွေးခြယ် နင် မိုက်ရိုင်း
လှချည်လား......?? "

" ငါ့ ပါးစပ်နဲ့ ငါ ရိုင်းတာ နင့် ပါးစပ် ငှားပြီး
ရိုင်းနေတာ မဟုတ်ဘူး.... "

" တော်စမ်း....!!!! မေသွေးခြယ်
မင်း ပုလဲ ကို ဘာလို့ ကတ်ကတ်လန်လန်
ရန်ပြန်​​တွေ့နေရတာလဲ.....??? "

" ဝင်မပါနဲ့ ဦးရံ သား မကြိုက်ဘူး.....
မောင်းတော့ အခု အိမ်ကို .... "

ပုလဲ ကို စိတ်တိုစွာ တစ်ချက်ကြည့်ပြီး
သူ့ကို မောင်းဖို့  ပြောနေသော ချာတိတ်
ပုံစံ က အမိန့်ပေးနေသလိုပင်.....။

ခြံရံ ဒါကို မကြိုက်ပေမဲ့ ဒါပေမဲ့ ဒီနေရာမှာ
သူ ပြသာနာမဖြစ်ချင်ပါ။ ပုလဲ ကို
တစ်ချက်ကြည့်ပြီး ချာတိတ် ခိုင်းတဲ့အတိုင်း
ကားကို မောင်းဖို့ပြင်​လိုက်၏ ။

***********************

" မနက်က မင်း လုပ်ထားတဲ့ အပြစ် သိတယ်နော် "

ညစာစားပြီးလို့ ဗိုက်လေးလို့ အပေါ်ထပ်ကို
တက်လာရုံ ရှိသေး အခန်းထဲ ဝင်ဝင်ချင်း
ကြားလိုက်ရတဲ့ ဦးခြံရံ စကားက
သား ရင်ကို ထိတ်သွားစေသည်။ ဒါပေမဲ့
ထိတ်လန့်သွားတဲ့ စိတ်ကို သား မနည်းဖုံးကွယ်
ပြီး ဟန်ဆောင်ပြုံးလိုက်သည်။

" သိတာပေါ့ ဦးရံ ရ..... သား အပြစ်ကို
သား က သိတာပေါ့...... "

စကားကို အသားကုန်တွေ ချွဲနွဲ့ပြောရင်း
သား လက်တွေက ဦးခြံရံ ကိုယ်ပေါ်မှာ
ဆော့ကစား ပေးနေလိုက်သည်။

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now