Part - 50 ( Zg + Uni)

1.8K 99 4
                                    

💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 50 }

" ပုလဲ ကို မပြောစေချင်ဘူးဆိုရင် ဦးလင်း
ကိုယ်တိုင် မေသွေးခြယ် ကို ချစ်တယ်လို့
ဝန္ခံလိုက်​​လေ.. "

" ဘာ... .!! "

မိုးပုလဲ စကားကြောင့် ခြံရံ အာမေဋိတ်သံပါ
ထွက်မိသွားသည်။ ဘားရောက်ကတည်းက
ပုလဲ ပြောတဲ့ စကားတွေကို သူ ဘာတစ်ခုမှ
နားမလည်ချင်တော့ပေ။

" မင်း ဘာပြောလိုက်တာလဲ ပုလဲ.. ..??
မေသွေးခြယ် ကို ငါ့က ချစ်တယ်ပြောရမယ်
ဟုတ်လား....?? "

" ဟုတ်တယ် ဦးလင်း.. ..မေသွေးခြယ် ကို
ဦးလင်း ကိုယ်တိုင် ချစ်တယ်ပြောရမယ် "

ဦးလင်း က ထပ်မေးလာတာကြောင့် ပုလဲ
မတုံ့မဆိုင်းဘဲ ပြန်ဖြေလိုက်သည်။
ဒါ့အပြင်​ ဦးလင်းရဲ့ အကြည့်​မှာ ပုလဲ ကို
နားမလည်​တဲ့ အရိပ်​အ​ယောင်​​တွေနဲ့။

" ငါ နားမလည်တော့ဘူး ပုလဲ.... မင်းက
ငါ့ကို မေသွေးခြယ် နဲ့ ကွဲစေချင်နေတာလေ
အခု ဘယ်လိုလို့ သူ့ကို သွားပြီး ချစ်တယ်
ပြောခိုင်းနေရတာလဲ... .??
မင်းဘာဖြစ်ချင်နေတာလဲ ပုလဲ "

ထပ်မေးလာသော ဦးလင်း ​ကို ပုလဲ
နာကျင်စွာ ကြည့်ပြီး ပြုံးလိုက်မိသည်။

" ဦးလင်း....ပုလဲ က​လေ ဦးလင်း နဲ့
မေသွေးခြယ် ကို ပြန်ပြီး အဆင်ပြေစေချင်တာ...
အဲ့ဒါက ပုလဲ ကို နာကျင်စေတယ်...
ဒါပေမဲ့ ပုလဲ နာကျင်တာထက် ပုလဲ
ချစ်တဲ့ ဦးလင်း ပိုပြီး ပျော်ရွင်မှာကို
ပုလဲ မြင်ချင်တယ်.. .ဒါကြောင့်
မေသွေးခြယ် ဆီ သွားပြီး ဦးလင်း
ချစ်တယ်လို့ သွားပြောစေချင်တယ် "

" ဒါ့က မင်း စိတ်ရင်းအစစ်အမှန်လား ပုလဲ. ..??
ဒါမှမဟုတ် ငါ့ကို ကလဲ့စားချေဖို့အတွက်
မင်း ဟန်ဆောင်နေတာလား...?? "

လူကို စေ့စေ့ကြည့်ပြီး မေးနေတာက ပုလဲ
ကို မယုံမှန်း ပုလဲ သိပါသည်။ ဦးလင်း
ယုံရအောင်လည်း ပုလဲ က ကောင်းတဲ့
လူမှ မဟုတ်တာ။ ဦးလင်း အပေါ်
ပုလဲ က မကောင်းတာတွေ လုပ်ဖူးတယ်လေ။
ဒီတော့ မယုံကြည်တာ မဆန်းပါဘူး။

" ပုလဲ သိပါတယ် ဦးလင်း.... ပုလဲ
အခုပြောတဲ့ စကားတွေကို ဦးလင်း ယုံကြည်
ဖို့ ခက်ခဲမယ်ဆိုတာ.. "

အမုန်းတော်ခံ သတို့သမီး Onde as histórias ganham vida. Descobre agora