Part - 18 ( Zg + Uni)

2.4K 127 4
                                    

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 18  }

" ပုလဲ စားလို့ ကောင်းလား....??
ထပ်စားအုံးလေ ကိုယ် အခွံနွာပေးမယ် "

သား ရှေ့မှာတင် မိုးပုလဲမ ကို ဇွတ်တွေ ဂရုစိုက်
ပြနေတော့ သား ရင်ထဲမှာ ဘယ်လိုကြီးမှန်း
မသိပေ။ ဒယ်ဒီ နဲ့ ဒေါ်သက်ချို ကတော့
ကမ်းခြေမှာ လမ်းလျှောက်ထွက်နေလေသည်။

မဲမဲ ကလည်း သူ့ ရွာက အမျိုး ဖုန်းဆက်လာလို့
အပြင်ထွက်ပြီး ဖုန်းပြောနေတယ်လေ။

အခု သား၊  ဦးလင်းခြံရံ နဲ့ မိုးပုလဲ တို့ပဲ
စားပွဲမှာ ရှိနေကြသည်။

" မေသွေးခြယ် ဦးလင်း ခွာပေးထားတဲ့ ပုစွန်
စားမလား....??   ငါ ကျွေးမယ်လေ "

သား လက်ထဲကို အခွံခွာထားပြီးသား
ပုစွန် တစ်ကောင် ထည့်ပေးလာ
တော့ မိုးပုလဲ ကြောင့် သား မဲ့လိုက်မိသည်။

" နင့် ပုစွန် နင် ပြန်ယူသွား မိုးပုလဲ
ငါ့က သူများစားကြွင်းကျန်တွေကို
နင့်လို ငမ်းငမ်းတက် မစားတတ်ဘူး
ဒါကြောင့် နင့်သာ စား "

" နင်... နင်... နင် "

သား စကားကြောင့် ဒေါသထွက်သွားကာ
တနင်နင် ဖြစ်နေတဲ့ သူ့ ပါးစပ်ထဲကို
သူ ပေးထားတဲ့ ပုစွန်ကြီး ထည့်ပေးလိုက်​ပီး
ထိုင်နေရာကနေ အမြန်​ထလာလိုက်သည်။

" မေသွေးခြယ်.. ..မေသွေးခြယ်
မင်း ရပ်စမ်း.. .ရပ်စမ်းလို့ ငါ ပြောနေတယ်နော်
မေသွေးခြယ် "

သူ့ ဟာမ ပါးစပ်ထဲကို သား ပုစွန်ကြီး ထည့်လိုက်
လို့ ထင်ပါရဲ့။  သား နောက်ကို ပြေးလိုက်လာ
တဲ့ ဦးခြံရံ ကြောင့် လူက မရပ်ဘဲ ဆက်သွား
နေမိသည်။

" အာ့...!!!  ဦးလင်းခြံရံ ခင်ဗျား ဘာလုပ်တာလဲ
......?? လွှတ်စမ်း....!!!  သား လက်ကို
အခုလွှတ်စမ်း...!!  နာတယ်... နာတယ်လို့
....!!! "

လက်ကောက်ဝတ်ကို သူ့ အားကြီးနဲ့ အကြမ်းပတမ်း
ဆွဲလိုက်တော့ သား လက်လေးက နာသွားရသည်။

အခုလည်း သား လွှတ်ခိုင်းနေတာကို မလွှတ်ဘဲ
ဘန်ဂလိုဘက် သားကို ဇွတ်အတင်းဆွဲခေါ်လာတော့
လူက ရုန်းမရ ဖြစ်နေလေသည်။

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now