Part - 37 ( Zg + Uni)

2.2K 117 5
                                    

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 37 }

" ကိုယ့် ခြေထောက်နဲ့ ကိုယ် စီးတာ ခင်ဗျား
ခြေထောက် ငှားစီးနေတာမဟုတ်ဘူး ဦးလင်းခြံရံ...
ဒီတော့ ခင်ဗျား စကားကို နားမထောင်နိုင်ဘူး
အခုချက်ချင်း သား ဖိနပ်ကို ပြန်ကောက်ပေး
အဲ့ဒါ နေထက် ဝယ်ပေးထားတာ.. .."

" ဘာ...!!!  "

" ဒုန်း..!!!  "

ကားကူရှင်ကို လက်သီးနဲ့ ထိုးချလိုက်တော့
သား လန့်ချင်မိသွားသည်။ ဒါပေမဲ့ သား
လန့်လို့မရ၊ သား လန့်ရင် သူ့ကို ကြောက်တယ်
ထင်နေလိမ့်မည်။ ဒါကြောင့် နှုတ်ခမ်းတစ်စုံကို
အသားကုန် ဖိကိုက်ထားပြီး သူ့ကို
သား ဒေါသမျက်လုံးနဲ့ စိုက်ကြည့်နေလိုက်သည်။

သား ကြည့်နေတုန်း ဦးခြံရံ က ကားပေါ်က ဆင်းသွား
ပြီး ခုဏက သူ လွှင့်ထားတဲ့ သား ဒေါက်ဖိနပ်ကို
ကောက်ယူပြီး ဒေါက်သားအချွန်ကို ဖိနပ်ကနေ
ဆွဲဖြုတ်လိုက်​၍ သား ဒေါသတွေက ထိန်းမရတော့
ပါ။

" ခင်ဗျား ဘာလုပ်လိုက်တာလဲ ဦးလင်းခြံရံ...?? 
သား ဖိနပ်ကို ခင်ဗျား ဘာလုပ်လိုက်တာလဲ...??  "

ဒေါသတွေ ဗရပွနဲ့ မေသွေးခြယ် ကားပေါ်ကနေ
ဆင်းလာပြီး ခြံရံ ကို မေးနေသည်မှာ သတ်တော့
မယ့်အလားပင်။

" ဖျက်စီးပစ်လိုက်တာလေ မင်း မမြင်ဘူးလား
မေသွေးခြယ် "

" ကဲဟာ.. !!သား ဖိနပ်ကို ဖျက်စီးချင်အုံး "

" ဖြန်း..!!! "

အပြောနဲ့အတူ သူမ လက်တစ်ဖက်က မြန်ဆန်စွာနဲ့
ခြံရံ ပါးပေါ်ကို ကျရောက်သွားတော့ ခြံရံ နှုတ်ခမ်း
ထောင့်နားက သွေးထွက်သွားခဲ့သည်။

" ဒီဖိနပ် အတွက်နဲ့ မင်း ငါ့ ပါးကို ရိုက်တယ်ပေါ့
မေသွေးခြယ်. ...မင်း ကောင် ဝယ်ပေးထားတဲ့
ဖိနပ်ကြောင့် ငါ့ကို ရိုက်တယ်ပေါ့ "

မာထန်စွာနဲ့ တစ်လုံးချင်းစီ ပြောနေသော သူ့ စကား
တွေအောက် သား မဲ့လိုက်မိသည်။

" ဟုတ်တယ် ရိုက်တယ်... ရိုက်ရုံတင်မကဘူး
ခင်ဗျား ကိုပါ အသေ သတ်ပစ်... အင်... အင့်
....အင့်... အွန့်စ် "

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now