Part - 53 ( Zg + Uni)

1.9K 126 6
                                    

💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 53 }

" ဖြူလုံး အရုပ်မလေးနဲ့ နင့်က ဘာပြောချင်လို့လဲ...?? "

အရုပ်မလေး နဲ့ တွေ့ချင်တယ်ဆိုပြီး company
လိုက်ပို့ခိုင်းတာကြောင့် သူ့မှာ လိုက်ပို့လိုက်ရသည်။

" ကိုမဟာ....."

" ဟော ဖြူလုံးလေး လည်း ပါတာပဲ ....
လာလာ အထဲကို လိုက်ခဲ့ကြ "

company ​လည်း ​ရောက်​​ရော သူတို့ကို
တွေ့​တွေ့ချင်း အရုပ်မလေးက ဖြူလုံး ကို ချီကာ
အထဲခေါ်သွားတော့ မဟာ သူပါ လိုက်သွားရသည်။

မေသွေးခြယ် ချီထားတဲ့ ဖြူလုံး မှာ မေသွေးခြယ်
မျက်နှာကို သေချာကြည့်ကာ တစ်ခုခုကို တွေး
တောနေခဲ့သည်။

" သမီး...!! "

အရုပ်မလေး ကို သမီးလို့ ခေါ်တဲ့ ဟိုတစ်နေ့
က ဖြူလုံး ​တွေ့ဖူးတဲ့ ဘိုးဘိုးက ဖြူလုံး ရဲ့
ဘိုးဘိုး မှန်း အန်တီပုလဲ ​ပြောပြထားတာ​ကြောင့်
ဖြူလုံး သိထားပါသည်။

" သားမဟာ လာတာနဲ့ အတော်ပဲ... ဈေးကွက်ထဲ
တင်ပြမယ့် မင်း project ကို အန်ကယ် တာဝန်
ယူပေးရမလား...မင်းက စေ့စပ်ပွဲအတွက်
အလုပ်ရူပ်နေမှာဆိုတော့ "

" ရတယ် အန်ကယ်....ကျတော် အဲ့ဒီ ကိစ္စကို
ဖြူလုံး ဖေဖေ ကို တာဝန်ယူခိုင်းလိုက်မယ်....
ဖြူလုံး ဖေဖေက အခုဒီရောက်နေတယ်လေ "

" ဒါဆို ကောင်းသားပဲ သားမဟာ "

အရုပ်မလေး က သူ့ အဖေ စကားကြောင့်
မျက်နှာပျက်သွားတာကို အရုပ်မလေး ကိုယ်ပေါ်
ကနေ ဖြူလုံး သေချာမြင်နေရသည်။

အန်တီပုလဲ ပြောသလို အရုပ်မလေး ဆိုတဲ့
ဒီမိန်းမက ဖြူလုံး ဖေဖေကို ငိုအောင်လုပ်တဲ့
မိန်းမပေ။

" ဖြူလုံးလေး ဘိုးဘိုးနား သွားထိုင်နော်....
တီတီ ဖြူလုံးလေး စားဖို့ မုန့်သွားယူပေး
မယ် "

" မယူနဲ့ အရုပ်​မ​လေး...!! ဖြူလုံး မဆာဘူး "

မေသွေးခြယ် ချ​ပေးရာကနေ ဖြူလုံး​လေး
က ​ပြောပြီးဆင်းကာ အလုပ်စားပွဲမှာ ထိုင်နေသော
ဦးတိုးရှိန် ကို ဖြူလုံး က ကြည့်လိုက်၏ ။

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now