Part - 5 ( Zg + Uni)

3.2K 145 4
                                    

💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 5 }

" မေသွေးခြယ် သမီးကို ဒယ်ဒီ
တောင်းပန်လို့ ပြောနေတယ်နော်....
ဒယ်ဒီ နှစ်ခါမပြောချင်ဘူး"

စူးရှတဲ့ ဒယ်​ဒီ အကြည့်​​တွေကို သား ပြန်​လည်
တုပရင်း ​ခေါင်းယမ်းလိုက်​မိ၏ ။

" မတောင်းပန်နိုင်ဘူး ဒယ်ဒီ ....
ဒယ်​ဒီ အဲ့ဒီလောက်တောင် တောင်းပန်ချင်နေရင်
ဒီပိုင်းလုံးမ ကို ဒယ်ဒီ ပဲ တောင်းပန်လိုက်...!!! "

" ဖြန်း....!!! "

စကားအဆုံး ဦးတိုးရှိန် လက်က မေသွေးခြယ်
ပါးပြင်ပေါ်ကို ကျရောက်သွားပြီး မေသွေးခြယ်
မှာလည်း ပါးရိုက်ခံလိုက်ရတဲ့အတွက်
မျက်ရည်တွေ ကျလာခဲ့၏ ။

" ဒယ်ဒီ သား ပါးကို ရိုက်တယ်ပေါ့
ဒီမိန်းမ အတွက်နဲ့ သား ပါးကို ဒယ်ဒီ ရိုက်တယ်ပေါ့....
ဒါနဲ့ဆို နှစ်ခါရှိသွားပြီ ......ကြည့်ရတာ
ဒီမိန်းမ ထက် သား က ဒယ်ဒီ ဘဝမှာ
အရေးမပါဘူး ထင်တယ်..... "

ပြောရင်းနဲ့ သူမ လက်ထဲက လည်ဆွဲ ကို
မေသွေးခြယ် တစ်ချက်ကြည့်ကာ သူမ မျက်ဝန်းမှာလည်း
မျက်ရည်စတွေက အပြည့်ပင်.. ..။

" ဒီ လည်ဆွဲ က မာမီ အကြိုက်ဆုံး ပစ္စည်း
လေး.... အဲ့ဒါကို ဒယ်ဒီ မေ့နေတာလား
မာမီ အကြိုက်ဆုံး ပစ္စည်းကိုမှ ဒီမိန်းမ
ကို ဒယ်ဒီ ပေးရက်တယ်...."

နာကြည်းတဲ့ အကြည့်တွေနဲ့ ပြောလာတဲ့
သား ကို ဦးတိုးရှိန် ကြည့်ပြီး ရင်ထဲ
မကောင်းဖြစ်ရသည်။ သမီး ပြောသလို
သမီးလေး မာမီ ရဲ့ အကြိုက်ဆုံး လည်ဆွဲ ကို
သူ မေ့ပြီး သက်ချိုကို ပေးလိုက်​မိတဲ့ အတွက်
အခုလို သမီးလေး က မတောင်းပန်တာပင်..။
ဒါကို အခုမှ သတိရတော့ သူ့ အတွက်
အရမ်းနောက်ကျသွားပြီ။ သမီးလေးရဲ့
ပါးပြင်ဖြူဖြူလေးပေါ်မှာလည်း
သူ ရိုက်ခဲ့တဲ့ လက်ဝါးရာကြီးက နီရဲနေပြီလေ။

" ဒယ်ဒီ တောင်းပန်ပါတယ် သမီးလေး....
သမီး ကို ဒယ်ဒီ......."

" ဟင့်အင်း မတောင်းပန်နဲ့ ဒယ်ဒီ .. ဒယ်ဒီ က
ဒီနေ့ကစပြီး သား အဖေ မဟုတ်တော့ဘူး.....
သား ဘဝမှာ အဖေဆိုတာ မရှိတော့ဘူး
ဒယ်ဒီ အလုပ်တွေ များနေတဲ့ အချိန်မှာ
မာမီ ကပဲ သား လိုချင်တာတွေကို
အကုန်ဖြည့်ဆည်းပေးခဲ့တယ်....
ဒယ်ဒီ ကတော့ တစ်ချိန်လုံး အလုပ်မှ
အလုပ် ဖြစ်နေခဲ့တယ်.... သား ဘဝတစ်
လျှောက်လုံး အပြင်ထွက်ပြီး လျှောက်လည်ဖို့
ပြောတိုင်းလည်း ဒယ်ဒီ အလုပ်မအားဘူးဆိုပြီး
အမြဲတမ်း ပြောခဲ့တယ်... ..ဒီမိန်းမကိုကျတော့
လက်ထပ်တာ တစ်လမပြည့်သေးဘူး
အပြင်တွေဘာတွေပါ လျှောက်လည်လိုက်သေးတယ်
ဒီကြားထဲ ဒီမိန်းမ သမီးကိုပါ လိုချင်တာရှိရင်
ပြောတဲ့ အကုန် ဖြည့်ဆည်းပေးမယ်တဲ့.. ...
မေသွေးခြယ် ဆိုတဲ့ သားက ကြည့်ရတာ ဒယ်ဒီ
အရင်းရော ဟုတ်ကောဟုတ်ရဲ့လား ...
မယားပါ သမီးလောက်တောင် သား က ဒယ်ဒီ
ရဲ့ ဂရုစိုက်မှုကို မခံရဘူး.. ...အဲ့ဒီခံစားချက်က
လူကို တနုံ့နုံ့နဲ့ အသေသတ်နေသလိုပဲ....
ဒီနေ့ ဒီမိန်းမ ကို မာမီ လည်ဆွဲ ပေးလိုက်​လို့
ဒယ်ဒီ ကို သား အရမ်း စိတ်နာတယ်
ဒီမိန်းမ အတွက်နဲ့ သား ပါး ကို ရိုက်တဲ့
ဒယ်ဒီ ကိုလည်း သား အရမ်းမုန်းတယ်....
သား ဘဝမှာ ဒီနေ့ ကစပြီး အဖေဆိုတာ
မရှိတော့ဘူး...... "

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now