Part - 41 ( Zg + Uni)

2K 124 10
                                    

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 41  }

" ဘာ...!!  ဒယ်ဒီ ကွာရှင်းလိုက်ပြီ ဟုတ်လား..??
တကယ်လား ဒယ်ဒီ..?  တကယ်​လားဟင်​..."

" အင်း တကယ်.. ဒယ်ဒီ ကွာရှင်းလိုက်ပြီ သမီးလေး
ဒီနေ့ကစပြီး သမီးကိုပဲ ဒယ်ဒီ အချိန်ပေးတော့မယ် "

" ပျော်လိုက်တာ ဒယ်ဒီ... သား အရမ်းပျော်တာပဲ
ဒါနဲ့ ဒေါ်သက်ချို ကို ဒယ်ဒီ က ဘာလို့
ကွာရှင်းတာလဲဟင်...? "

မေးလာသော သမီးလေး စကားကြောင့် ဦးတိုးရှိန်
ပြုံးလိုက်ကာ....

" ဒီတိုင်းပဲ စိတ်အခန့်မသင့်လို့ ဒယ်ဒီ ကွာရှင်းလိုက်တာ...
နောက်ပြီး သူနဲ့ ဒယ်ဒီ နဲ့က စိတ်သဘောထားချင်း
မတိုက်ဆိုင်ကြဘူးလေ "

သား အိမ်ကို အစောကြီး လာပြီး ကွာရှင်းတဲ့
အကြောင်းတွေ ပြောနေသော ဒယ်ဒီ
စကားတွေက သား အတွက် သိပ်ကို
အားရစရာပေ။ ရင်ထဲလည်း အရမ်းပျော်ပြီး
ဒယ်ဒီ ကွာရှင်းလိုက်တာကို သား အခုထိ
မယုံနိုင်ပေ။

" ဒယ်ဒီ ကွာရှင်းခွင့်တောင်းတော့ သူ့က
မကွာပေးဘူးတွေ ဘာတွေ မလုပ်ဘူးလားဟင်​...??
နောက်ပြီး ဒယ်ဒီ ဆီက နစ်နာကြေးရော
မတောင်းဘူးလား "

" မတောင်းဘူး သမီး....ဒယ်ဒီတို့က
နှစ်ဦးသဘောတူ ကွာရှင်းကြတာလေ
ကွာရှင်းပြီးတော့ သူ့က သူ့ သမီး
မိုးလေးကို ခေါ်ပြီး ထွက်သွားရော "

"  ​ မယုံနိုင်​စရာပဲ ဒယ်ဒီ ....သားက
ဒီလိုထင်နေတာ ဒယ်ဒီတို့ ကွာရှင်းရင်
သူ နစ်နာကြေးတောင်းမှာပဲ ဆိုပြီး ....
ဟင် Mom လာပါအုံး သား သတင်းကောင်းလေး
ပြောချင်လို့ "

" မလာနဲ့ မီးငယ်လေး... .မာမီ ကိုယ်တိုင်
လာခဲ့မယ် မီးငယ်လေး က မပေါ့မပါးကြီး
နဲ့ "

ဒေါ်နန်းအိမ် ကို မြင်ရ၍ သား ချက်ချင်းထိုင်နေရာကနေ
ထလာဖို့အလုပ် ဒေါ်နန်းအိမ် က အလာမခံဘဲ
သူမ ကိုယ်တိုင် သား ရှေ့ ဦးအောင်သွားသည်။

" ပြောပါအုံး မီးငယ်လေး.... ဘာတွေ
အဲ့ဒီလောက်တောင်များ ပျော်နေရတာလဲ...??  "

" Mom... ဒယ်ဒီ..ဒယ်ဒီ ကလေ
ဒေါ်သက်ချို နဲ့ ကွာရှင်းလိုက်ပြီတဲ့ "

အမုန်းတော်ခံ သတို့သမီး On viuen les histories. Descobreix ara