Part - 10 (Zg + Uni)

2.9K 147 3
                                    

💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 10 }

ဒီနေ့ အရမ်းပျော်လိုက်တာ။
ဒေါ်သက်ချိုကြီး ကြက်ချေးစားတာကို သား
မြင်လိုက်ရတဲ့အတွက်။

ဒါတင်မကသေး သူ့ သူငယ်ချင်းတွေရှေ့မှာလည်း
ဒေါ်သက်ချို က အရှက်ကွဲသွားသေးသည်။

မနက်ကလည်း သူ့ သမီး မိုးပုလဲ က သား
လက်ချက်ကြောင့် အရှက်ကွဲတယ်လေ။

ဒါကြောင့် ဒီနေ့က သား အတွက် အပျော်ဆုံးနေ့
ပင်.....။

🎵🎵🎵 အစက တို့ နှစ်ယောက် မတွေ့ခဲ့ရင်
သိပ်ကောင်းမယ်.....
🎵🎵 အနိုင်ယူလွန်းတဲ့ နင့်ကို အရှူံးပေးခဲ့ပါတယ်...

🎼🎼 နှလုံးသားလေးလည်း သွေးထွက်လွန်ခဲ့တယ်
ဒီမှာ အသည်းကွဲ ရောဂါ ကုဖို့ ခက်ပါတယ် မင်းနဲ့...

🎶🎶 တစ်သက်စာ ဒီအလွမ်းများစွာ...
နင်ပေးခဲ့လည်း..ငါ အမှတ်မရှိသေးလို့ ....

🎼🎼 မချစ်ရင် မချစ်ဘူး ပြောခဲ့ပေါ့ .....
🎼🎼 သံယောဇဉ် မရှိဘူး ပြောခဲ့ပေါ့...

🎵🎵 တစ်ခါတစ်လေ လွမ်းလို့ ရူးချင်တယ်
ဘယ်မှာ နင့်ကို လိုက်ရှာမလဲ...??
အရာအရာကိုသာ မေ့ပစ်လိုက်ချင်တယ်

🎼🎼.တစ်ခါတစ်လေ နင့်ကို ငါ မုန်းတယ်
လူတွေ နင့် အကြောင်းမေးရင်လေ ....
နာကျင်စွာငါ ခေါင်းယမ်းမိပါတယ် 🎵🎵

ထွက်ပေါ်လာသော ဖုန်း ringtone သီချင်းသံ
လေးကြောင့် သား မကိုင်ဘဲ ကြည့်နေမိသည်။

ဒယ်ဒီ ဆီက ဆက်လာတာဆိုတော့ သား
မကိုင်ဘဲ ကြည့်ပဲ ကြည့်နေလိုက်သည်။

ဒီရက်ပိုင်း ပိုပို ရဲ့ မချစ်ရင် ဆိုတဲ့ သီချင်းလေး
ကို သား ဓာတ်ကျနေလို့ ဖုန်း ringtone
လုပ်ထားမိသည်။

တစ်ခါ ခေါ်ပြီးသွားတော့ နောက်တစ်ကြိမ် ဒယ်ဒီ
က ထပ်ခေါ်ပြန်သည်။ ထိုအခါ ပိုပို သီချင်းလေး
က ထွက်ပေါ်လာတော့ သားပါ ထိုသီချင်းလေး
ကို လိုက်ဆိုနေမိသည်။

🎵🎵🎵 အစက တို့ နှစ်ယောက် မတွေ့ခဲ့ရင်
သိပ်ကောင်းမယ်.....
🎵🎵 အနိုင်ယူလွန်းတဲ့ နင့်ကို အရှူံးပေးခဲ့ပါတယ်...

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now