Part - 49 ( Zg + Uni)

1.6K 116 8
                                    

💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 49 }

" ခြံရံ သူ့က ဘယ်သူလဲ "

မနက်စာအပြင်မှာ အတူစားချင်တယ်ပြောပြီး
ဖြူလုံးလေးအား ခြံရံ က သူ့ဆီ အပ်သွား
ခဲ့သည်။ အရုပ်မလေး ကိုလည်း မနက်စာ
အတူ စားဖို့ မဟာ သွားကြိုလိုက်ရသည်။

အခုကျတော့ မိန်းမတစ်ယောက်နဲ့ သူတို့
စားပွဲဆီ လျှောက်လာတဲ့ ခြံရံ...။

" ကျမ နာမည်က မိုးပုလဲ ပါ ကိုဘုန်းမဟာ...
ရင်းနှီးတဲ့သူ တစ်ချို့ကတော့ ပုလဲ လို့
ခေါ်ကြတယ်... ကိုဘုန်းမဟာ လည်း
ကျမ ကို ပုလဲ လို့ ခေါ်ပေါ့.... "

ရည်းစား လို့ မိတ်ဆက်ခိုင်းတာလေးကို မိတ်ဆက်
မပေးသေးဘဲ ဦးလင်း က ကြောင်နေတယ်လေ။
ဒီတော့ ပုလဲ လည်း ဝင်မိတ်ဆက်လိုက်သည်။
ထိုအခါ ဦးလင်း သူငယ်ချင်း နဲ့ မေသွေးခြယ်
က ပုလဲ ကို တစ်မျိုးကြီး ကြည့်နေကြသည်။
အဆိုးဆုံးကတော့ မေသွေးခြယ် ပင်...။
ပုလဲ ကို နာကြည်းစွာနဲ့ ကြည့်နေတယ်လေ။
ဒါ့ကို ပုလဲ အရမ်းသဘောကျတာပဲ။

" မင်းက မိုးပုလဲ နော်..... "

ခြံရံ ခေါ်လာတဲ့ မိန်းကလေး ကြောင့် ထိုင်နေရာ
ကနေ မဟာ ထလာခဲ့သည်။
မေသွေးခြယ် လည်း မဟာ နည်းတူစွာပင်။

" ဟုတ်ပါတယ် ကိုဘုန်းမဟာ... ကျမ နာမည်က
မိုးပုလဲ ပါ ရင်းရင်းနှီးနှီး ပုလဲ လို့ပဲ ခေါ်ပေါ့...
ရှင့် က ဦးလင်း သူငယ်ချင်းဆိုတော့.. ."

နာမည်ခေါ်လာပြီး ဦးလင်း သူငယ်ချင်းက
မေးလာ၍ ပုလဲ ဖြေပေးလိုက်သည်။

" ကောင်းပြီလေ...ပုလဲ လို့ ခေါ်တာပေါ့
ဒါနဲ့ နေပါအုံး မင်းက ခြံရံ နဲ့
ဘယ်လိုပတ်သက်နေတာလဲ....?? "

" ဟုတ်တယ် အန်တီ.... အန်တီ က ဖြူလုံး
ဖေဖေနဲ့ ဘာတွေလဲ..?? "

ထိုင်ရာကနေ ဆင်းပြီး ခါးထောက်ကာ ပုလဲ
ရှေ့ ရောက်လာပြီး မေးနေတဲ့ ဦးလင်း
သမီးလေး က သိပ်ကို ချစ်စရာကောင်းသည်။
မျက်ခုံးတွေက ဦးလင်း နဲ့ တူပြီး မျက်လုံးတွေက
မေသွေးခြယ် နဲ့ တူတယ်လေ... အဖေနဲ့
အမေ နှစ်ယောက်စလုံးဆီက ချောမောမှုတွေ
ရထားတော့ ဒီကလေး ချောပြီး ချစ်စရာကောင်း
တာက မဆန်းပါဘူး ။

အမုန်းတော်ခံ သတို့သမီး Where stories live. Discover now