ep (1)

1.3K 121 23
                                    

နီရှီမူရာနှလုံးသား၏ အားပြင်းသောမုန်တိုင်း
......................................................................

အထက်တန်းကျောင်းသားတစ်ယောက်၏ ရေနစ်သေဆုံးမှုသည် ကိုရီးယားပြည်ကြီးသို့ ဂယက်ရိုက်နေလေပြီ။​ထိုကျောင်းသားသည် ဂျိုမိသားစုမှ သားတစ်ယောက်ဖြစ်ပြီး အထက်တန်းလွှာ အသိုင်းအဝိုင်းကဖြစ်သည်

ရေနစ်သေဆုံးသည်က ကိုယ့်ကိုကိုယ်သတ်သေ သည်လားး လူတစ်ယောက်ကဘဲ တွန်းချသလားတော​့ သေချာစွာမသိရသေးပေ။အထက်တန်းဒုတိယနှစ်ဖြစ်၍ ထိုကောင်လေးက ရိုင်းစိုင်းသည့်သူ ထဲတွင် ပါဝင်သည်
မိဘများက တော့ လူတစ်ယောက်တွန်းချသည်ဟု အခိုင်အမာပြောဆိုခဲ့ကြသည်

" နီရှီမူရာ ''

Tv ထက်က လာနေသော သတင်းအား ဆိုဖာထက်ထိုင်ကာ စားပွဲပေါ်သို့ ခြေထောက်တင်ကာ ကြည့်နေသော ကောင်လေး။ကောင်လေးသည် ဆံပင်ဂုတ်ထောက်နှင့် ခရမ်းရောင်ကို ဆိုးထားသည် အသားဖြူသူဖြစ်ပြီး မျက်ခုံးတွေက အလိုမကျမှုတွေကြောင့် တွန့်ချိုးနေသည်

နှုတ်ခမ်းကိုလည်း တင်းတင်းစေ့ရင်း TV ကိုအာရုံစိုက်ကြည့်နေရာမှတစ်ခုခုကိုအလိုမကျမှုကြောင့် controlနှင့် TV အားနှင့် ကောက်ပေါက်လိုက်သည် ။Tv မှန်သည်အက်ရာထင်သွားသည်။

" ငါ့ကြောင့်သေတာမဟုတ်ဘူး သူ့ဘာသာဆေးကြောင်ကြောင်ပြီးသေတာ သေတာလည်းကောင်းပါတယ် ကင်မ်ဆောနူကိုမထိရဲတော့တာပေါ့ တမလွန်ကနေတော့ကြည့်မနေနဲ့ငရဲတစ်ခါတည်းလစ်တော့ ဟင်း''

ကျေနပ်စွာပြုံးလိုက်ရင်း ဆိုဖာပေါ်မှီချကာ
မျက်လုံးမှိတ်ယုံရှိသေး ph ဝင်လာသည်။

အားရှ် ဘယ်ကောင်...ဂျိတ်ဟျောင်းဘဲ။

"Hello jake hyung ဘာလဲ''

" ဂျိုမိသာစုက သားကို ''

အစ်ကိုဂျိတ်၏အသံသည် တုန်နေသည်။

" အင်း ငါဘဲ ''

" နီခီ မင်းရူးနေပြီလားး ဒါက လူသတ်မှုနော် ''

စိုးရိမ်ပူပန်သံတွေ၊ဒေါသသံတွေစွက်နေ၏။ စိတ်ပူလွန်ရန်ကော။နီရှီမူရာကဘယ်သူလဲဆိုတာမသိသည်လဲမဟုတ်ပါဘဲ။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Tahanan ng mga kuwento. Tumuklas ngayon