ep (12)

459 66 3
                                    

နီရှီမူရာ ၏ ပထမဆုံးသောစိုးရိမ်မှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုသည် ကင်မ်ဆောနူ ကြောင့်
...........................................................................

" ထစမ်း ကင်မ်ဆောနူ '

နီခီ၏ ရင်ဘတ်ထဲ အပူတိုက်ခံထားရသလို အလွန်ပင် ပူလောင်နေသည်။ မီးတွေဟုန်းဟုန်းတောက်နေပြီ။ နဖူးကနေ ဒီးဒီးကျနေသည့် ချွေးစ​တွေ၊ မျက်လုံးထဲက မျက်ရည်တွေကပါပူကျက်နေ၏ ။

နီခီအခုလိုဖြစ်နေရတာတွေသည် ကင်မ်ဆောနူ ကြောင့်ဖြစ်၏ ။ ကျောင်းဆေးခန်းက ကုတင်ပေါ် ငြိမ်သက်စွာလဲလျောင်းနေသူကြောင့်ဖြစ်၏ ။

ဖြူဖျော့နေသည့် မျက်နှာလေး၊ ပြာငမ်းနေသည့်စတော်ဘယ်ရီနှုတ်ခမ်းလေး၊ နီရဲတွတ်နေသည့် ယုန်နားရွက်ကလေး။ ကြောက်နေတာ။ ယုန်ဖြူလေးက သွေး
ကိုကြောက်ပြီးမေ့သွားတာတဲ့။

ဘာကြောက်စရာလိုလဲကိုယ့်ယုန်ဖြူလေးရယ်။ ယုန်ဖြူလေးရဲ့မှေးစေ့နုနုလေးကိုထိရဲတဲ့ အဲ့ခွေးလက်ကိုအပြစ်ပေးရုံလေးပါ။ ယုန်ဖြူလေး ကြောင့် ငရဲတောင်ပို့ခွင့်မရလိုက်ဘူး။ ရင်နာလိုက်တာ။

" ထစမ်း ကင်မ်ဆောနူ ''

နီခီကသာ ခဏခဏထရန်အမိန့်ပေးနေသော်ငြား ယုန်ဖြူလေးက မထဘဲပေကပ်နေသည်။ အဆိုးလေးရယ်ပါ။ အစွာလေးရယ်ပါ။

ထစွာပါအုံးယုန်ဖြူလေးရာ။ အဲ့အသံလေးလွမ်းနေပြီကွာ ။ ထပါတော့လို့။ လွမ်းနေပြီ။ သုံးနာရီ။ သုံးနာရီတောင်ရှိပြီ။ ကိုယ့်ယုန်ဖြူလေးရဲ့ အသံမကြားမကြားရတာ သုံးနာရီတောင်ရှိပြီ။ ကိုယ်မနေတတ်ဘူး။ မနေတတ်လို့ ထလာပေးပါတော့။

" ကင်မ်ဆောနူ ထလို့!''

နီခီသည် စိတ်မရှည်တော့သဖြင့်အသံကိုအနည်းငယ် မြှင့်လိုက်၏ ။ ကင်မ်ဆောနူ ၏ လက်တွေကို ပို၍တင်းကျပ်စွာဆုတ်ကိုင်လိုက်၏ ။

" ရေ ရေ ''

" ဟင်း''

နီခီ ပြုံးလိုက်မိ၏ ။ နီခီ့ရဲ့အသံမြှင့်လိုက်မှ ကင်မ်ဆောနူ ဆိုတဲ့ယုန်ဖြူလေးက ကြားသွားတာဖြစ်မည်။ နိုးလာလေပြီ။ ဒီလိုမှန်းသိ အစကတည်းက အသံကျယ်ကြီးနဲ့နိုးလိုက်ပါတယ်။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now