ep (19)

372 67 4
                                    

ကင်မ်ဆောနူ ၏ မျက်ရည်တွေသည် နီရှီမူရာ့နှလုံးသား ကိုငရဲမီးပမာ ပူပြင်းစေ၏

.................နီရှီမူရာနှလုံးသားဥပဒေ................

ကင်မ်ဆောနူ က ဂျီဂျွန်ဆော့နမ်းတာကို ငြိမ်ခံသည်။ တုန့်ပြန်သည်။ ကင်မ်ဆောနူ က နီရှီမူရာနမ်းတာကိုတော့ အမြဲငြင်းဆန်နေခဲ့ပြီး ဂျီဂျွန်ဆော့နမ်းတာကိုတော့ ငြိမ်ခံနေသည်တဲ့။
နီရှီမူရာ ရင်ထဲ မီးတွေ တဟုန်းဟုန်းတောက်နေပြီ။ တမြှိုက်မြှိက်လောင်ကျွမ်းနေပြီ။

ကင်မ်ဆောနူက သူ့ကို မချစ်မှန်းသိတယ်။ မှန်းမှန်းလည်းသိတယ်။ ရူးမတတ်ခံစားရပေမယ့် သူ့အဲ့ဒီအမှန်တရားကို လက်ခံပါသည်။
ဒါပေမယ့်လည်း ဒီလိုလုပ်လို့တော့ မဖြစ်ဘူးလေ........... ကင်မ်ဆောနူက သူ့အပိုင်။ နီရှီမူရာ့အပိုင်လေ။ နီရှီမူရာ မှလွဲ ကင်မ်ဆောနူ ကို ဘယ်သူမှ ထိတွေ့ခွင့်မရ။ ထိခွင့်လည်းမပေးနိုင်။

နီရှီမူရာ့ခွင့်ပြုချက်မရဘဲ ကင်မ်ဆောနူ က သူ့၏ နှုတ်ခမ်း...... နီရှီမူရာမြတ်နိုးရဆုံးအစိတ်အပိုင်းလေး နှုတ်ခမ်းဖူးတွေကို တခြားတစ်ယောက်ကို ထိတွေ့ခွင့်ပေးခဲ့တယ်။
ဆိုးလိုက်တာ။ နီရှီမူရာ့ ဒေါသတရားကို တူးဆွမိသွားပြီ။ ဒေါသမှသည် လူသတ်ချင်စိတ်ထိ တွန်းပို့လွန်းနိုင်သွားပြီ။

" ကင်မ်ဆောနူ..... ''

" မင်း..... အွန့် '

ကင်မ်ဆောနူ၏ နီရဲနေသော နှုတ်ခမ်းတွေကိုအတင်း စုပ်ယူနမ်းရှိုက်လိုက်၏။ လက်တစ်ဖက်က ကင်ဆောနူ၏ ခေါင်းအားထိန်းပေးရင်း ဆံနွယ်တွေကို ထိုးဖွကာ နှုတ်ခမ်း တွေကို သိမ်းယူပြစ်၏ ။ ဒီနှုတ်ခမ်းတွေက နီရှီမူရာ့အပိုင်။

ချိုမြိန်သော၊ အိစက်သော၊ နူးညံ့သော နှုတ်ခမ်းတွေက နီရှီမူရာ့အပိုင်။ နီရှီမူရာတစ်ယောက်သာ ခြယ်လှယ်ခွင့်ရှိသည်။ နီရှီမူရာ တစ်​ယောက်သာ နမ်းရှိုက်ခွင့်ရှိ၏ ။

"...........''

လွှတ်။ဖယ်။

ကင်မ်ဆောနူ ငြင်းပါသေးသည်။ ဒါပေမယ့်.....ဒါပေမယ့်......... သူ့ကိုယ်သူမထိန်းချုပ်နိုင်ဘူး။ သူ ဒီအထိအတွေ့လေးကို သဘောကျနေမိ၏။ရူးလောက်အောင်သဘောကျနေမိ၏ ။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Tahanan ng mga kuwento. Tumuklas ngayon