ep(4)

666 81 12
                                    

ကင်မ်ဆောနူ ကို ထိတွေ့နေတဲ့အမှုန်အမွှားတွေကိုတောင် သတ်လို့ရရင်သတ်ချင်တယ်။

........................................................................
ကင်မ်ဆောနူ၏ နေ့ရက်တွေကတော့ပုံမှန်လှည်ပတ်နေသည်။

နီရှီမူရာ ၏ စက်ကွင်းတွင်သာလှည်ပတ်နေရသည်ပြောရင်ပိုမှန်လေမလား။

မနက်တွင် နီရှီမူရာ သည်ကျောင်းလာကြိုပေးသည်။

တစ်နေ့လုံး နီရှီမူရာ၏ အကြည့်၊အနီးအနားတွင်သာ နေရသည်။

အသက်ရှုရတာတောင်ခက်ခဲသည်အထိနေရခက်ပေမယ့် သူ့မှာငြင်းဆန်ခွင့်မရှိခဲ့ဘူး။

ဒီလိုဘဲ မချစ်သော်လည်းအောင့်ကာ နမ်း ရှင်သန်နေမိသည်ပေါ့။

ဘာလိုလိုနဲ့ ဒီနေ့တစ်ရက်တာအတွက်တော့ နီရှီမူရာဆီမှထွက်လို့ရချိန်တန်ပြီ။

ညနေကျောင်းဆင်းချိန်ရောက်ပြီလေ။

ကျောင်းဆင်းချိန်ရောက်လာပြီဖြစ်၍ ပေါ့ပါးသောစိတ်တွေနှင့် ဆောနူ အတန်းထဲမှ ထွက်လာသည်

စိတ်တွေပေါ့ပါးဆို...... ​ဒီနေ့ နီရှီမူရာ သည်နေ့လယ်ကတည်းက ဆောနူဘေးရှိမှမနေဘဲ။

အခုထိပြန်မလာသေးပေ။

ဘာဘဲ ဖြစ်ဖြစ်ပါ။ ဆောနူ စိတ်အေးချမ်းသည်။

နီရှီမူရာအနားတွင်မရှိရသည့် ဆောနူ၏ ဘဝကြီးက သာယာလွန်းသည်။

" တကယ်ကောင်းတဲ့ ခံစားချက်ကလေးဘဲ''

စိတ်တွေလွပ်လပ်နေသည်။

" ဟင်း ''

ဆောနူ စိတ်လိုအားရတစ်ချက်ပြုံးလိုက်သည်။ ဆောနူ တကယ်ပျော်နေတာ။

သို့သော်လည်း ကံကြမ္မာကြီးက ဆောနူကို ပျော်ရွှင်ခွင့်ပေးချင်ပုံမရ။

ကျောင်းဝင်းရောက်တော​့ မြင်လိုက်ရသည့်မြင်ကွင်းတွေ။

ကားအကောင်းစားကြီးတွေ နှင့် ကိုယ့်​သားသမီးများအား လာကြိုနေကြသည်

အဆင်ပြေလား ၊ပျော်ရဲ့လား၊ အတူညစာစားမယ်၊ သားကြိုက်တဲ့ဟင်းချက်ထားတယ်

ဆိုသည့်မိဘတွေ၏ အသံတွေ၊ ကြည်နူးနေသည့်အပြုံးတွေ၊ နွေးထွေးသည့်မေတ္တာတွေ။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now