ep (6)

575 90 21
                                    

ကင်မ်ဆောနူ၏ နှုတ်ဖျားက ထွက်လာသည့် အမုန်းစကားကိုတောင် နီရှီမူရာ​ကချစ်နေမိပြန်ရော။

.........................................................................

ယနေ့ အိမ်ကို ဒယ်ဒီပြန်လာမည်ဟု နီခီသိရ၏ ။

" လာကြို'' ဟု တစ်ခွန်းပြတ်အမိန့်ပေး၏ ။

စိတ်ပျက်ဖို့ကောင်းပေမယ့်လည်း '' သြော် ငါ့အဖေပါ '' ဆိုတာကို မမေ့သွားရအောင်လာကြိုရန်ထွက်ခဲ့၏ ။

ကိုယ့်ဘာသာပြန်လာတတ်ရဲ့သားနဲ့။ နီခီကို အလုပ်ရှုပ်အောင်လုပ်နေတာ။

နီရှီမူရာ ဆိုတဲ့သူက အားတာမဟုတ်ဘူး။

ကင်မ်ဆောနူ ကိုကြိုရ၊ ကင်မ်ဆောနူ ကိုကြည့်ရ၊ ကင်မ်ဆောနူ ကိုငေးရ၊ ကင်မ်ဆောနူ ကိုပြန်ပို့ရ၊ ကင်မ်ဆောနူ အကြောင်းတွေးရ၊ ကင်မ်ဆောနူ အကြောင်းအိပ်မက်မက်ရနဲ့ အလုပ်တွေမှ ပုံလို့။

" အားရှ် စိတ်ပျက်တယ် ''

အလုပ်အားလုံးဖျက်ပြီး လာခဲ့ရသည့်ဒီနေရာကလည်း ဆူညံပြီး လူရှုပ်နေသော လေဆိပ်
​ဖြစ်နေ၍ နီခီ့၏ စိတ်တွ ကြည်လင်မနေပါ။

ကောင်တာရှေ့တွင်ခပ်လျှောလျှောမှီရပ်ကာ ဖုန်းထဲ မှ ကင်မ်ဆောနူ ၏ ဓာတ်ပုံတွေအားကြည့်နေသည်။

ဆူပုတ်နေသည့်ကင်မ်ဆောနူ၊ ထမင်းစားနေသည့်ကင်မ်ဆောနူ၊ စာကိုသေချာအာရုံစိုက်နားထောငိနေသည့်ကင်မ်ဆောနူ။

ဖုန်း စခရင်မ်ပေါ် တစ်ပုံပြီးတစ်ပုံ ရွှေ့ကြည့်နေသည့် နီရှီမူရာ ၏ မျက်နှာထက် တောက်ပသောအပြုံးလေးတွေဝေနေ၏ ။

" ဟင်း ကင်မ်ဆောနူ ကင်မ်ဆောနူ...... ချစ်စရာကောင်းမှုတစ်သန်းနဲ့ နီရှီမူရာကို ရူးအောင်လုပ်နေတာဘဲ ''

ညီးညူသံသာပြုနေသော်ငြား နီခီအပြုံးမပျက်ခဲ့ပါ။

အတန်ကြာသည်အထိ ကင်မ်ဆောနူ ကို ကြည့်ပြီး သူပြုံးနေခဲ့သည်။

သို့သော် လေဆိပ်ထဲ ဝင်လာသည့် လူကြီးတစ်ယောက်ကိုနီခီမြင်လိုက်ချိန်တွင်တော့ နီခီ၏အပြုံးတွေ ရုတ်ချည်းမှေးမှိန်သွားကာ မျက်နှာထားက တင်းမာသွားသည်။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now